သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-21
ဘာသာရေး၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာမှာ မဟုတ်မမှန် လုပ်ကြံဖန်တီးရေးသားနေတဲ့ အကောင့် ၂ ခုကို စုံစမ်းဖော်ထုတ်ပေးဖို့အတွက် ပြည်ထဲရေးနဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနတွေကို အကြောင်းကြားထားတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2018-08-21
နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်ခေါင်း ဥပဒေ ပုဒ်မ ၇ နဲ့ ထပ်မံတရားစွဲဆိုခံထားရတဲ့ ကလေး စစ်သားဟောင်း ကိုအောင်ကိုထွေး ကို ဒီနေ့ ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး လာမယ့် သြဂုတ်လ ၂၈ ရက်နေ့မှာ အမှုနဲ့ ပတ်သက်ပြီး စွဲချက်တင်သင့် မတင်သင့် ဆုံးဖြတ် ချမှာ ဖြစ်ပါတယ်။
2018-08-21
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ဟောင်ပါး၊ နန့်ယား၊ နန့်မဖြစ် စတဲ့ကျေးရွာအုပ်စု ၃ ခုမှာ လက်လုပ်လက်စား ကျောက်စိမ်းတူးဖော်လုပ်ကိုင်ခွင့်တွေ ချထားပေးဖို့ အစိုးရတာဝန်ရှိသူတွေက စီစဉ်နေပါတယ်။
2018-08-21
မြန်မာအာဏာပိုင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနေပြန်လာတဲ့ မွတ်စလင်တွေကို ဖမ်းဆီးနှိပ်စက် ပြီး ထောင်ချတာတွေရှိနေတယ်လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့ လာရေးအဖွဲ့ HRW က ဒီနေ့ ကြေညာချက် ထုတ်ပြန်ပြောကြားပါတယ်။
2018-08-21
ကချင်ပြည်နယ် ဖားကန့်မြို့နယ် တနိုင်း-လီဒို လမ်းဘေးဝဲယာတဝိုက်မှာ ကုမ္ပဏီနဲ့ လုပ်ငန်းရှင်တွေ သိမ်းယူထားတဲ့ မြေတွေထဲက မြေဧက ၃ သောင်းဝန်းကျင်ကို ပြန်လည်စွန့်လွှတ်ကြဖို့ ဗဟို လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီက ညွှန်ကြားလိုက်ပါတယ်။
2018-08-20
မြန်မာ နဲ့ လာအို နှစ်နိုင်ငံကြား ၁၂ ကြိမ်မြောက် ရေးဆွဲခဲ့တဲ့ နယ်စပ်မြေပုံကို သဘော တူညီခဲ့ကြပါတယ်။
2018-08-20
မြန်မာနိုင်ငံက ရေဘေးဒုက္ခ ကြုံတွေ့နေရသူတွေအတွက် ထိုင်းနိုင်ငံရဲ့ ရေထွက်ပစ္စည်း ကုမ္ပဏီကြီးဖြစ်တဲ့ Thai Union Group PCI က အရေးပေါ် ကူညီကယ်ဆယ်ရေးပစ္စည်း အထုပ်ပေါင်း ၄၀၀ လှူဒါန်းခဲ့ပါတယ်။
2018-08-20
နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ၃(ဂ)နဲ့ တရားစွဲဆိုဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ရဲ့ အမှုကို လာမယ့် သြဂုတ်လ ၂၇ ရက်နေ့မှာ အပြီးသတ်အမိန့်ချ မှာဖြစ်ကြောင်း တရားသူကြီးက ဒီနေ့ရုံးချိန်းမှာ ကြေညာလိုက်ပါတယ်။
2018-08-20
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှာရှိတဲ့ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်က ကျူးတဲအချို့နဲ့ စည်ပင်သာယာက ဌားရမ်းပေးထားတဲ့ အဌားအိမ်ယာတွေမှာနေထိုင်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်နေသူတွေကို ရဲတပ်ဖွဲ့က ဒီနေ့ ဝင်ရောက်ဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။
2018-08-20
သိမ်းဆည်းမြေရာအရေးမှာ ဆောင်ရွက်မှုအားနည်းတာတွေ၊ အများပြည်သူအတွက် ဆောင်ရွက် မှုမှာ အားနည်းတာကြောင့် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးကို ရွှေ့ပြောင်းပေးဖို့ ခရိုင်အတွင်းရှိ လွှတ်တော် ကိုယ်စားလှယ်တွေ စုပေါင်းတိုင်ကြားထားတဲ့ကိစ္စကို စစ်ဆေးမှုတွေလုပ်ဖို့ ပြင်ဆင်နေပါတယ်။
2018-08-20
ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်း ARSA အဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ တာကြောင့် သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အခမ်းအနားကို လာမယ့် သြဂုတ်လ ၂၅ ရက်နေ့မှာ ရခိုင်အမျိုးသားပါတီက ဦးဆောင်ကျင်းပဖို့ စီစဉ်နေပါတယ်။
2018-08-20
တနင်္သာရီမြစ်ရေဟာ အန္တရာယ်ရေမှတ်အထက်ကို ဒုတိယအကြိမ် ပြန်လည်ရောက်ရှိနေပြီး တနင်္သာရီမြို့ဟာ ရေကြီးနစ်မြုပ်နေတာ တစ်လကျော်ကြာနေပြီဖြစ်တာကြောင့် စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်။
2018-08-20
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2018-08-20
၂၀၁၇ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ စတင်အသက်ဝင်တဲ့ ဒီလ ၁ ရက်နေ့ ကစပြီး ၂၀ ရက်နေ့အထိ အီလက်ထရောနစ် မှတ်ပုံတင်စနစ်နဲ့ ပြန်လည်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီပေါင်း ၃၀၀၀ ကျော်ရှိသွားပြီ ဖြစ်ပါတယ်။
2018-08-19
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ဖိတ်ကြားချက်အရ စင်္ကာပူနိုင်ငံကို မနေ့က ထွက်ခွာသွားခဲ့ပါတယ်။