သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-09
လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၉ နှစ်မြောက် အာဇာ နည်နေ့မှာ အာဇာနည် ခေါင်းဆောင်တွေ ကျဆုံးခဲ့တဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ အစိုးရပိုင်မီဒီ ယာဖြစ်တဲ့ မြန်မာ့အသံကနေ ဥသြဆွဲပြီး အချက်ပေး မှာဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
2016-07-09
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ မြို့ခံတွေက ဒေသဖံ့ွဖြိုးရေးလုပ် ငန်းတွေ ဆောင်ရွက်ပေးဖို့ ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း ကို ဒီနေ့ တင်ပြ ခဲ့ကြပါတယ်။
2016-07-09
ကရင်ပြည်နယ် အိန္ဒု-ကော့ကရိတ် အဝေးပြေးကားလမ်းဖောက်လုပ်ရေးကို တရုတ်နိုင်ငံက နာမည်ကျော် CRBC ဆောက်လုပ်ရေး ကုမ္ပဏီက လုပ်ပိုင်ခွင့်ရသွားတယ် လို့ သတင်းရရှိပါတယ်။
2016-07-09
ပြီးခဲ့တဲ့ ဇွန်လကစပြီး ရက်ရှည်ဆန္ဒပြနေတဲ့ မန္တလေးတိုင်း ပလိပ်မြို့က ပန်ဒါချည်မျှင်နဲ့ အထည်စက်ရုံက ဆန္ဒပြ အလုပ်သမားတွေ နဲ့ အလုပ်ရှင်အကြား မပြေလည်မှုတွေကို မန္တလေးတိုင်းအစိုး ရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေ ဒီနေ့ ကြားဝင် ညှိနှိုင်းပေးပေမယ့် နှစ်ဖက်ပြေလည်မှု မရသေးဘဲ ဆွေးနွေး ပွဲပြီးဆုံးခဲ့ပါတယ်။
2016-07-09
ရှမ်းပြည်နယ် လားရှိုးမြို့မှာထားရှိမယ့် ဗိုလ်ချုပ်ကြေးရုပ်တု မျက်နှာဟာ ဗိုလ်ချုပ်အောင်ဆန်း မျက်နှာနဲ့ မတူဘူးဆို ပြီး ဝေဖန်မှုတွေရှိနေတာကြောင့် ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီက မြို့ခံလူထုရဲ့ ဆန္ဒသဘောထားခံယူပြီး ကြေးရုပ် ကို ပြင်ဆင်ဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2016-07-09
အစိုးရရဲ့ "ရခိုင်ပြည်နယ်က မွတ်စလင် အသိုင်းအဝိုင်း"ဆိုတဲ့ အသုံးအနှုန်းကို ကန့်ကွက်ကြောင်း ရခိုင်ပြည်နယ် ရသေ့တောင်မြို့မှာ ဒေသခံ တစ်ထောင်ကျော်လောက် ဒီနေ့ ဆန္ဒပြကြပါတယ်။
2016-07-09
မန္တလေးတိုင်း မတ္တရာမြို့နယ် ရေနံ့ သာကျေးရွာမှာ ကျန်းမာရေးဝန်ကြီးဌာန က ပြန်လည်စွန့်လွှတ်ခဲ့တဲ့ လယ်ယာမြေ ဧက တစ်ထောင်ကျော်ထဲက ဧက ၂၀၀ ကျော်ကို ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ က တောင်သူတွေထံ ဒီနေ့ ပြန်လည်ပေးအပ် ခဲ့ပါတယ်။
2016-07-09
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည် မြို့မှာ မြို့နယ်စည်ပင်သာယာရေးကော် မတီ အမှုဆောင်အရာရှိကို ရာထူး ကနေ နှုတ်ထွက်ပေးဖို့ ဒေသခံ ၁ဝဝ ကျော်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-07-09
တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေးအဖွဲ့အစည်းအားလုံးပါဝင်တဲ့ မျက်နှာစုံညီအစည်း အဝေးကို ဇူလိုင်လ ၂၆ ရက်နေ့မှာကျင်း ပဖို့ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ကျင်းပတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချူပ် NCA လက် မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသား အဖွဲ့က ခေါင်းဆောင် ကိုယ်စားလှယ်တွေ ဆုံးဖြတ်ခဲ့ကြပြီး ညီလာ ခံဖြစ်မြောက်ရေး ကော်မတီနဲ့ ကျင်းပရေးကော် မတီတွေ ဖွဲ့စည်းခဲ့ကြပါတယ်။
2016-07-08
၂၁ ရာစုပင်လုံညီလာခံမှာ တိုင်းရင်း သားကိုယ်စားလှယ် အခန်းကဏ္ဍကနေ ပါဝင်နိုင်ဖို့အတွက် ကချင်မျိုးနွယ်စုတွေက ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကိုယ်စား လှယ် ရွေးချယ်နိုင်ဖို့ နှီးနှောဖလှယ်ပွဲကို စတင်လိုက်ပါတယ်။
2016-07-08
မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက ရွာ ၉ ရွာမှာရှိတဲ့ မြေဧက တစ်ထောင်ကျော် ကို ပြန်လည်ရရှိဖို့ ထွန်တုံးတိုက်ပွဲတွေ ဆင်နွှဲခဲ့တဲ့ တောင်သူ ၇၂ ဦးတို့ တရားစွဲခံထားရတာကို ဒီကနေ့ မတ္တရာမြို့နယ်တရား ရုံးက ငွေဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်။
2016-07-08
မန္တလေးမြို့တော် စည်ပင်သာယာရေးကော် မတီမှာ တာဝန် ထမ်းဆောင်နေတဲ့ ကော် မတီဝင် ၁၁ ဦးကို တာဝန်ကနေ ရပ်ဆိုင်း လိုက်ကြောင်း မန္တလေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့က မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2016-07-08
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က မဘသ မလိုအပ်ဘူး ဆိုတဲ့ ပြောစကားအတွက် မဘသ အဖွဲ့ က တောင်းပန်ခိုင်းတဲ့အပေါ် တစ်စုံ တရာတုန့်ပြန်သွားမှာ မဟုတ်ဘူးလို့ NLD ပါတီခေါင်းဆောင် ဦးဝင်းထိန် က ပြောပါတယ်။
2016-07-08
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းက တာဝါတိုင် ဆောက်လုပ်နေရာမှာ တောင် သူတွေရဲ့ လယ်မြေတွေ ပျက်စီးကုန်ပြီး စီမံကိန်း က လျော်ကြေးမပေးဘူးလို့ ဒေသခံတောင်သူတွေက ပြောပါတယ်။
2016-07-08
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့ နယ် ရွှေလင်ဗန်းစက်မှုဇုံမှာရှိတဲ့ လဝန်းထက်သာ အထည်ချူပ်စက်ရုံက အလုပ်သမားတွေ အလုပ်ထုတ်ခံလိုက်ရတာကြောင့် အလုပ်ထုတ်နစ်နာကြေး ရရှိဖိုကို ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။