သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-09
ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ နမ့်ဆန်မြို့နယ် ခေးခင်ကျေးရွာ အုပ်စု အောက်မန်ဝဲ ကျေးရွာ တစ်ဝိုက်မှာ တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် အဲဒီဒေသတစ်ဝိုက်ကနေ နမ္မတူမြို့ကို တိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် ဦးရေဟာ တစ်ရက်အတွင်း ၂၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။
2017-08-09
ဘာသာတရားကို ခုတုံးလုပ်အသုံးချပြီး အငြင်းပွားတာတွေ၊ အမုန်းပွားစေမယ့် စကားပြောတာတွေ နဲ့ မဟုတ်မမှန် ဝါဒဖြန့်တဲ့အပေါ် ထောက်ပံ့ကူညီသူတွေ ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ် ချကြောင်း ရန်ကုန်မြို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ပြုလုပ်တဲ့ ဘာသာပေါင်းစုံညီလာခံကြီးက သြဂုတ်လ ၈ ရက်နေ့ မနေ့က ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။
2017-08-09
ဆန္ဒပြရာမှာ ပါဝင်တဲ့ ကျောင်းသား ကျောင်းသူတွေကို ကျောင်းထုတ်နိုင်အောင် ပြဌာန်းထားတဲ့ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်ပါ နိုင်ငံရေး ဆူပူမှုဆိုင်ရာ ပြစ်မှုတွေကို လက်ရှိပညာသင်နှစ် ကစပြီး ပညာရေး ဝန်ကြီးဌာနက ပယ်ဖျက်လိုက်ပါတယ်။
2017-08-09
မွန်ပြည်နယ်လွှတ်တော်မှာ အများဆုံးရောက်ရှိတဲ့ တိုင်စာတွေကတော့ ကျေးရွာမီးလင်းရေးကော် မတီတွေ ငွေစာရင်း မရှင်းတဲ့ကိစ္စတွေဖြစ်တာကြောင့် ပြည်နယ် အစိုးရက အဲဒီကိစ္စတွေကို စစ်ဆေးဖြေရှင်းပေးဖို့ တိုက်တွန်းသွားမယ်လို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိက ပြောပါ တယ်။
2017-08-09
ကယားပြည်နယ် ၈၈ မျိုးဆက်အင်အားစု အဖွဲ့ဝင် ၁၀၀နဲ့ မျိုးဆက်သစ်လူငယ်တွေ၊ စိတ်ပါဝင်စား သူတွေ စုစုပေါင်း အယောက် ၆၅၀ ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေအဖြစ် ဒီကနေ့ အဆိုပြုလွှာ တင်လိုက်ကြပါတယ်။
2017-08-08
စိန်နဲ့မြ ကို အထူးကုန်စည်ခွန်ကောက်ခံရာကနေ ကင်းလွတ်ခွင့်ပြုဖို့နဲ့ ရွှေစင်ရွှေတုံးတွေကို ကုန်သွယ်လုပ်ငန်းခွန်ကနေ ကင်းလွတ်ခွင့်ပြုဖို့အတွက် ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
2017-08-08
ရာသီတုပ်ကွေးရောဂါ H1N1 ဟာ ပြီးခဲ့တဲ့ ၅ နှစ်တာကာလထက် ဖြစ်ပွားနှုန်း ၂ ဆကျော်ရှိတဲ့ အတွက် ထူးကဲအဆင့် outbreak လို့ သတ်မှတ်ထားတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန က ပြောပါတယ်။
2017-08-08
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်တွေအကြား မနေ့က တင်းမာမှုဖြစ်ပွားခဲ့ပြီး အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက အခြေအနေတွေကို အချိန်မီထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
2017-08-08
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ မန်တုံမြို့မှာ ဒေသခံတွေ သွားလာမှုတွေကို သြဂုတ် ၅ ရက်ကစပြီး တပ်မတော်က ပိတ်ထားတဲ့အတွက် အခက်ခဲဖြစ်နေတယ်လို့ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကနေ သိရပါတယ်။
2017-08-08
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်မှာ အခု လ ၆ ရက်နေ့ ညက ရဲတပ်သားတစ်ဦးက နေအိမ်ထဲဝင်ပြီး သေနတ်နဲ့ပစ်ခတ်တာကြောင့် အမျိုးသား နှစ်ဦး သေဆုံးပြီး သုံးဦးကတော့ ဒဏ်ရာရရှိသွားပါတယ်။
2017-08-08
ဒီကနေ့ ကျရောက်တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ၂၉ နှစ်ပြည့်အခမ်းအနားကို ၈၈ မျိုးဆက် ကျောင်း သားဟောင်းတွေက ဦးစီးပြီး ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်က ဓမ္မပီယကျောင်းမှာ ကျင်းပပြီး သြဂုတ်လ ၈ ရက်နေ့ကို မြန်မာ့ ဒီမိုကရေစီနေ့အဖြစ် တရားဝင် သတ်မှတ်ဖို့ အပါအဝင် အချက် ၃ ချက်ကို အစိုးရနဲ့ လွှတ်တော် ကို တောင်းဆိုလိုက်ပါတယ်။
2017-08-08
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြေညာချက်တစ်စောင်ကို ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
2017-08-07
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်တွေမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေ နဲ့ပတ်သက်ပြီး ပြည်နယ်အဆင့်လုံခြုံရေး ဆိုင်ရာ ကော်မတီအစည်းအဝေးတစ်ရပ်ကို ဒီနေ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့ကြပါတယ်။
2017-08-07
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှု ဒီနေ့ရုံးချိန်းမှာ တရားလိုဦးကျော်မျိုးရွှေကို ချမ်းမြသာစည်အမှတ်(၁၀) ရဲစခန်း က နိုင်ငံတော်အကြည်ညိုပျက် စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းဆီးလိုက်ပါတယ်။
2017-08-07
ပညာရေးတက္ကသိုလ်ဆင်း ကျောင်းသူကျောင်းသားတွေကို ဆရာဆရာမအဖြစ် ခန့်ထားမှုနောက် ကျတဲ့အတွက် မနေ့က ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေနဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ ရန်ကုန်မြို့က ပညာရေးတက္ကသိုလ် အစည်းအဝေးခန်းမမှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးပြီး ပြေလည်မှု ရရှိသွားပါတယ်။