သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-08-18
ရခိုင်ပြည်နယ်အတွင်း သိမ်းဆည်းခံ ထားရတဲ့ လယ်ယာမြေပြဿနာတွေ ကို ဖြေရှင်းပေးနိုင်မှု အားနည်းနေတဲ့အတွက် ရခိုင်ပြည်နယ် အစိုးရအနေနဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဖြေ ရှင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ဒီကနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေး မှာ လက်ခံဆွေးနွေးဖို့ သဘောတူလိုက်ပါတယ်။
2014-08-17
ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက် အကောင်အထည်ဖေါ်ရေးကော်မတီ၊ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းနဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့ UNA တို့ လက်နက်ကိုင် တိုင်းရင်းသား များနဲ့ အစိုးရ တို့ရဲ့ နိုင်ငံရေးအဆင့် ဆွေးနွေးပွဲအတွက် လိုအပ်မယ့် နိုင်ငံရေးအခြေခံ မူဘောင်တွေ ရေးဆွဲဖို့ ညိုနှိုင်းဆွေးနွေးကြ မယ်လို့ မနေ့က ဆုံးဖြတ်ခဲ့ကြပါတယ်။
2014-08-17
ထိုင်းနိုင်ငံ စမုတ်ပရာကန်မှာ အဝတ်အထည် ဆိုးဆေး စက်ရုံ တစ်ရုံက ဘွိုင်လာအိုးကြီးတစ်လုံး ပေါက်ကွဲခဲ့ တာကြောင့် မြန်မာအများစုပါဝင်တဲ့ အလုပ်သမား ၂၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
2014-08-17
ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ်က လယ် သမားတွေ လယ်ယာမြေထဲမှာဆောက် ထားတဲ့ တဲတွေမဖျက်သိမ်းရင် ဥပဒေအရ အရေးယူမယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဒီနေ့ အကြောင်းကြားတယ်လို့ လယ်သမားတွေက ပြောကြ ပါတယ်။
2014-08-17
အကျဉ်းကျခံနေရတဲ့ သတင်းသမားတွေ အရေးနဲ့ပတ်သက်ပြီး ညှိနှိုင်းဖြေရှင်းပေး မယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ဒီကနေ့ မြန်မာနိုင်ငံသတင်းစာဆရာ တာဝန်ရှိသူတွေနဲ့ ဒီနေ့တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။
2014-08-17
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ ရှေ့လာမယ့် စက်တင်ဘာလ ထဲမှာ အပြီးသတ် ဆက်လက်ဆွေးနွေးဖို့ရှိသေးကြောင်း နှစ် ဖက်ခေါင်းဆောင်တွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောကြားကြပါတယ်။
2014-08-17
နိုင်ငံရေးအကျဉ်းသား အနက်အဓိပ္ပါယ်ဖွင့် ဆိုချက် အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့အစည်းတွေက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဓမ္မပီယကျောင်းတိုက်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2014-08-17
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် က ရေဘေးဒုက္ခသည်တွေဟာ ဖျားနာပြီး ဝမ်းလျှောတဲ့ ဝေဒနာတွေ ခံစားနေရတယ် လို့ ဒီနေ့ လှည်းကူးမြို့နယ်မှာ သွားရောက်ကူညီခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေက ပြော ပါတယ်။
2014-08-17
"ပီအာ ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်" အကြောင်း ဆွေးနွေးဟောပြောပွဲကို ပဲခူးတိုင်းဒေသကြီး နတ္တလင်းမြို့ သာစည်ရပ်ကွက်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2014-08-17
ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့ တရုတ် ဘုံကျောင်းက နှစ်စဉ်ကျင်းပတဲ့ တရုတ် ရိုးရာ တစ္ဆေကြီးပွဲမှာ မနေ့မနက်က ဆန်ထုပ်တွေ လှူ ဒါန်းဝေငှခဲ့ရာမှာ လာရောက် အလှူခံခဲ့ကြသူ မြန်မာနိုင်ငံ သား နှစ်သောင်းနီးပါး ရှိတယ်လို့ သိရပါတယ်။
2014-08-17
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမတ်များ ဦးဆောင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ အသစ်ရေးဆွဲ ရေးကို အခုလအတွင်းစတင်ဆောင် ရွက်မှာဖြစ်ပြီး၊ ၆ လအတွင်း ပြီးစီးအောင်ရေးဆွဲမယ်လို့ ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ အမတ်များအဖွဲ့က RFA ကို ပြောပါတယ်။
2014-08-16
မြန်မာအစိုးရဟာ လာမယ့်ပွင့်လင်းရာသီ မှာ နယ်စပ်ကုန်သွယ်ရေး ဂိတ်သစ် ၃ ခု ထပ်မံ ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြော ပါတယ်။
2014-08-16
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် အတွင်းက ရွာပေါင်း ၄၀ ကျော်လောက် ရေ ကြီးရေလျှံနေပြီး လယ်ဧကပေါင်း ၂၀၀၀၀ ကျော်လောက် ရေနစ်မြုပ်နေ တယ်လို့ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
2014-08-16
သြဂုတ်လ ၁၅ ရက်နေ့က မန္တလေးတိုင်းဒေ သကြီး စဉ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာ မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေအကြား ပဋိပက္ခဖြစ်ခဲ့ကြ ရာမှာ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖေါက် ခဲ့တဲ့ အတွက် ကျေးရွာသားတချို့ ဒဏ်ရာရခဲ့တာကြောင့် စဉ့်ကူးမြို့နယ် လက်ပံလှရဲစခန်းမှာ ရွာသားတွေက သွားရောက်အမှုဖွင့်ရာမှာ လက်မခံခဲ့ဘူးလို့ သိရပါတယ်။
2014-08-16
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ဒုတိယမြောက်နေ့အဖြစ် ဒီကနေ့ ဆက်လက်ဆွေးနွေးခဲ့ရာမှာ တိုးတက်မှုတွေ ရရှိခဲ့ပြီး၊ ဆွေးနွေးမှုရလာဒ်ကို မနက်ဖြန်မှာ ထုတ်ပြန် သွားမယ်လို့ ဆွေးနွေးပွဲတာဝန်ရှိသူတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။