သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-07-16
ကလေးသူငယ် အလုပ်သမားတွေကို အဆိုးဝါးဆုံး ပုံစံနဲ့ လူကုန်ကူးခြင်း၊ ကျွန်ပြုခြင်း၊ ကလေးစစ်သား အဖြစ် စုဆောင်းခြင်းတို့ကို အရေးယူမယ့် နိုင်ငံ တကာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ ပြဌာန်းချက် အမှတ် ၁၈၂ ကို မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံအနေနဲ့ လက်မှတ်ထိုးဝင်ရောက်ဖို့ ဒီနေ့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
2014-07-16
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မှာ ဝတ္တရားနှောင့်ယှက်မှု၊ သက်သေခံ ပစ္စည်းဖျောက်ဖျက်မှု၊ ဆဲဆိုမှုပုဒ်မတွေနဲ့ တရားစွဲခံထားရသူ လယ်သမား ၁၉ ဦးထဲက အမျိုးသား ၁၀ ဦးကို ဒီနေ့ ထားဝယ်မြို့နယ်တရားရုံးက ထောင်ဒဏ်နဲ့ အမျိုးသမီး ၉ ဦး ကို ငွေဒဏ်တွေ အသီးသီးချမှတ်ခဲ့ပါတယ်။
2014-07-16
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန် ၂ မှာရှိတဲ့ Gallant Ocean ဂဏန်း၊ ပုဇွန် အအေးခန်းစက်ရုံက အလုပ်သမား သမဂ္ဂဥက္ကဌနဲ့ အဖွဲ့ဝင် ၁၃ ဦးကို အလုပ်ရှင်က ဒီနေ့ အလုပ်က ထုတ်လိုက်တယ်လို့ သိရပါတယ်။
2014-07-16
ရှစ်လေးလုံးအရေးတော်ပုံ ၂၆ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းက ဓမ္မပီယကျောင်းတိုက်မှာ ကျင်းပမယ်လို့ သိရပါတယ်။
2014-07-15
မြန်မာနိုင်ငံအနေနဲ့ စင်္ကာပူရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စွန့်ပစ် အမှိုက် စီမံခန့်ခွဲမှု အတွေ့အကြုံတွေ ကို လေ့လာဖို့ရှိကြောင်း စင်္ကာပူကို ရောက်ရှိနေတဲ့ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားခဲ့ပါတယ်။
2014-07-15
ရှမ်းပြည်နယ် ကျေးသီးမြို့နယ်မှာ အစိုးရနဲ့ SSPP/SSA တို့ တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေကြတဲ့ ဒေသခံတွေ ပြန်လည်လုပ်ကိုင် စားသောက်နိုင်ရေးအတွက် ကူညီပေးဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအွမ်ဆိုင်မိုင်းက ပြည်သူ့ လွှတ်တော်မှာ ဒီနေ့ တင်သွားခဲ့ပါတယ်။
2014-07-15
အပတ်စဉ်ထုတ် မွန်းတည့်နေဂျာနယ်က အယ်ဒီတာ အဖွဲ့ဝင် ၅ ဦးကို အများပြည်သူကို အထိတ် တလန့်ဖြစ်စေမှု၊ နိုင်ငံတော်လုံခြုံရေးနဲ့ ငြိမ်ဝပ်ပိပြား မှုကို ထိခိုက်စေရန် ကြံရွယ်မှုတွေနဲ့ အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅ (ဃ)/(ည) တို့နဲ့ ရဲသတင်းအထူး တပ်ဖွဲ့က တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
2014-07-15
ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက် ၄ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တာကို ကန့်ကွက်ကြတဲ့ သတင်းထောက် ၂၀ လောက်ဟာ ဒီနေ့ ပြည်မြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ကနေ ပြည်ခရိုင် တရားရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
2014-07-15
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့် အရေးအထူး ကိုယ်စားလှယ်သစ်ဖြစ်သူ မစ္စ ယန်ဟီလီ (Yanghee Lee) က သူရဲ့ပထမဆုံးခရီးစဉ်အဖြစ် လာမယ့် ဇူလိုင်လ ၁၇ ရက်နေ့ကနေ ၂၆ ရက်နေ့ ထိ မြန်မာနိုင်ငံကို လာရောက်ပြီး လူ့အခွင့်အရေး အခြေအနေတွေ စုံစမ်းလေ့လာမယ်လို့ ဂျနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ရုံးက ထုတ်ပြန်လိုက် ပါတယ်။
2014-07-15
နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀နှစ်စီ ချမှတ်ခံထားရတဲ့ ယူနတီဂျာနယ်က သတင်းထောက် ၄ ဦးအတွက် မကွေးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှာ အယူခံဝင်သွားမယ်လို့ သိရပါတယ်။
2014-07-14
ဒီနှစ်နှောင်းပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံခြား ဘဏ်တချို့ကို ငွေကြေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပြုမယ်လို့ ကြေညာထားတဲ့ အတိုင်း၊ လုပ်ငန်းလိုင်စင် လျှောက်ထားတဲ့ နိုင်ငံခြား ဘဏ်တွေ အများအပြားရှိနေကြောင်း Banking Business Review သတင်းက ဖော်ပြပါတယ်။
2014-07-14
စင်္ကာပူနိုင်ငံကို အလည်အပတ်ရောက်ရှိနေ တဲ့ မြန်မာအစိုးရ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းဟာ စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လုံး၊ ဂုဏ်ထူးဆောင်အကြီး တန်းဝန်ကြီး ဂိုချောက်ထောင် တို့နဲ့ တနင်္လာနေ့ က တွေ့ဆုံ ခဲ့ပါတယ်။
2014-07-14
နိုင်ငံတော် သမ္မတကို နေ့ထူးနေ့မြတ် တစ်ရက်ရက်မှာ တပ်မတော်က အခမ်းအနားနဲ့ချီတက် အလေးပြုပေးဖို့ အစီအစဉ်ရှိ၊ မရှိကိုအမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဒီနေ့အမျိုးသား လွှတ်တော် အစည်းအဝေးမှာ မေးမြန်းခဲ့ပါတယ်။
2014-07-14
အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရတဲ့ ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးကို ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း က ငွေကြေးထောက်ပံ့ သွားမယ်လို့ သိရပါတယ်။
2014-07-14
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ စက်မှုဇုန် ၂ မှာရှိတဲ့ မိုးဟိန်းစက္ကူစက်ရုံက အလုပ်သမားသမဂ္ဂ ခေါင်းဆောင် ၄ ဦးကို စက်ရုံက နစ်နာကြေးပေးပြီး ဒီနေ့ အလုပ်ထုတ်လိုက်တယ် လို့ အလုပ်သမားခေါင်းဆောင်တွေက ပြောပါတယ်။