သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-22
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စက်တင်ဘာလ ၁၄ ရက်နေ့က စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတဲ့ လူငယ်ခြောက်ဦးထဲမှ အသက် ၂၄ နှစ်အရွယ် ကိုစိုးမောင်မောင် ဟာ သုံးရက်အကြာ စက်တင်ဘာလ ၁၇ ရက်နေ့မှာ သေဆုံး သွားတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
2021-09-22
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ မြင်းသည်ရွာနားက Mytel တာဝါတိုင် ကို စက်တင်ဘာလ ၂၂ ရက် ဒီနေ့မနက်ပိုင်းမှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ အာဏာရှင် စနစ် တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့က ပြောပါတယ်။
2021-09-22
စစ်တပ်က အာဏာသိမ်းယူလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ စက်တင်ဘာလအထိ စစ်ကောင်စီရဲ့ ပစ်ခတ် သတ်ဖြတ် ဖမ်းဆီးမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၂၀၀၈၀၀ ဦးရှိလာပြီဖြစ်တယ်လို့ ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က စက်တင်ဘာလ ၁၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
2021-09-21
မကွေးတိုင်း၊ စလင်းမြို့နယ် အမျိုးသားသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ အမှတ် (၂) တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးသက်ခိုင်ကို စစ်ကောင်စီက စက်တင်ဘာလ ၂၁ ရက် မနေ့မှာ ဖမ်းသွားပါတယ်။
2021-09-21
Freedom House အဖွဲ့နဲ့ Freedom of Expression Myanmar အဖွဲ့တို့ ပူးပေါင်း ထုတ်ဝေလိုက်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ဖောဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း အင်တာနက် လွတ်လပ်ခွင့်အခြေအနေ ထိုးကျသွားပြီး အရင်နှစ်ကထက် အဆင့် ၁၄ ဆင့်လောက် ကျဆင်းသွားတာ တွေ့ရပါတယ်။
2021-09-21
မြန်မာပြည်သူတွေရဲ့ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေအတွက် မိမိတို့ဆက်ပြီး မဆုတ်မနစ် အားပေးကူညီထောက်ပံ့ နေမယ်ဆိုတာ သေချာအောင်ဆောင်ရွက်ကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူးတားရပ်စ်က ပြောလိုက်ပါတယ်။
2021-09-21
ရခိုင်ပြည်နယ်မှာ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ ကုသရေးဟာ အများ ပြည်သူနဲ့ သက်ဆိုင်တဲ့ကိစ္စ ဖြစ်တာကြောင့် ဘယ်အဖွဲ့နဲ့မဆို ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခက RFA ကို ဒီနေ့ပြောပါတယ်။
2021-09-21
စစ်ကိုင်းတိုင်း ကလေးမြို့ စက်မှုဇုန်ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၄၀ အရွယ် ဦးကျော်မင်းဦးဟာ စက်တင်ဘာလ ၁၄ ရက်နေ့က ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ မိသားစုဝင်တွေက RFA ကို ဒီနေ့ ပြောပါတယ်။
2021-09-21
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်စာရေးကျေးရွာက အသက် ၄၀ ခန့်အရွယ် ဦးနိုင်နိုင်ဝင်း ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၂၁ ရက် ဒီနေ့မနက် ၁၁ နာရီလောက်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-21
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကို ၂၀၂၁ ခုနှစ် Sean MacBride ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်တယ်လို့ ဂျာမနီနိုင်ငံအခြေစိုက် နိုင်ငံတကာငြိမ်းချမ်းရေးအဖွဲ့ (IPB) က စက်တင်ဘာလ ၁၃ ရက်နေ့က ကြေညာ ခဲ့တယ်။
2021-09-21
စစ်ကောင်စီဘက်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး လုံးဝ အပြစ်မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ သုံးဦးစလုံးက ဒီကနေ့ စက်တင်ဘာ ၂၁ ရက် ရုံးချိန်းမှာ ငြင်းပယ် ထွက်ဆို သွားပါတယ်။
2021-09-21
ထိုင်းမြန်မာနယ်စပ်မှာ လက်နက်မှောင်ခိုရောင်းဝယ်မှုတွေကို တားဆီးနိုင်ဖို့ ထိုင်းနိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေကို ထိုင်းဒုဝန်ကြီးကနေ ညွှန်ကြား ထားတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖေါ်ပြထားပါတယ်။
2021-09-21
အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးစွဲခွင့်မရှိတဲ့အပြင် အင်တာနက်သုံးစွဲလို့ အဖမ်းခံရတာ ရိုက်နှက်ခံရတာတွေ ရှိလာနေတဲ့ နိုင်ငံတွေထဲမှာ မြန်မာနဲ့ ဘီလာရုစ် နိုင်ငံတွေက အဆိုးဆုံး အခြေအနေမှာ ရှိနေတယ်လို့ Freedom House လို့ခေါ်တဲ့ ဝါရှင်တန်ဒီစီအခြေစိုက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မြှင့်တင်တဲ့ အဖွဲ့ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားတဲ့ အကြောင်း AFP သတင်းက ဒီကနေ့ ရေးပါတယ်။
2021-09-21
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် လျှော်ဖြူ (အလယ်) ရွာထဲက နေအိမ်တစ်လုံး ပေါ်ကို စက်တင်ဘာလ ၂၀ ရက်နေ့ မနေ့ညက စစ်ကောင်စီရဲ့ လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် တစ်နှစ်ခွဲအရွယ် ကလေးတစ်ဦး အပါအဝင် ငါးဦး သေဆုံး သွားတယ်လို့ လျှော်ဖြူ (အလယ်) ရွာဒေသခံတွေက RFA ကိုပြောပါတယ်။
2021-09-21
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ရဲ့ စစ်ကိုင်းမြို့ ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ မအေးနန္ဒာစိုးကို စက်တင်ဘာလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားတွေ ဖမ်းသွားတယ်လို့ ဗကသက သတင်းထုတ်ပြန်ပါတယ်။