သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-04-12
လွတ်လပ်တဲ့အာရှအသံ RFA ရဲ့ အစီအစဉ်တွေဟာ သက်ဆိုင်ရာနိုင်ငံ အသီးသီးက သောတရှင်ပြည်သူတွေ အတွက် အင်မတန်အရေးပါထိရောက်မှုရှိကြောင်း ဧပြီလ ၁၁ ရက်နေ့ မနေ့က ကျင်းပတဲ့ အမေရိကန်အစိုးရ အသံလွှင့်အစီအစဉ်များ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ BBG အစည်းအဝေးမှာ အဖွဲ့ ဥက္ကဌ Jeff Shell က ပြောကြား လိုက်ပါတယ်။
2014-04-11
DVB သတင်းထောက်ကို ထောင်ဒါဏ် တစ်နှစ် စီရင်ချက်ချလိုက်တာနဲ့ပတ်သက်လို့ လွတ်လပ်စွာ သတင်းရယူခွင့်ကို ထိခိုက်တယ်ဆိုပြီး ပြည် တွင်းထုတ် ပုဂ္ဂလိကနေ့စဉ် သတင်းစာတချို့ရဲ့ ရှေ့မျက်နှာဖုံး စာမျက်နှာမှာ အနက်ရောင် (black cover) များ ဖေါ်ပြပြီး ကန့်ကွက်လိုက်ကြပါတယ်။
2014-04-11
ထိုင်းနိုင်ငံရဲ့ အကြီးဆုံးစွမ်းအင်လုပ်ငန်း တစ်ခုဖြစ်တဲ့ PTT အများပိုင်ကုမ္ပဏီ ဟာ မြန်မာနိုင်ငံမှာ အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံ လိုပေမယ့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံက ရှင်းလင်းပြတ်သားတဲ့ မူဝါဒတွေ ထွက်ပေါ်မလာသေး တာကြောင့် စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။
2014-04-11
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ရေမျက်ရွာနဲ့ လယ်ကြီးရွာ က တောင်သူ ၇၈ ဦးဆီက လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေ ဧက ၅၀၀ ကျော်ကို စစ်တပ်က တောင်သူတွေဆီ ပြန်လည်ပေးအပ်ပွဲကို စစ်ကိုင်းမြို့တော်ခန်းမမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2014-04-11
ဥရောပတိုက် ဂျာမနီနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ နိုင်ငံတကာ ဝီလီဘရန့်ဆု Willy Brandt ကို ဒီကနေ့ လက်ခံရယူခဲ့ပါတယ်။
2014-04-11
သြင်္ကန်ကာလ ရန်ကုန်တိုင်းအတွင်း လုံခြုံရေးအင်အား ငါးထောင်ကျော်နဲ့ ကွပ်ကဲမှုရုံးတွေဖွင့်ပြီး စည်းကမ်း တင်းကြပ်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး စည်းကမ်းထိန်းသိမ်းရေးနဲ့ လုံခြုံရေးဆပ်ကော်မတီက ထုတ်ပြန်ထားပါတယ်။
2014-04-11
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့မှာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတဦးသိန်းစိန် ၊ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နဲ့ ပြည်သူလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တို့ လေးပွင့် ဆိုင် တွေ့ဆုံဆွေးနွေးပြီး အဖြေရှာပေးဖို့ ဒေသခံ တစ်ထောင် နီးပါးလောက် ဒီနေ့မနက် က တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
2014-04-11
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်စပ် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ဒုက္ခသည်တွေ ထွက်ပြေးတိမ်းရှောင်လျှက်ရှိရာမှာ ရွာတွေကို စွန့်ခွာထွက်ပြေးသူ ၂၄ ရွာရှိပြီး ထွက်ပြေးသူ လူဦးရေ ထောင်ဂဏန်းရှိနေပြီလို့ သိရပါတယ်။
2014-04-11
သြင်္ကန်ကာလအတွင်း ယဉ်ကျေးမှုနဲ့အညီ ဝတ်စားဆင်ယဉ်ရေး အသိပညာပေး လှုပ်ရှားမှုတစ်ရပ်ကို လူငယ်အဖွဲ့ ၆ ဖွဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့မှာ မနေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြပါတယ်။
2014-04-11
ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂ အပါအဝင် လူသားချင်း စာနာကူညီရေးဆိုင်ရာ နိုင်ငံ တကာ အဖွဲ့အစည်းတွေ အမြန်ဆုံး ပြန်လည်လာရောက် လုပ်ကိုင်နိုင်ရေး အားပေးကူညီဖို့ အာရှပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel က မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။
2014-04-11
မြန်မာနိုင်ငံဟာ ပြည်တွင်း ပဋိပက္ခအမျိုးမျိုး ကို ကျော်လွှားနိုင်မယ်လို့ မျှော်လင့်ကြောင်း ဂျာမနီနိုင်ငံ ဘာလင်မြို့ကို ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက် ပါတယ်။
2014-04-10
ပိုင်နက်ကျူးလွန်မှု ၊ ဝတ္တရားနှောင့်ယှက် မှုတွေနဲ့ ထောင်ဒဏ် တစ်နှစ် ချခံခဲ့ရတဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) သတင်းထောက် ကိုဇော်ဖေ ပြန်လည်လွတ်မြောက်ဖို့အတွက် သတင်းထောက်တွေက ရန်ကုန်မြို့ ဆူးလေဘုရားမှာ ဒီကနေ့ ဆုတောင်းခဲ့ကြပါတယ်။
2014-04-10
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် ပန်ခမ်းကျေးရွာအုပ်စု နားလုံနဲ့ လဂါတ်ဒေါ့ကျေးရွာကြားမှာ အစိုးရတပ် တပ်မ ၈၈ နဲ့ ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ တို့အကြား ဒီနေ့ နေ့လယ်ပိုင်းက တိုက်ပွားဖြစ်ပွားခဲ့ပါတယ်။
2014-04-10
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် နိုင်ရေးအတွက် နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စု လွှတ်တော်နာယက၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ရာနဲ့ချီတဲ့ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-04-10
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ နိုင်ငံတကာ လူမှုရေးအဖွဲ့အစည်းရုံးခန်းတွေနဲ့ လူနေအိမ်တွေကို တိုက်ခိုက်မှုတွေဖြစ်ပြီးနောက်ပိုင်း ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ထုတ်ပြန်ထားတဲ့ ပုဒ်မ - ၁၄၄ ညမထွက်ရအမိန့်ကို မနေ့ကစပြီး ည ၉ နာရီကနေ မနက် ၅ နာရီအထိ ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။