သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-08-04
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် ကောက်ခံရရှိထားတဲ့ လက်မှတ်တွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့အတွက် ပူးပေါင်းကော်မတီကို ဖွဲ့စည်းမယ်လို့ သိရပါတယ်။
2014-08-04
ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ မာန်အောင်မြို့ နယ်အကြား မာန်အောင်မီးပြတိုက် အနောက်မြောက်ဘက် ရေမိုင် ၁၃ မိုင်ခန့် အကွာမှာ လူ ၂၅ ဦးပါတဲ့ အဏ္ဏဝါ (၉) အမည်ရ ငါးဖမ်း သင်္ဘောတစ်စီး မနေ့က နစ်မြုပ်ခဲ့ရာ ဒီနေ့အထိ လူ ၁၉ ဦးပျောက်ဆုံးနေတယ်လို့ ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိ သူတွေက ပြောပါတယ်။
2014-08-04
မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်း လဲမှုတွေဆောင်ရွက်ရာမှာ စိတ်ရှည် သည်းခံရေးဟာ အဓိကစိန်ခေါ်ချက်ဖြစ် တယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ပညာရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဒေါ်ရင်ရင်နွယ်က ပညာရေး ပြုပြင်ပြောင်းလဲရေးဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။
2014-08-03
ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ ယူနီဆက်နဲ့ ဥရောပသမဂ္ဂ အီးယူ တို့ရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံမှာ ကလေးအား လုံး မွေးစာရင်းရှိရေး စတင်ဆောင်ရွက်တော့မယ်လို့ သိရ ပါတယ်။
2014-08-03
Ooredoo ဆင်းကဒ်တွေ ရောင်းချနေတဲ့ လက်ခွဲဆိုင်ပေါင်း တစ်ပြည်လုံးမှာ ၆၅ဝဝ လောက် ရှိတယ်လို့ သိရပါတယ်။ သုံးစွဲသူတွေအနေနဲ့ အင်တာနက် မြန်ဆန်ပြီး အသံကြည် လင်ပြတ်သားမှုရှိရမယ်လို့လည်း ကြေညာထားပါတယ်။
2014-08-03
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင် တဲ့ ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီနဲ့ တိုင်းရင်းသား လက်နက် ကိုင်ခေါင်းဆောင်တွေဟာ ဖက်ဒရယ်စနစ်နဲ့ တပ်ဖွဲ့စည်းရေးကိစ္စတွေကို မြစ်ကြီးနား မြို့က ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဒီနေ့ အလွတ် သဘောတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2014-08-03
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရုံးမှာ နှစ်ရက်ကြာ ကျင်းပခဲ့ တဲ့ တောင်သူလယ်သမား၊ အလုပ်သမားနဲ့ လူငယ်ဖိုရမ် ကနေ လယ်သမား၊ အလုပ်သမားနဲ့ လူငယ်တွေ ကြုံတေ့ွနေရတဲ့ အခက်အခဲတွေကို အရပ်ဘက်လူမှု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖြေရှင်းဖို့ လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့ကြတယ်လို့ ဖိုရမ်ဖြစ်မြောက်ရေး တာဝန်ရှိသူတွေ က ပြောပါတယ်။
2014-08-03
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့ နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ပင်ဖြစ်ကျေးရွာမှာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို မြေယာ ကိစ္စနဲ့ပတ်သက်ပြီး မကျေနပ်လို့ ရာနဲ့ချီတဲ့ဒေသခံတွေက ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2014-08-03
ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း နဲ့ ပေါက်တောမြို့ နယ်တွေမှာ ဂျပန် ဦးနှောက်ရောင်ရောဂါ (Japanese Encephalitis-JE)ကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လကနေ ဒီနေ့အထိ အသက် ၁၀ နှစ်အောက် ကလေးငယ် ၈ ဦး သေဆုံးခဲ့ ပါတယ်။
2014-08-03
ပီအာခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကန့်ကွက်တဲ့ လူထုဟောပြောပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က ဗိုလ်စိန်မှန် အားကစားကွင်းမှာ ဒီနေ့ကျင်းပခဲ့ပါတယ်။
2014-08-03
ကာကွယ်ရေးဦးစီးချုပ်က သူတို့ မြန်မာ့ တပ်မတော်ရဲ့ မူလတောင်းဆိုချက်ဖြစ် တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ မစတင်မီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ လက်နက်ဖျက်သိမ်းရမယ် ဆိုတဲ့အချက်ကို အလျှော့ပေးလိုက်ပြီလို့ သိရပါတယ်။
2014-08-02
လန်ဒန်မြို့ သာသနာ့ရံသီ ကျောင်းတိုက် ဆရာတော် ဦးဥတ္တရ က သံဃာ့မဟာ နာယက ဥက္ကဌ နဲ့ အတွင်းရေးမှူးဆရာတော်တွေအပါအဝင် သံဃာအပါး၂၀ ကို ဗဟန်းမြို့နယ် နဲ့ တာမွေမြို့နယ် တရားရုံးတွေမှာ တရားစွဲဆိုဖို့ကြိုးစားခဲ့ရာမှာ အဲ့ဒီမြို့နယ် တရားရုံးတွေက လက်မခံတဲ့အတွက် အထက်အဆင့် တရားရုံးတွေကို ဆက်လက်တင်ပြသွားမှာဖြစ်ပြီး နောက် ဆုံးအနေနဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံးအထိတိုင်ကြား မယ်လို့ RFA ကို မနေ့က မိန့်ကြားလိုက်ပါတယ်။
2014-08-02
ဇူလိုင်လ၂၈ရက်နေ့က မန္တလေးတိုင်းဒေ သကြီး စဉ့်ကူးမြို့နယ် ကံတောင်ကျေးရွာ က ရွှေလုပ်သားများ ရွှေတွင်းတူးဖော်ရေးလုပ်ငန်းကို ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့ဝင်တွေက တရားမဝင်လုပ်ငန်းဆိုပြီး ဝင်ရောက်ဖမ်းဆီးတဲ့အတွက် ရွှေတွင်းထဲပိတ်မိနေတဲ့ လုပ်သားတစ်ရာကျော်ဟာ ဇူလိုင်လ ၃၁ရက်နေ့က တွင်းထဲကနေ ထွက်ခွင့်ရခဲ့ကြပါတယ်။
2014-08-02
တရုတ်ပိုင် ဝမ်ပေါင်နဲ့ ယန်စီ သတ္တုတူးဖော် ထုတ်လုပ်ရေး ကုမ္ပဏီတွေနဲ့ မြန်မာ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ အကောင် အထည်ဖော်နေတဲ့ စံပါယ်တောင်-ကြေးစင်တောင် ကြေးနီ စီမံကိန်းက ဒေသခံအလုပ်သမားတွေဟာ လုပ်ခလစာနဲ့ အခြားအခွင့်အရေးတွေကို အလုပ်သမားတွေကြား တန်းတူ ရရှိရေးအတွက် ဒီနေ့မနက်က ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
2014-08-02
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်မှာ ဆင်မင်းကုမ္ပဏီက သိမ်းဆည်းထားတဲ့ လယ်ဧက တစ်သောင်းကျော်ကို ကာလပေါက်ဈေးအတိုင်း လျော်ကြေးပေးဖို့ လယ်သမား ၃၀၀ လောက်က ဒီနေ့သတင်းစာရှင်းလင်းပွဲပြုလုပ် ပြီး တောင်းဆိုလိုက်ကြပါတယ်။