သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-16
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် လုံးကန် ရွာနဲ့ တောင် ပန်းကျေးရွာအနီးတဝိုက်မှာ အစိုးရစစ်တပ်နဲ့ တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ မနေ့က တိုက်ပွဲ ၃ကြိမ် ဖြစ်ပွားခဲ့တယ်လို့ TNLA ပြန် ကြားရေးဌာန က ကြေညာပါတယ်။
2014-06-16
ရခိုင်ပြည်နယ်မှာရှိတဲ့ ကျောက်ဖြူရေနက် ဆိပ်ကမ်းနဲ့ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းတွေ အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ ကြီးကြပ်ဆောင်ရွက်ဖို့ တိုက်တွန်းသွားမယ်လို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က ဒီနေ့ ပြောပါတယ်။
2014-06-16
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က သူ့အနေနဲ့ ၂၀၁၅ ခုနှစ်မှာ သမ္မတဖြစ်ရေး မဖြစ်ရေးဆိုတာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒ သဘောထားအပေါ်မှာ မူတည်နေကြောင်း ပြောကြား လိုက်ပါတယ်။
2014-06-16
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ထုံးဘိုကျေးရွာ မှာ တောင်သူ ၅ ဦး ရိုက်နှက်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တရားခံတွေကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ ပြင်ဦးလွင်မြို့ မှာ ထောင်ဂဏန်းနီးပါးရှိမယ့် တောင်သူတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-06-16
ရန်ကုန် အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းခံနေရတဲ့ တာမွေမြို့နယ် မဟာသန္တိသုခကျောင်းတိုက်က သံဃာ ၅ ပါးကို ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ထားကြောင်း သိရပါတယ်။
2014-06-15
ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့မှာ မနေ့က ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။
2014-06-15
ဂေါတမဗုဒ္ဓ ဖွားမြင်တော်မူရာ လုမ္ဗနီ အင်ကြင်းတောကနေ ကမ္ဘာတစ်ဝှမ်းလုံးကို ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပျံ့နှံ့စေ လိုကြောင်း အမျိုးသားဒီမိုကရေစီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။
2014-06-15
ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က အာဏာပိုင်တွေ အင်အားသုံးသိမ်းပိုက်ပြီး ချိတ်ပိတ်လိုက်တဲ့ မဟာသန္တိသုခကျောင်း ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတအနေနဲ့ တရား နည်းလမ်းနဲ့ အညီဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံကြောင်း ပီနန်ဆရာတော်ကြီးက RFA ကို မိန့်ကြားတော်မူပါတယ်။
2014-06-15
အစိုးရကရေးဆွဲထားတဲ့ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ မူကြမ်းဟာ အဓိကဘာသာကြီးလေးခုရဲ့ အဆိုဆုံးမတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ရန်ကုန်မြို့ရှိ ဘာသာရေးခေါင်းဆောင် များက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2014-06-15
မကွေးတိုင်းဒေသကြီးက သိမ်းဆည်းခံ လယ်မြေတွေကို လျော်ကြေးပေးဖို့ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၅ ရွာက လယ်သမား ၂၀၀ ကျော်လောက်ဟာ မကွေးမြို့ပေါ်က ကန်သာကန်ဘောင်မှာ ဒီနေ့ စုပေါင်းဆန္ဒပြကြပါတယ်။
2014-06-15
တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ပြီး တက္ကသိုလ်ပညာရေးဆက်ပြီးတက်ဖို့ အခက်အခဲဖြစ်နေတဲ့ ကျောင်းသူ ကျောင်းသားတွေ ကို နိုင်ငံရေးအကျဉ်းသားဟောင်းများ အစည်းအရုံးက ပညာသင်ထောက်ပံ့ကြေး တစ်ဦးကို တစ်လ တစ်သိန်းခွဲ ကနေ နှစ်သိန်းအထိ ကူညီသွားမယ်လို့ သိရပါတယ်။
2014-06-15
ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ခေါင်းဆောင် ကိုမင်းကိုနိုင်တို့ အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတိုတွေ ပါဝင်တဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ကို ရန်ကုန်မြို့က Junction Square နဲ့ ဝဇီယာ ရုပ်ရှင်ရုံတွေမှာ ဒီနေ့ စတင်ပြသပါတယ်။
2014-06-15
ထိုင်းမြန်မာနယ်စပ် မြို့တစ်မြို့ဖြစ်တဲ့ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ မှာ မြန်မာကျပ်ငွေ ကျပ်သိန်းပေါင်း တစ်သောင်းခွဲတန်ဖိုးရှိတဲ့ မူးယစ်စိတ်ကြွဆေးပြား အလုံးရေ ၆ သိန်း နီးပါးကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဇွန်လ ၁၃ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
2014-06-15
လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်နေတဲ့သူတွေဆီ အကူအညီတွေရောက်ဖို့ လိုအပ်နေတယ်လို့ လူသားချင်း စာနာမှုဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ်နဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက်ညှိနှိူင်းရေး မှူး Kyung Wha Kang က မနေ့က ပြောကြားလိုက်ပါတယ်။
2014-06-14
မြန်မာ့တပ်မတော်ကရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် မိမိတို့ လှုပ်ရှားဆောင်ရွက်နေတာကို နိုင်ငံတကာက ပါဝင်ထောက်ခံကြပါလို့ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောကြားလိုက်ပါတယ်။