သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-18
မကွေးတိုင်း ရေစကြိုမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ အမာခံ တက်ကြွလှုပ်ရှားသူ တစ်ယောက်ရဲ့ နေအိမ်ထဲကို နိုဝင်ဘာလ ၁၇ ရက် မနေ့ညက ပါဆယ်ဗုံးနဲ့ ပစ်ခံရတာကြောင့် လူလေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-11-18
နိုဝင်ဘာ ၁၆ ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ ကလေး PDF တပ်ဖွဲ့ဝင် ဆေးတပ်သား အမျိုးသမီး ကိုးဦး ပြန်လည် လွတ်မြောက်ရေးအတွက် ကလေး PDF နဲ့ ချင်းပြည် နယ်က CDF တပ်တွေ ပူးပေါင်းပြီး ဝိုင်းဝန်းကြိုးပမ်းနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါ တယ်။
2021-11-18
ဖေဖော်ဝါရီ ၁ ရက်ကနေ နိုဝင်ဘာ ၁၇ ရက်နေ့အထိ စစ်အာဏာသိမ်း ကိုးလကျော် အတွင်း ဖမ်းဆီးခံထားရတဲ့ အသက် ၁၈ နှစ်အောက် လူငယ် ၁၃၄ ယောက် ရှိနေပြီး အဲဒီအထဲမှာ နိုဝင်ဘာ ၆ ရက်နေ့က အဖမ်းခံလိုက်ရတဲ့ ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်က အသက် ၁၅ နှစ်အရွယ် မဇူးဇူးဟန်နီ၊ မဝင့်ဝါနိုင်နဲ့ အသက် ၁၇ နှစ် အရွယ် စညီညီနိုင်တို့ သုံးယောက်လည်း ပါဝင်ပါတယ်။
2021-11-18
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် မြင်သာကျေးရွာက အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်နေတဲ့ အလယ်တန်းပြကျောင်းဆရာ ဦးဇော်မင်းအောင်ကို နိုဝင်ဘာ လ ၁၇ ရက် မနေ့က ရဲတပ်ဖွဲ့ဝင်တွေက နေအိမ်ကို လာရောက်ဖမ်းဆီးသွားပြီး ညနေပိုင်းမှာ ကိုဗစ်ကြောင့် သေဆုံး သွားတယ်လို့ ကြာညှပ်ရဲစခန်းက အကြောင်းကြားခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2021-11-18
စစ်ကောင်စီခေါင်းဆောင်တွေ ရုံးစိုက်ရာ နေပြည်တော်က ဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူ (ပြန်ကပြေး) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့နဲ့ ပျဉ်းမနားမြို့က ၈၅ တံတားနားမှာ နိုဝင်ဘာလ ၁၇ ရက် မနေ့ ညက ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-11-18
စစ်ကိုင်းတိုင်း ကလေးမြို့မှာ နိုဝင်ဘာ ၁၇ ရက်နေ့ မနေ့ မွန်းလွဲ ၁ နာရီလောက်က ပင်လုံရပ်ကွက်မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို စစ်ကောင်စီတပ်သား တွေက ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။
2021-11-17
အာဏာသိမ်းပွဲအပြီး ငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့ ပြည်သူလူထုကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သြဇာခံလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ရက်ရက်စက်စက် သတ်ဖြတ် ချေမှုန်းမှုတွေကြောင့် မြန်မာနိုင်ငံအနှံ့အပြားမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ကယားပြည်နယ်မှာ စတင်ထူထောင်ထားတဲ့ လူငယ်တချို့ရဲ့ JPDF ဆိုတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ငယ်တခုကို ခေါင်းဆောင်သူကတော့ ဘရာဂျာလို့ အမည်ဝှက်ပေးထားသူပါ။
2021-11-17
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်တဲ့ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ဆက်လက်ဖြစ်ပွားနေတဲ့ အထူး စိုးရိမ်ရတဲ့ နိုင်ငံများစာရင်းထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။
2021-11-17
မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုတွေကို ကျော်ဖြတ်သွားနိုင်ဖို့အတွက် နိုင်ငံရေးပါတီက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံသလို ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် ကဏ္ဍအသီးသီးက ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံနိုင်ရေး ကြိုးပမ်းသွားမယ်လို့ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ က ပြောပါတယ်။
2021-11-17
စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီးမှာ နိုဝင်ဘာလ ၁၇ ရက် မနက်က စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က နှစ်ယောက် သေဆုံးခဲ့တယ်လို့ CDF - Kalay Kabaw Gangaw က သတင်းထုတ်ပြန်ပါတယ်။
2021-11-17
ခုခံစစ်အားကောင်းတဲ့ ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်းကို စစ်တပ်က အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင် ချေမှုန်းနေတာကြောင့် ကယားပြည်နယ်မှာ စစ်အာဏာ သိမ်း ကိုးလကျော်အတွင်း အပြစ်မဲ့အရပ်သား ၁၀၀ ကျော် သေဆုံးပြီး လူနေအိမ် ၄၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ကရင်နီပြည်သူ့အင်အားစု PKPF က ပြောပါတယ်။
2021-11-17
တရုတ်နိုင်ငံ ကွမ်တုန်ခရိုင် တုံကွမ်မြို့မှာရှိတဲ့ ကျယ်တိုးစို အချုပ်ထောင်နဲ့ ဝမ်တိန်မြို့က နန်းရှီးပင်လယ်စာစက်ရုံမှာ မြန်မာနိုင်ငံသား ၄၀၀ နီးပါးဟာ တရား မဝင် လာရောက်အလုပ်လုပ်ကိုင်မှုနဲ့ အချိန် တစ်နှစ်ကျော်ကြာ ထိန်းသိမ်းခံနေကြရ တယ်လို့ အဲဒီကနေ ပြန်လည်လွတ်မြောက်လာသူတွေက RFA ကို ပြောပါတယ်။
2021-11-17
ဧရာဝတီနဲ့ ချင်းတွင်းမြစ်ဆုံရာ မကွေးတိုင်း ရေစကြိုမြို့နယ်ထဲ ရေလယ်ကျွန်း ပေါ်က ရွာတချို့ကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်စီးနင်းနေတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-11-17
ရန်ကုန်တိုင်း ထန်းတပင် တာဆုံရဲကင်းစခန်းကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ PDF အဖွဲ့က ကားပေါ်ကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်ပြီး လက်ရှိ စစ်ကောင်စီတပ်က ဖမ်းမိထားသူတွေဟာ မှားယွင်းဖမ်းဆီးခံထားရသူတွေဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
2021-11-17
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တင်းတိမ်ရံရွာကို နိုဝင်ဘာ ၁၆ ရက် မနေ့က စစ်ကောင်စီတပ်သားတွေ ဝင်ရောက် စီးနင်းခဲ့ပြီး လက်နက်ကြီးအပါအဝင် သေနတ်တွေနဲ့ ပစ်ခတ်လို့ ရွာသားသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။