သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-07-30
ပဲခူးတိုင်း အနောက်ခြမ်း ဇီးကုန်းမြို့နယ်မှာ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးရာမှာ မမျှတမှုတွေ ညီတူညီမျှ မရှိမှုတွေကြောင့် ဆိတ်ဖူးကျင်း ကျေးရွာအုပ်စု ကန်ကြီးကျေးရွာက လယ်သမားကြီး ၄၄ ယောက်က သမ္မတကြီး အပါအဝင် ဗဟိုနဲ့ တိုင်းဒေသကြီး အာဏာပိုင်တွေကို ဒီကနေ့ တင်ပြ တိုင်ကြားလိုက်တယ်လို့လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးအောင်မြတ်သူက ပြောပြပါတယ်။
2012-07-30
မန္တလေးတိုင်း သာစည်မြို့လယ်ခေါင်မှာရှိတဲ့ ကောင်းဇော်ဟိန်း စက်သုံးဆီဆိုင် ဖယ်ရှားပေးရေးအတွက် လူအင်အား (၁၀၀) ကျော်က ဒီကနေ့ မနက်ပိုင်းက စီတန်း လှည့်လည်ပြီး တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
2012-07-30
မြန်မာနိုင်ငံက တိုင်းရင်းသား (၁၃၅) မျိုးထဲမှာ ရိုဟင်ဂျာဟာ ဘယ်တုန်းကမှ မပါဝင်ခဲ့ဘူးသလို မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး ဆိုတာလည်း မရှိဘူးလို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူအင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2012-07-29
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintana ဟာ တနင်္ဂနွေနေ့ ညနေပိုင်းက ရန်ကုန်မြို့ကို ရောက်ရှိ လာခဲ့ပါတယ်။
2012-07-29
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ရဟန်းအမအဖြစ် ကုသိုလ်ဒါနပြုတဲ့ ရဟန်းခံပွဲကို မနေ့က ပုဂံမြို့မှာ ကျင်းပခဲ့ပါတယ်။
2012-07-29
လာမယ့် ၂၀၁၃ ခုနှစ်ကျရင် မြန်မာနိုင်ငံက ဘဏ်တွေမှာ နိုင်ငံတကာ အကြွေးကတ်တွ စတင် သုံးစွဲနိုင်တော့မယ်လို့ မျှော်လင့်ရကြောင်း အေပီ သတင်းက ဖော်ပြပါတယ်။
2012-07-29
ကသာမြို့ရွှေမေတ္တာလမ်းရှိ ဗယ်လဲင်တိုင်း (Valentine) ကာရာအိုကေ လုပ်ငန်းရှင် ဦးမြင့်မောင်က လျှပ်တစ်ပြက် ဂျာနယ်ကို အတွဲ သုံး အမှတ် ၈၄ နဲ့ ၈၈ ပါ ရေးသားချက်များနဲ့ပတ်သက်လို့ အသရေဖျက်မှု နဲ့တရားစွဲဆိုခဲ့ရာမှာ အမှုကို တရားသူကြီးက ပြစ်မှုဆိုင်ရာအမှုကြီး ၄၈၇/၁၂ နဲ့ လက်ခံလိုက်လို့ ဇူလိုင်လ ၃၀ ရက်နေ့မှာ စတင်ကြားနာမဲ့ အကြောင်း တရားလို ဦးမြင့်မောင်ရဲ့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ဆွေ ကပြောပြပါတယ်။
2012-07-29
မန္တလေးမြို့ကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ခေါင်းဆောင်တွေဟာ ဒေသခံ လူမှုရေးလုပ်ငန်းတွေ အတွက် ဒီကနေ့ သွားရောက် လှူဒါန်းခဲ့ကြပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ အနေနဲ့ ဒေသခံပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဝိုင်းဝန်း ဖြည့်ဆည်းပေးမယ်ဆိုတဲ့ မူလုပ်ငန်းစဉ်အရ ရောက်ရှိတဲ့ဒေသတွေမှာ သွားရောက် လှူဒါန်းတာ ဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုပြုံးချိုက ပြောပါတယ်။
2012-07-29
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လာမယ့်စက်တင်ဘာလ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မှာ အင်အားအပြည့်နဲ့ ကြိုဆိုနိုင်ရေး အတွက် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများဆုံး နေထိုင်ရာ အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့မှာ ပြင်ဆင်နေကြပါတယ်။
2012-07-28
မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ဖို့ ကြိုးစားနေတဲ့ ဒုက္ခသည်တွေထဲမှာ အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ် ရှိသူတွေ ပါဝင်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောဆိုလိုက်ပါတယ်။
2012-07-28
လူငယ်အဖွဲ့တွေ ဦးစီးပြီး အပတ်စဉ် ကျင်းပနေတဲ့ အသင်းအဖွဲ့များ၏ ပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ်မြန်မာပြည် ဆိုတဲ့ တတိယအကြိမ် ဆွေးနွေးပွဲကို ရန်ကုန်မြို့မှာ တော်ဝင်နှင်းဆီမှာ ဒီနေ့ကျင်းပခဲ့ပြီး၊ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဒုဥက္ကဋ္ဌ စာရေးဆရာမ သန်းမြင့်အောင် က ငြိမ်းချမ်းရေးနဲ့ပရဟိတအကြောင်း ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။
2012-07-28
မြန်မာစာနယ်ဇင်းလောကမှာ သတင်းတွေ ရေးသားဖေါ်ပြတာနဲ့ ပတ်သက်လို့ ဂျာနယ်တချို့ တရားရင်ဆိုင်နေရတဲ့ ကိစ္စနဲ့ ထုတ်ဝေခွင့် ပိတ်ပင်ခံထားရတာတွေ အပေါ် မြန်မာစာနယ်ဇင်းသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ (ယာယီ) က ကန့်ကွက်တဲ့ ကြေညာချက် တစောင် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
2012-07-28
မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို သူတို့နိုင်ငံမှာ ထပ်မံလက်ခံဖို့ မဖြစ်နိုင်တော့ဘူးလို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောပါတယ်။
2012-07-28
သြဂုတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၄ နှစ်ပြည့် အခမ်းအနား တရပ်ကို ရန်ကုန်မြို့မှာ ကျင်းပဖို့ အဖွဲ့အသီးသီးက M3 စားသောက်ဆိုင်မှာ ဒီနေ့ အစည်းအဝေး တရပ် ကျင်းပကြပါတယ်။
2012-07-28
ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ် အတွင်းက ရွာသား တစ်ယောက်ကို မြန်မာ အစိုးရတပ်က ဖမ်းသွားပြီးနောက် သေဆုံးနေတဲ့ အလောင်းကိုပဲ မနေ့က ပြန်တွေ့ရတယ်လို့ သိရပါတယ်။