သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-14
ရိုက်တာသတင်းထောက် ကိုဝလုံး နဲ့ ကိုကျော်စိုးဦး ဖမ်းဆီးခံရတာဟာ မြန်မာပြည်မှာ သတင်းလွတ်လပ်ခွင့် တစ်နေ့တခြား လျော့နည်းကျဆင်း လာနေတာကို ပြသတဲ့လက္ခဏာပဲလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် (Antonio Guterres) က ပြောလိုက်ပါတယ်။
2017-12-14
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာအပေါ် ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ပိုင် ဝမ်ပေါင်ကုမ္ပဏီတို့က လိုက်နာမှုမရှိကြောင်း တိုင်ကြားစာကို လက်ပံတောင်းတောင် ကာကွယ်စောင့်ရှောက်ရေး ကော်မတီက နော်အုန်းလှ ဦးဆောင်ပြီး ဒီကနေ့ ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးကို သွားရောက်ပေးပို့ခဲ့ပေမယ့် တရုတ်သံရုံးကလက်မခံခဲ့ပါဘူး။
2017-12-14
မြန်မာတစ်နိုင်ငံလုံးက တိုင်းရင်းသားပြည်သူတွေရဲ့ လူမှုစီးပွားတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အခြေအနေရှိတာကြောင့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းသင့်တယ်လို့ မြန်မာနိုင်ငံ ကက်သလစ်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်လ် ချားလ်စ်ဘိုက မိန့်ကြားလိုက်ပါတယ်။
2017-12-14
စစ်ကိုင်းတိုင်းဒေသကြီး နန်စီပွန်ဒေသမှာ ကျောက်စိမ်း အရိုင်းတုံး လက်ဝယ်တွေ့ရှိလို့ဆိုပြီး ဖမ်းဆီးအရေးယူထားသူ ၁၁ ယောက်ထဲက ၇ ယောက်ကို ဒီကနေ့ ခန္တီးမြို့နယ် တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်နှစ်စီ အမိန့်ချလိုက်တယ်လို့ ခန္တီးမြို့နယ် ရဲစခန်းမှူး ဒုတိယရဲမှူးလှတင့်က ပြောပါတယ်။
2017-12-14
ကောက်ယူရရှိထားတဲ့ သန်းခေါင်စာရင်း အချက်အလက်တွေအပေါ်မူတည်ပြီး ခန့်မှန်းချက်အရ မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်ကနေ ၂၀၃၀ ခုနှစ် အထိ ၁၅ နှစ်အတွင်း သက်ကြီးရွယ်အို ဦးရေ နှစ်ဆဖြစ်လာနိုင်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးသိန်းဆွေ က ပြောပါတယ်။
2017-12-14
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာန သတင်းထောက် နှစ်ဦးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ MPC ကို ဒီကနေ့အထိ အသိပေးအကြောင်းကြားမှု တစ်စုံတရာ မရှိဘူးလို့ MPC ဒုတိယ ဥက္ကဌ ဦးအောင်လှထွန်း က ပြောပါတယ်။
2017-12-13
ဘိန်းစိုက်ပျိုးမှု လျော့ကျဖို့အတွက် ဘိန်းခင်းတွေ ဖျက်ဆီးတာအပြင် ဘိန်းစိုက်တောင်သူတွေရဲ့ စားဝတ်နေရေးတွေ အတွက် အစိုးရအနေနဲ့ လက်တွေ့ကျတဲ့ ဘိန်းအစားထိုးလုပ် ငန်းတွေ ဖော်ဆောင်ပေးဖို့ လိုအပ်ကြောင်း ကချင်အထူးဒေသ ၁ ထာဝရငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့ သား ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်က ပြောပါတယ်။
2017-12-13
လက်ပံတောင်းတောင် အစီရင်ခံစာကို ဦးပိုင်ကုမ္ပဏီနဲ့ ဝမ်ပေါင်ကုမ္ပဏီတို့ လိုက်နာမှုမရှိကြောင်း တိုင်ကြားစာကို စစ်ကိုင်းတိုင်းဒေသကြီး ဆာလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာမှာ ပါဝင်တဲ့ ဒေသခံအချို့နဲ့ လက်ပံတောင်းတောင် ကာကွယ်စောင့်ရှောက်ရေးကော်မတီ က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ဒီနေ့ ပေးပို့လိုက်ပါတယ်။
2017-12-13
ရိုက်တာသတင်းထောက်တွေဖြစ်ကြတဲ့ ကိုသက်ဦးမောင်မောင် (ခေါ်) ဝလုံးနဲ့ ကိုကျော်စိုးဦး (ခေါ်) မိုးအောင် တို့ နှစ်ဦးကို မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့က ရန်ကုန်မြို့မှာ အင်္ဂါနေ့ညက ဖမ်းဆီးလိုက်ပြီး အစိုးရလှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ နဲ့ အခု အမှုဖွင့်ထားပါတယ်။
2017-12-13
မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာလိုသူတွေအနေနဲ့ သက်သေခံလက်မှတ် CI လျှောက်ထားရာ မှာ မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနကနေ နိုင်ငံသားစိစစ်ပြီးမှသာ သက်သေခံလက်မှတ် CI တွေ ထုတ်ပေးတော့မှာ ဖြစ်တယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံးက ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2017-12-13
မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ဥပဒေနဲ့မညီဘဲ ရယူထားတဲ့ အများပြည်သူပိုင်မြေ ၁၃၅ ကွက်ကို ပြန်လည် သိမ်းယူသွားမှာဖြစ်တယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ်က မနေ့က တိုင်းလွှတ်တော် အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။
2017-12-13
ရခိုင်ပြည်နယ် မောင်တောဒေသမှာ အခြေချဖို့အတွက် သံတွဲ၊ ရမ်းဗြဲ၊ မာန်အောင် စတဲ့မြို့နယ်တွေက ဒေသခံ လူဦးရေ ၆ဝ ကျော်ဟာ မောင်တောမြို့နယ် အင်းဒင်ကျေးရွာကို ပြီးခဲ့တဲ့ရက်ပိုင်းက ရောက်ရှိ နေကြပါတယ်။
2017-12-13
ကရင်ပြည်နယ် မြဝတီခရိုင် သင်္ဃန်းညီနောင်မှာ ဖမ်းမိခဲ့တဲ့ လေယာဉ်ပစ်လက်နက်ခဲယမ်းတွေ ကိစ္စနဲ့ ဆက်စပ်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က ကေအိုင်အို နည်းပညာ အကြံပေး အဖွဲ့ရုံးရဲ့ အနောက်ဘက်က ဝန်ထမ်းတွေနေထိုင်တဲ့ ခြံဝင်းကို ပြည်နယ်ရဲတပ်ဖွဲ့ ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က မနေ့က ဝင်ရောက်ရှာဖွေခဲ့ပါတယ်။
2017-12-13
ရခိုင်ပြည်နယ်အတွင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေကို လာမယ့် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ စတင်ပြီး မြန်မာနိုင်ငံဘက်က ပြန်လည်စိစစ်လက်ခံသွားမယ်လို့ လူမှုဝန် ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဒီနေ့ ပြောပါတယ်။
2017-12-13
နိုင်ငံတကာသတင်းဌာန ရိုက်တာရဲ့ မြန်မာနိုင်ငံသား သတင်းထောက် ကိုသက်ဦးမောင် ( ခေါ် ) ဝလုံးနဲ့ ကိုကျော်စိုးဦး ( ခေါ် ) မိုးအောင်တို့ နှစ်ဦးကို မနေ့ညက မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့က နိုင်ငံတော် လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃နဲ့ စစ်ဆေးနေတယ်လို့ ရဲကြေးနန်းတွေအရ သိရပါတယ်။