သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-05-30
ရန်ကုန်တိုင်း ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) က ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးအောင် ရဲ့ မဲရလဒ်အပေါ် အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ဦးသန်းထိုက်အောင် က ကန့်ကွက်ထားတဲ့အမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ အပြီးသတ်အမိန့်ချရာမှာ NLD ပါတီကို အနိုင်ပေးလိုက်ပါတယ်။
2019-05-30
မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်မြောက်ပိုင်းက မြို့နယ်တွေရဲ့ အခြေအနေကို ANP ပါတီက ဒီနေ့ လေ့လာတေ့ွရှိချက်အစီရင်ခံစာ ထုတ်ပြန်မယ်လို့ ပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးခိုင်ပြည်စိုး က ပြောပါတယ်။
2019-05-29
မြန်မာ့တပ်မတော်ဟာ တိုက်ခိုက်ရေးစွမ်းရည်ကို ပထမတန်းစားအဆင့်ဖြစ်အောင် မြှင့်တင်ဖို့ နောက်ဆုံးပေါ်စစ်လက်နက်ပစ္စည်းတွေကို အမေရိကန်ဒေါ်လာသန်းပါင်းများစွာအကုန်အကျခံပြီး ဝယ်နေတယ်လို့ AFP သတင်းတပုဒ်က ဒီနေ့ဖော်ပြလိုက်ပါတယ်။
2019-05-29
ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားခဲ့ကြတဲ့ မွတ်စလင် ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ အသင့်ရှိနေပြီလို့ မြန်မာအစိုးရ အကြီးတန်းအရာရှိတွေက ပြောပါတယ်။
2019-05-29
ရခိုင်ပြည်နယ်အတွင်း နောက်ဆုံးဖြစ်ခဲ့တဲ့ စစ်ဆင်ရေး ကာလတွေမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA နှစ်ဖွဲ့စလုံးက စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ AI အဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ အထောက်အထားမဲ့ စွပ်စွဲချက်သာဖြစ်တယ်လို့ နှစ်ဘက်ပြောရေးဆိုခွင့်ရှိသူတွေက တုံ့ပြန်ပြောကြားလိုက်ပါတယ်။
2019-05-29
ဆရာတော် ဦးဝီရသူ သတင်းသုံးတဲ့ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ထဲက ဓမ္မသဟာရကျောင်းကို မဟာအောင်မြေမြို့နယ်ရဲစခန်းက ဒီနေ့ညနေမှာ ဝင်ရောက်ရှာဖွေခဲ့ပါတယ်။
2019-05-29
ရိုက်တာသတင်းထောက်နှစ်ဦး လွှတ်ပေးတဲ့ကိစ္စ အပါအဝင် အပြုသဘောဆောင်ရွက် ချက်တွေကြောင့် ဥရောပနိုင်ငံတွေဘက်က ရင်းနှီးမြှုပ်နှံမှုတွေဟာ နောက်ပိုင်းမှာ တိုးတက်မှုတွေ ရှိလာနိုင်ကြောင်း နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး က ဒီနေ့ ပြောလိုက်ပါတယ်။
2019-05-29
နိုင်ငံတော် သမ္မတရဲ့ လုပ်ပိုင်ခွင့်အချို့ကို လျှော့ချတဲ့ပုဒ်မ တစ်ခုအပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ လေးခုကို ပြင်ဆင်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေကြမ်း တင်သွင်းလိုက်ပါတယ်။
2019-05-29
ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့အကြား စစ်ရေးပဋိပက္ခ ပိုမိုပြင်းထန်လာတာနဲ့အမျှ ကလေးသူငယ်တွေ အသက်ဆုံးရှုံးနေရတယ်ဆိုတဲ့အပေါ် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက်(ဖ်)က အထူးစိုးရိမ်နေရကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2019-05-29
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာက ကျောက်မီးသွေးသုံး အယ်လ်ဖာ ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်ဆန္ဒပြရာမှာ ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခဖြစ်ပြီးနောက် ဖမ်းဆီးခံထားရတဲ့ အောင်သပြေရွာသား နှစ်ဦးနဲ့ သတင်းထောက် ကိုနန္ဒ (တစ်ကိုယ်တော်) တို့ကို ပုသိမ်ကြီးမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ပြီး ဒုတိယအကြိမ် ချုပ်မိန့်ယူခဲ့ပါတယ်။
2019-05-29
ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ မောင်နှမရွာနဲ့ ငဒက်ရွာကြား ကုလားတန်မြစ်အတွင်း သွားနေတဲ့ တပ်မတော်စစ်ကြောင်းက စက်လှေ လေးစီးကို ရက္ခိုင့်တပ်မတော် AA က ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် တပ်မတော်အရာရှိ နှစ်ယောက် ကျဆုံးခဲ့သလို AA ဘက်ကလည်း တစ်ယောက် ကျဆုံးခဲ့တယ်လို့ နှစ်ဖက်ပြောခွင့်ရသူတွေက ပြောပါတယ်။
2019-05-29
ရခိုင်ပြည်နယ်အတွင်း နောက်ဆုံးဖြစ်ခဲ့တဲ့ စစ်ဆင်ရေးကာလတွေမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA နှစ်ဖွဲ့စလံ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ကြောင်းနဲ့၊ မြန်မာ့အရေးကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC တင်ဖို့ အရေးတကြီး လိုအပ်နေကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2019-05-29
မြန်မာအာဏာပိုင်တွေက ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ရွာမှာ လူသတ်မှုများ ကျူးလွန်ခဲ့တဲ့ စစ်သားတွေက ပြစ်ဒဏ်ရက်မစေ့ခင် ပြန်လွှတ်ပေးလိုက်ခြင်းဟာ မြန်မာ့တရားဥပဒေမဏ္ဍိုင် ယိမ်းယိုင်နေတာကို ပြနေတာဖြစ်ပြီး စံနှစ်မျိုးပုံစံဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ AI က RFA ကိုပြောပါတယ်။
2019-05-28
ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ အင်္ဂါနေ့ညနေက ပူလစ်ဇာဆုတွေ ပေးအပ်ချီးမြှင့်လိုက်ပါတယ်။
2019-05-28
မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော်ဦးဝီရသူကို အင်္ဂါနေ့ ညနေမှာ သက်ဆိုင်ရာက ဖမ်းဝရမ်း ထုတ်လိုက်ပြီလို့ သတင်းရပါတယ်။