သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-17
မကွေးတိုင်း တောင်တွင်းကြီးမြို့က မောင်းတိုင် (၁) ရပ်ကွက်နဲ့ အောင်ခိုင်ကျေး ရွာက တရားလွှတ်တော် ရှေ့နေနဲ့ လွှတ်တော်ကိုယ်စားလှယ် အပါအဝင် ဒေသခံ ခြောက်ဦးကို စစ်ကောင်စီက စက်တင်ဘာလ ၁၅ ရက်နဲ့ ၁၆ ရက်မှာ ဖမ်းဆီးသွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-17
ချင်းပြည်နယ်၊ ဟားခါးမြို့ ဟားခါးထာရ်ရပ်ကွက်မှာ စက်တင်ဘာလ ၁၆ ရက် မနေ့ညပိုင်းက စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-09-17
ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းကိုင်မြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ ကစပြီး SSPP နဲ့ RCSS တို့ အကြား တိုက်ပွဲတွေပြင်းထန်နေပြီး ဒီနေ့အထိ ဒေသခံ ၂၀၀၀ ကျော် အိုးအိမ်စွန့်ခွာပြီး ထပ်မံထွက်ပြေးရပါတယ်။ ဒေသခံတွေကတော့ ကိုဗစ်ကပ်ဘေးနဲ့ စစ်ဘေးကို တပြိုင် တည်းကြုံတွေ့နေရလို့ အခက်အခဲတွေနဲ့ ပိုမိုရင်ဆိုင်လာနေကြရတယ်လို့လည်း ဒုက္ခသည်အရေး အကူအညီပေးနေ သူတွေက ပြောပါတယ်။
2021-09-17
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စက်တင်ဘာလ ၁၇ ရက်နေ့ ဒီနေ့မနက်က စစ်ကောင်စီသတင်းပေး ပျူစောထီးလို့ နာမည်ကြီးသူ ဦးဝင်းဆန်းဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ တန့်ဆည်မြို့နယ် ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-09-17
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်နဲ့ ပါတီဝင် ကိုသန့်ဇင်ဖြိုး တို့ကို စက်တင်ဘာ လ ၁၇ ရက် ဒီနေ့မှာ တောင်ကုတ်မြို့နယ် တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်နဲ့ ၂ လ ချမှတ်လိုက်တယ်လို့ အကျိုးဆောင် ရှေ့နေက RFA ကို ပြောပါတယ်။
2021-09-17
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြင်သားရွာမှာ PDF တပ်ဖွဲ့ဝင်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်က ဒေသခံတွေကို အစုအပြုံလိုက် ဖမ်းဆီးပြီးတဲ့နောက် နှိပ်စက်ညှဉ်းပန်း ပြီးမှ သတ်ဖြတ်တာဟာ စစ်ရာဇဝတ်မှုမြောက်ကြောင်း ဥပဒေရေးရာ ကျွမ်းကျင် သူတွေနဲ့ လူ့အခွင့်အရေးသမား တွေက ထောက်ပြဝေဖန်လိုက်ပါတယ်။
2021-09-17
ASEAN အရှေ့တောင်အာရှနိုင်ငံများအသင်းက အမေရိကန်ဒေါ်လာ တစ်သန်းကျော် တန်ဖိုးရှိတဲ့ ကိုဗစ်၁၉ ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအထောက် အကူပြုပစ္စည်းတွေ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို ပေးဖို့အဆင်သင့်ဖြစ်နေပြီလို့ မလေးရှားက Bernama သတင်းမှာ ဒီကနေ့ဖေါ်ပြထားပါတယ်။
2021-09-17
ချင်းပြည်နယ်၊ မတူပီမြို့မှာတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ) လက်အောက်ခံ ခမရ (၃၀၉) တပ်မှာ စက်တင်ဘာလ ၁၆ ရက် မနေ့ည ၁၂ နာရီဝန်းကျင်က ဒုတပ်ရင်းမှူး ဗိုလ်မှူး တစ်ဦးနဲ့ တပ်သား တစ်ယောက် စကားများရန်ဖြစ်ကြရင်း အချင်းချင်းပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် ဒုတိယတပ်ရင်းမှူး သေဆုံးသွားတယ်လို့ စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တွေက ပြောပါတယ်။
2021-09-17
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့အမှုတွေထဲက မန္တလေးတိုင်း တရားလွှတ်တော်မှာ စွဲဆိုထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေ ပုဒ်မ ၅၅ အမှု လေးမှုကို နေပြည်တော်က အထူးတရားရုံးမှာ ပြောင်းရွှေ့စစ်ဆေးမယ်လို့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရှေ့နေအဖွဲ့ဝင် ဦးခင်မောင်ဇော် က RFA ကို ပြောပါတယ်။
2021-09-17
မန္တလေးမြို့မှာရှိတဲ့ ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်ရဲ့ သင်းအုပ်ဆရာတော် သိက္ခာတော်ရ ဆရာ သျှန်လျှန်ဆန်း (Thian Lian Sang ) ကို စက်တင်ဘာလ ၁၆ ရက် မနေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီက အင်အား ၂၀ ခန့်နဲ့ ၇၉ လမ်း၊ လမ်း ၄၀ နဲ့ ၄၁ လမ်းက နေအိမ်မှာ လာဖမ်းသွားတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2021-09-17
ချင်းပြည်နယ် တီးတိန်မြို့နယ်ထဲက ခိုင်ကမ်းမြို့ ကိုးမိုင်ရဲစခန်းကို စက်တင်ဘာလ ၁၇ ရက် ဒီနေ့ မနက် ၅ နာရီဝန်းကျင်ခန့်မှာ ချင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-17
စစ်ကောင်စီအနေနဲ့ သတင်းမီဒီယာသမားတွေကို ဖမ်းဆီးမှုတွေ ပိုလုပ်တာတာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုတွေ မြန်မြန်ဆန်ဆန်လုပ်ဖို့ လိုနေပြီလို့ ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က စက်တင်ဘာလ ၁၆ ရက် မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
2021-09-16
စစ်ကိုင်းတိုင်း ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက်မှာနေထိုင်တဲ့ လူငယ် ခြောက်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စက်တင်ဘာလ ၁၆ ရက်နေ့ မနေ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-16
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့အထွက် အသောကဘုန်းကြီးကျောင်းအနားက တောင်တွင်းကြီးနဲ့မြို့သစ် ကားလမ်းကိုပိတ်ပြီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ စစ်ဆေးရေးဂိတ်မှာ စက်တင်ဘာ ၁၆ ရက် မနေ့ညက ဗုံးနှစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-16
စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ကချင် စတဲ့ တိုင်းနဲ့ပြည်နယ် ငါးခုက မြို့နယ် ၁၀ ခုမှာ အင်တာနက် ဖြတ်တောက်ပြီးတဲ့နောက် စစ်တပ်က PDF တပ်တွေနဲ့ ပြည်သူလူထု အပေါ် အင်အားသုံး ထိုးစစ်ဆင်လာပြီး သေဆုံးထိခိုက်မှုတွေ ပိုဆိုးလာမှာကို ဒေသခံတွေကလည်း စိုးရိမ်ပူပန်နေ ပါတယ်။