သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-06-11
တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာ ကုန်စည်ပြပွဲဟာ အရင်နှစ်တွေထက် လူစည်ကားတဲ့အပြင် အဲဒီပွဲမှာ ဝင်ရောက်ပြသရောင်းချတဲ့ မြန်မာကျောက်စိမ်းကုန်သည်တွေလဲ အားလုံးလိုလို အရင်နှစ်ကထက် ဈေးရောင်းကောင်းကြ တယ်လို့ သိရပါတယ်။
2013-06-11
အင်းလေး ဟိုတယ်ဇုန်စီမံကိန်း တဝိုက်က အသိမ်းခံထားရတဲ့ လယ်ယာမြေတွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထွန်တုံးတိုက်ပွဲဆင်နွှဲခဲ့တဲ့ ကန်ပဲ့ကျေးရွာက တောင်သူ ၄ ဦးကို ဇွန်လ ၉ ရက်နေ့ က ညောင်ရွှေမြို့နယ် ရဲတပ်ဖွဲ့ဝင် ၅ဝ ကျော်က လာရောက်ဖမ်းဆီးချိန် ဒေသခံတွေက တားဆီးတာကြောင့် အဲဒီတောင်သူတွေကိုမဖမ်းဘဲ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
2013-06-10
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ၂ဝ၁၅ ရွေးကောက်ပွဲအပြီးမှာ သမ္မတတာဝန်ယူဖို့ ဆန္ဒရှိကြောင်း RFA ကို ဒီကနေ့ ပြောကြားလိုက် ပါတယ်။
2013-06-10
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကြေးတောင်ကျင်းကျေးရွာ နဲ့ ဒေါင်းတိုက်ရွာက လယ်သမား ၁၃ ဦးကို အဲဒီမြို့မှာ အခြေစိုက်တဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး စက်ရုံ က.ပ.စ (၅)က သိမ်းယူထားတဲ့ လယ်မြေတွေပေါ်မှာ ထွန်ယက်စိုက်ပျိုးလို့ဆိုပြီး ထုံးဖိုရဲစခန်းက တရားစွဲထားတယ် လို့ တောင်သူတွေက ပြောပါတယ်။
2013-06-10
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကြက်လျှာကျေးရွာ အနီးတဝိုက်က မြို့နယ်အာဏာပိုင်တွေ သိမ်းယူထားတဲ့ လယ်ယာမြေတွေမှာ ကျေးရွာ ၅ ရွာက လယ်သမား ၄ဝ ကျော်ဟာ ဒီကနေ့မှာလည်း ဆက်လက်ထွန်ယက် စိုက်ပျိုးခဲ့ကြပါတယ်။
2013-06-10
ပြည်သူ့ဂုဏ်ရည်အသင်းက ပေးအပ်တဲ့ ၂ဝ၁၃ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award) ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပညာရေးကွန်ရက်က ရရှိခဲ့ပါတယ်။
2013-06-10
အစိုးရနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/ SSA တို့အကြား ပြည်တွင်းငြိမ်းချမ်းရေးကို အကောင် အထည်ဖော်ရာမှာ လိုအပ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး စောင့် ကြည့်လေ့လာရေးအဖွဲ့ ဖွဲ့စည်းဖို့ ဒီကနေ့ သဘောတူညီ လိုက်ကြတယ်လို့ သိရပါတယ်။
2013-06-10
မြန်မာနိုင်ငံမှာ သမ္မတတာဝန် ထမ်းနိုင်ဖို့အတွက် လာမယ့် ၂ဝ၁၅ ခု ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ အမေရိကန် ပြည်ထောင်စုကို အလည်အပတ်ရောက်ရှိလာ တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း က ပြောကြားလိုက်ပါတယ်။
2013-06-10
မြန်မာနိုင်ငံက အပြောင်းအလဲတွေအနေနဲ့ တကယ်တမ်းပြောင်းလဲမူတွေ ဖြစ်လာဖို့ဆိုတာ ပြည် သူတွေပေါ်မှာ မူတည်တယ်လို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ၊ မေရီလင်းနဲ့ ဗာဂျီးနီးယားပြည်နယ် က မြန်မာနိုင်ငံသား တိုင်းရင်းသားတွေနဲ့ တွေ့ဆုံပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ပြောသွား ပါတယ်။
2013-06-09
ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကိုယ်တိုင် ခေတ္တတွေ့ဆုံရချိန် လှိုက်လှိုက်လှဲလှဲ ခံစားခဲ့ရကြောင်း ဖိလစ်ပိုင် သမ္မတ ဘင်နီနို အကွီနိုက ပြောကြားလိုက်ပါတယ်။
2013-06-09
ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်၊ ရွှေပြည်သာ စက်မှုဇုန်၊ မင်္ဂလာဒုံ စက်မှုဇုန်နဲ့ ကမာရွတ် စက်ရုံတွေက အလုပ်သမား တစ်ထောင်ကျော်လောက်ဟာ တစ်ရက်ကို အခြေခံလုပ်ခလစာ ကျပ် ၃ဝဝဝ အထိ တိုးမြှင့်ပေးဖို့ ဒီကနေ့ မနက်ပိုင်းက ချီတက်ဆန္ဒပြကြ ပါတယ်။
2013-06-09
၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ မဏ္ဍိုင်ဥပဒေအကယ်ဒမီအဖွဲ့တို့ ပူးပေါင်းပြီး အလုပ်ရှင်၊ အလုပ်သမားအကြား ဖြစ်ပေါ်နေ တဲ့ ပြဿနာရပ်တွေကို အလုပ်သမားတွေဘက်ကနေ ဥပဒေကြောင်းအရ အခမဲ့ကူညီဖြေရှင်းပေးမယ်လို့ မဏ္ဍိုင် ဥပဒေအကယ်ဒမီ အဖွဲ့ခေါင်းဆောင် တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2013-06-09
ကချင်ပြည်နယ်မှာ အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားတဲ့ (၂) နှစ်ပြည့် အထိမ်း အမှတ်အဖြစ် သေဆုံးခဲ့သူတွေကို ရည်စူးပြီး လမ်းလျှောက် ချီတက်ပွဲကို ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။
2013-06-09
ကချင်ဒေသ ငြိမ်းချမ်းရေးရဖို့ ကချင်စစ်ပွဲ ၂ နှစ်မြောက်တဲ့ ဒီကနေ့မှာ ငြိမ်းချမ်းရေး အတွက် တရုတ် မြန်မာနယ်စပ်စခန်းတွေ က ဒုက္ခသည်တွေ ဆုတောင်းကြတယ်လို့ သိရပါတယ်။
2013-06-09
တနင်္သာရီတိုင်း ထားဝယ်ရေနက် ဆိပ်ကမ်းဧရိယာမှာ စီမံကိန်းကြောင့် နစ်နာရမှုတွေကို ထိုင်းအစိုးရထံ တင်ပြသွားမယ့်အကြောင်း ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ က ဒီနေ့တွေ့ဆုံစဉ် ကတိပေးပြောကြားလိုက်ပါတယ်။