သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-06-24
ကမ္ဘာတဝှမ်းက ဒုက္ခသည်တွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုတဲ့ အွန်လိုင်းဆွေးနွေးပွဲတခုကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် Wilson Center အဖွဲ့က ကမကထပြုလုပ်ပြီး မနေ့ညက ဆွေးနွေးကြပါတယ်။
2020-06-24
ကယားပြည်နယ်မှာ အစိုးရအသိအမှတ်ပြု ကတ်ပြားတစ်ခုမှ မကိုင်ဆောင်ထားသူ နှစ်သောင်းဝန်းကျင်ရှိနေပြီး လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့် ဆုံးရှုံးသွားနိုင် တာကြောင့် အစိုးရက ကူညီဖြေရှင်းပေးဖို့ နိုင်ငံရေးပါတီက ပြောဆိုနေကြပါတယ်။
2020-06-24
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အင်တာနက် ဖြတ်တောက်ခံရမှု တစ်နှစ်ပြည့်အနေနဲ့ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့မှာ ဆန္ဒပြခဲ့ကြပြီး အဲဒီထဲက ခြောက်ဦးကို အမှုဖွင့်ထားပါတယ်။
2020-06-24
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလက်ချောင်းဖျားမှာရှိတဲ့ ကျေးရွာ ၂၀ ကျော်က ချင်းတိုင်းရင်းသား သုံးထောင်ကျော် လောက်ဟာ တိုက်ပွဲတွေဖြစ်လို့ ထွက်ပြေးနေရပြီး စားနပ်ရိက္ခာ ပြတ်လပ်တာကြောင့် ရှမ်းကုန်းနဲ့ မင်္ဂလာဒုံကျေးရွာ တွေကို ရောက်လာကြပါတယ်။ နယ်စပ်ရေးရာဝန်ကြီးကတော့ သူတို့ ဝန်ကြီးဌာနကို ခွင့်ပြုချက်တောင်းသူတွေ ကိုတော့ ရိက္ခာသယ်ခွင့်ပေးတယ်လို့ ပြောပါတယ်။
2020-06-23
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျော်ဒန်နိုင်ငံမှာ စက်ရုံတချို့ပိတ်ခဲ့ရတဲ့အတွက် ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ အလုပ်လက်မဲ့ဖြစ်ပြီး ဒုက္ခရောက်နေကြပါတယ်။နိုင်ငံတကာ လေကြောင်းလိုင်းတွေလည်း ရပ်ဆိုင်းထားတာကြောင့် နေရပ်မပြန်နိုင်ဘဲ အားကိုးရာမဲ့ဖြစ်နေကြပါတယ်။
2020-06-23
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းခါးနဲ့ လွယ်ခမ်ကျေးရွာ အတွင်းက ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးချက်လုပ်တာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေထဲက အချို့ကို ကွတ်ခိုင်မြို့မှာ ဒီကနေ့ မနက်ပိုင်းက ဖျက်ဆီးခဲ့ပါတယ်။
2020-06-23
စစ်ရေးဆိုင်ရာ လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ လူမျိုးရေး အမုန်းတရားတွေကို အင်တာနက်ကနေ လှုံ့ဆော်မှုတွေရှိနေ တာကြောင့် ရခိုင်ပြည်နယ်မှာ အင်တာနက် ပြန်ဖွင့်ပေးဖို့ အစိုးရကို တိုက်တွန်းမှာ မဟုတ်သေးဘူးလို့၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောလိုက်ပါတယ်။
2020-06-23
လာမယ့်ရက်ပိုင်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ အားလုံး ရန်ကုန်မြို့မှာ တွေ့ဆုံဖို့ရှိနေပါတယ်။ ရခိုင်ပြည်နယ်ကိုယ်စားပြုတဲ့ နိုင်ငံရေး ပါတီတချို့က ရခိုင်ပြည်နယ်က ရွေးကောက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြဖို့ရှိတယ်လို့ ပြောပါတယ်။
2020-06-22
ချင်းပြည်နယ် ပလက်ဝဒေသက စစ်ဘေးဒုက္ခသည်တွေအတွက် ဆန်အိတ် ၃၅၂၈ အိတ် အပြင် ပဲ၊ ကြက်သွန်နီ၊ ဆီ၊ ဆားနဲ့ Covid-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ဆေးတွေ တနင်္ဂနွေနေ့က ရောက်ရှိသွားပါတယ်။
2020-06-22
အပစ်အခတ်ရပ်စဲထားတဲ့ လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ်တွေ ရန်ကုန်မြို့မှာ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2020-06-22
ရခိုင်မြောက်ပိုင်းက ရဲကင်းစခန်းတချို့ကို AA ရဲ့တိုက်ခိုက်တာခံရပြီးနောက်ပိုင်း အမှုဖွင့်ဖို့ ရဲစခန်းကိုလာရောက် တိုင်တယ်ဆိုရင်တောင်မှ ရဲစခန်းတံခါးကို ဖွင့်မပေးရဲဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယရဲချုပ် (၁) ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက ပြောပါတယ်။
2020-06-22
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာအနီးမှာ မနေ့က တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရတာကို အကြောင်းပြုလို့ အဲဒီစစ်ကြောင်းက ပြန်လည်ပစ်ခတ်ရာမှာ အပေါက်ဝရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေ ကျရောက်လို့ အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျေးရွာသားတွေကပြောပါတယ်။
2020-06-21
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ် ရှစ်မြို့နယ်မှာ အင်တာနက် ဖြတ်တောက်ထားတာ ဒီနေ့ တစ်နှစ်တိတိ ပြည့်သွားပြီဖြစ်တာကြောင့် အင်တာနက်ပြန်ဖွင့်ပေးဖို့ အရပ်ဘက် အဖွဲ့အစည်းတွေ အွန်လိုင်းလူမှုကွန်ရက်မှာ ဆန္ဒပြခဲ့သလို စစ်တွေမြို့မှာလည်း အင်တာနက်ပြန်ဖွင့်ဖို့ လှုံ့ဆော်ခဲ့ကြပါတယ်။
2020-06-19
မြန်မာနိုင်ငံမှာ ဇွန်လ ၁၉ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူ ၂၃ ဦး ထပ်မံတွေ့ရှိရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုတဲ့အတွက် ဒါဟာ စံချိန်တင် တွေ့ရှိမှုဖြစ်ပါတယ်။ အဲဒီလူအားလုံးဟာ ထိုင်းကတဆင့် ကရင်ပြည်နယ်ကို ဖြတ်ပြီး ပြန်လာသူတွေပါ။
2020-06-19
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လိပ်ဆင်းပြင်ကျေးရွာသားတစ်ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုက ဇွန်လ ၁၁ ရက်နေ့ကတည်းဖမ်းဆီးသွားတာ ဒီနေ့အထိပြန်လွှတ်ပေးတာမရှိသေးဘူးလို့ မိသားစုက RFA ကိုပြောပါတယ်။