သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-19
ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနဲ့ ပတ်သက်ပြီး ရခိုင်ပြည်သူလူထုရဲ့ ဆန္ဒကို လက်ရှိအစိုးရက အလေးထားစဉ်းစားမှု အားနည်းတယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း က ဒီနေ့ ပြောပါတယ်။
2017-12-19
ရခိုင်ပြည်နယ် မောင်တောဒေသကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရောက်ရှိနေသူတွေကို ပြန်လည် လက်ခံရေးအတွက် အထောက်အကူပြုအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေပါတယ်။
2017-12-19
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ AAC မဟာမိတ်အဖွဲ့ကို ပြန်လည်ထူထောင်ပေးဖို့ မြန်မာအလုပ်သမား ၁ ထောင်လောက်က ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့မှာ ဒီကနေ့ တောင်းဆိုခဲ့ကြပါတယ်။
2017-12-19
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ပုဂ္ဂလိကယာဉ်များ စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌကို သေနတ်သမား ၄ ယောက်က ဒီကနေ့ နေ့လည်ပိုင်းမှာ ပစ်ခတ်တာကြောင့် သေဆုံးသွားတယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
2017-12-19
လာမယ့်ဇန်နဝါရီလကုန်လောက်မှာ ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံကို တစ်ဖွဲ့ချင်းစီ မဟုတ်ဘဲ မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ ပါဝင်တဲ့ FPNCC ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီအနေနဲ့ ဖိတ်ကြားလာမယ်ဆိုရင် တက်ရောက်မယ်လို့ TNLA ဗိုလ်မှူးချုပ် တာဖုန်းကျော်က ဒီနေ့ ပြောပါတယ်။
2017-12-18
အကယ်၍ မြန်မာခေါင်းဆောင်တွေရဲ့ ရိုဟင်ဂျာတွေအပေါ်ပြုမူမှုတွေဟာ လူမျိုးတုံးသတ်ဖြတ် မှုမြောက်တယ်လို့ တရားရုံးတစ်ခုခုက ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူ့အနေနဲ့ အံသြမှာမဟုတ်ဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအရာရှိ ဇိရက်ဟူစိန်က BBC ရုပ်မြင်သံကြား မေးမြန်းခန်းတစ်ခု မှာ ပြောကြားလိုက်ပါတယ်။
2017-12-18
ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ခေါ်ရေးကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆွေးနွေးနေ တဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာလထဲမှာပဲ နောက်ထပ် ရိုဟင်ဂျာကျေးရွာပေါင်း ၄၀ ကျော် မီးရှို့ဖျက်ဆီးတာခံလိုက်ရတယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဒီနေ့ စွပ်စွဲပြောလိုက်ပါတယ်။
2017-12-18
ရိုက်တာသတင်းထောက် ၂ ဦးဟာ ထောင် ဖမ်းခံရတာဖြစ်နိုင်ကြောင်း အင်န်အယ်လ်ဒီပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က ဒီနေ့ ပြောပါတယ်။
2017-12-18
ကရင်အမျိုးသားတွေအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို သတ္တိရှိရှိ ရဲရဲရင့်ရင့် နဲ့ လျှောက်လှမ်းနေတာကို ဝမ်းမြောက်ဂုဏ်ယူကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။
2017-12-18
ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးတွေကို ပြည်သူလူထုအခြေပြုအနေနဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ကစပြီး ရပ်ကွက်/ကျေးရွာတွေမှာ ထိုးနှံပေးနေတာ မနေ့ကအထိ ၇၉% လောက် ထိုးနှံပေးပြီးဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက် တာအောင်ကျော်မိုး က ဒီနေ့ ပြောပါတယ်။
2017-12-18
မနေ့က ပင်လုံမြို့မှာ ကျင်းပဖို့ စီစဉ်ခဲ့တဲ့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ အကြို လူထုဟောပြောပွဲကို တပ်မတော်ဘက်က တားမြစ်မှုတွေရှိခဲ့ပေမယ့် ရှမ်းပြည်ညီညွတ်ရေး ကော်မတီ CSSU ရဲ့ မူလလျာထားချက်အတိုင်း ရှမ်းလူမျိုးတွေ အများအပြားနေထိုင်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ဟောပြောပွဲတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဦးစိုင်းကျော်ညွန့်က ဒီနေ့ ပြောပါတယ်။
2017-12-18
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင် စီ RCSS/SSA တို့အကြား လက်နက်ကိုင်ပဋိပက္ခတွေ ကို ဖြေရှင်းနိုင်ဖို့အတွက် နှစ်ဖက်တွေ့ဆုံမယ့် ရက်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ PSLF/TNLA က ဒီကနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2017-12-17
ရိုက်တာသတင်းဌာနက သတင်းထောက် ၂ ဦးကို သမ္မတရုံးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ နဲ့ တရားစွဲဆိုတာဖြစ်တယ်လို့ သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီနေ့ ပြောပါတယ်။
2017-12-17
၈၈ မျိုးဆက်ကျောင်းသားတွေ ပါဝင်မယ့် နိုင်ငံရေးပါတီကို ရှစ်လေးလုံးပါတီလို့ နာမည်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ဒီလအတွင်း ပါတီမှတ်ပုံတင်သွားမယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမင်းဇေယျာ က ဒီနေ့ ပြောပါတယ်။
2017-12-17
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ခွန်ဆိုင်ယန်ရွာအနီး တနိုင်းလီဒိုလမ်းမပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ က ကေအိုင်အေလက်နက်ကိုင်အဖွဲ့ က ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတွေ ရဲ့ မြေသယ်ယာဉ် ၉ စီးကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးရဲ့ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လွင်မောင်သိန်း က ဒီနေ့ ပြောပါတယ်။