သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-15
ရခိုင်ပြည်နယ်က ကလေးသူငယ်တွေ အတွက် ၂၀၁၆-၁၇ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၉ သန်းလောက် သုံးစွဲပြီး အကူအညီတွေပေးသွားမယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF က ဒီနေ့ ပြောပါတယ်။
2016-07-15
ဆန္ဒပြမှု၊ ဆူပူအကြမ်းဖက် ဖျက်ဆီးမှု အခြေအနေတွေကို ထိန်းသိမ်း ကိုင်တွယ် ဆောင်ရွက်နိုင်ဖို့အတွက် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဖွဲ့စည်းကြောင်း အစိုးရက ကြေညာလိုက်ပါတယ်။
2016-07-15
ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်ပေးရေးနဲ့ စစ်ရေးတင်းမာမှုတွေ ကို ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စု အစိုးရက ကြားဝင်ဖြန်ဖြေပေးရေး တိုက်တွန်းတဲ့ အရေးကြီး အဆိုကို ရှမ်းပြည်နယ်လွှတ်တော်မှာ ဒီနေ့အတည်ပြုလိုက် ပါတယ်။
2016-07-15
အသက်မွေးဝမ်းကျောင်းပညာရေး စနစ် အောင်မြင်နေတဲ့နိုင်ငံတွေမှာ လူငယ်တွေနဲ့ လူမှုအသိုင်းတွေက သူတို့ကိုယ်သူတို့ ဒုတိယတန်းစားပညာသင်ယူနေတယ်လို့ မသတ်မှတ် ကြတဲ့အတွက် အသက်မွေးဝမ်းကျောင်းပညာရေး ဟာ မြန်မာနိုင်ငံအတွက် အရေးကြီးကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2016-07-15
ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ဇူလိုင် ၁၉ ရက်နေ့ ကျင်းပမယ့် ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မယ်လို့ သိရပါတယ်။
2016-07-14
ထိုင်းနိုင်ငံ မဟာချိုင်မှာရှိတဲ့ တူနာ ငါးသေတ္တာစက်ရုံက ရရှိသင့်တဲ့ လုပ်အားခကို တောင်းခဲ့ကြသူ မြန်မာ အလုပ်သမား တစ်ရာကျော် အလုပ်ထုတ်ခံရတယ် လို့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။
2016-07-14
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ထုံးဘိုအကျဉ်းဦးစီးဌာနရဲ့ ကျောက်ထုတ် လုပ်ရေးစခန်းအတွက် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲက ပိုလျှံတဲ့မြေတွေကို ပြန်လည်ရယူ လိုကြောင်း ဒေသခံတောင်သူတွေက တောင်းဆိုလိုက် ပါတယ်။
2016-07-14
ချင်းတွင်းမြစ်ဟာ စစ်ကိုင်းတိုင်းဒေသ ကြီး မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာ နဲ့ ကနီ စတဲ့မြို့တွေရဲ့ စိုးရိမ်ရေအမှတ် အထက်ကို ရောက်ရှိနေသလို ငဝန်မြစ်ရေတွေလည်း ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့မှာ စိုးရိမ်ရေမှတ်အထက် ကို ရောက်ရှိနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာန က ပြောပါတယ်။
2016-07-14
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မှော်ရှန်ကျေးရွာက ဆုထူးပန် ကုမ္ပဏီလုပ်ကွက်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်း က ကျောက်ကြောကမ်းပါးပြိုကျလို့ တစ်နိုင် တစ်ပိုင်ကျောက် တူးနေသူ လေးဦး သေဆုံးခဲ့ပါတယ်။
2016-07-14
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့က တိုင်းခန်းမမှာပြုလုပ်တဲ့ ဆယ်တန်းအောင် ကျောင်းသားတွေ ဂုဏ်ပြုတဲ့ အခမ်းအနားကအပြန် အမည်မသိလူ ၂ ဦး က သေနတ်နဲ့ပစ်လိုက်တာကြောင့် နမ့်ခမ်းမြို့နယ်၊ မန့်ဟောင်းကျေးရွာက ဦးစိုင်းကောင်းခမ်း ဆိုသူ သေဆုံး ခဲ့ပါတယ်။
2016-07-14
ဘာသာတစ်ခုနဲ့တစ်ခုအကြား အမုန်းစကား (Hate Speech) ရေးသား ပြောဆိုသူတွေ ကို အရေးယူနိုင်ဖို့ ဥပဒေမူကြမ်း တစ်ရပ်ရေးဆွဲပြီး လွှတ်တော်မှာ တင်ပြသွားမယ်လို့ သာသနာရေးနဲ့ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ပြောပါတယ်။
2016-07-14
ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြား သားတွေကို တရားဝင်အလုပ်လုပ်ခွင့် ပန်းရောင်ကတ်သက်တမ်းတိုးဖို့ ထိုင်း အလုပ်သမားရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၉ ရက်နေ့ နောက်ဆုံးထားသက်တမ်းတိုးကြဖို့ ကြေညာ ထားပေမယ့် မြန်မာအလုပ်သမားတွေအနေနဲ့ အခက်အခဲ ရှိနေတယ် လို့ မြန်မာအလုပ်သမားအရေးဆောင်ရွက်ပေးနေ သူတွေ က ပြောပါတယ်။
2016-07-14
ပဲခူးတိုင်း ကဝမြို့နယ်မှာ စစ်တောင်းမြစ်ရေ တိုက်စားပြီး မြေပြို တာတွေဖြစ်နေ တာကြောင့် အိမ်ခြေ ၁ဝဝ ကျော်ရှိတဲ့ စာဖြူစုကျေးရွာ တစ်ရွာလုံး ရွှေ့ပြောင်းဖို့ အတွက် ကူညီ ကယ်ဆယ်ရေးဆောင်ရွက်ဖို့ လိုအပ်နေကြောင်း မြေပြို ကျမှုတွေဖြစ်နေတဲ့နေရာကို သွားရောက်လေ့လာခဲ့သူတွေ က ပြောပါတယ်။
2016-07-14
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မုံးလျံကျေးရွာအနီးမှာ ဘိန်းချက်စခန်း တစ်ခုကို ဘိန်းချက်တဲ့ပစ္စည်း တန်ဖိုး ကျပ်သိန်းလေးထောင်ကျော်ဖိုးနဲ့အတူ သိမ်းဆည်းရမိ ခဲ့ပါတယ်။
2016-07-14
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး မဘသ အဖွဲ့ခေါင်းဆောင် ဆရာတော် ဦးဝီရသူက နိုင်ငံတော် အကြံပေး ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို အာဏာရှင်အဖြစ် စွပ်စွဲလိုက်ပြီး၊ အရပ်သား အစိုးရသစ်ဟာ မဘသ အဖွဲ့ကို ဖျက်ဆီးဖို့ ကြိုးစားနေကြောင်း ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။