သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-04-08
ကြားဖြတ်ရွေးကောက်ပွဲနေ့ မတိုင်ခင် မှာ နိုင်ငံပိုင်မီဒီယာတွေကနေ NLD ပါတီ ခေါင်းဆောင်တွေရဲ့ ပြောကြား ချက်တွေကို ဖော်ပြခဲ့တာဟာ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်ရာရောက်တဲ့ အတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်စာတင် သွားမယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေး ပါတီ (၁၂) ခုက မနေ့က သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2017-04-08
ကြားဖြတ်ရွေးကောက်ပွဲမှာ ခိုင်လုံမဲ ၈ ပုံ ၁ ပုံ မရရှိခဲ့တဲ့ လွှတ်တော်ကိုယ်စား လှယ်လောင်း ၅၃ ဦးဟာ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ကျပ် ၃ သိန်းစီဆုံးရှုံးပြီး ကျန်တဲ့ ၄၁ ဦးကို ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က အာမခံငွေကြေး ပြန် လည်ပေးအပ်မှာဖြစ်ပါတယ်။
2017-04-08
၁၆ ကြိမ်မြောက် ကရင်အမျိုးသား အစည်း အရုံး KNU ကွန်ဂရက်ကနေ ဥက္ကဌ၊ ဒုဥက္ကဌ အပါအဝင် ခေါင်းဆောင်သစ် ၅ ဦးကို ရွေးချယ်ရာမှာ ဥက္ကဌ အဖြစ် အရင်ကတာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ကိုပဲ ပြန်လည်ရွေးချယ်လိုက်ပြီး ဒုတိယဥက္ကဌကို ပဒိုစော ကွယ်ထူးဝင်း ကို ရွေးချယ်လိုက်ပါတယ်။
2017-04-08
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အနီးက ငဝန်မြစ်ထဲမှာ မနေ့ညက မော်တော်တစ်စီး နဲ့ ကျောက်တင်စက်လှေတို့ တိုက်မိရာ လူအယောက် ၂၀ သေဆုံးပြီး ၉ ဦးခန့် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
2017-04-08
NCA စာချုပ်ကို လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ လက်မှတ်ထိုးထားခြင်း မရှိသေး တဲ့ အဖွဲ့တွေက ခေါင်းဆောင် ၆၀ လောက် တက်ရောက်တဲ့ ထိပ်သီးအစည်းအဝေးကို ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စတင်ကျင်းပနေပြီး မနက်ဖြန်အထိ ၂ ရက်ကြာမြင့်မှာဖြစ် ပါတယ်။
2017-04-07
ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ မြန်မာ အစိုးရကိုဆက်ပြီး ဖိအားပေးနေရမယ်လို့ မလေးရှား အစ္စလာမ် အဖွဲ့များ အကြံပေးကောင်စီ (MCCIO) ရဲ့ ဥက္ကဌက Mohd Azmi Abdul Hamid က ဒီနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
2017-04-07
တရုတ်ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ ဟွာဝေးကုမ္ပဏီဟာ မြန်မာနိုင်ငံက ထူးချွန်ကျောင်းသား ၁၀ ဦးကို ရွေးချယ်ပြီး တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်း ပညာတွေ လေ့လာဖို့ စေလွှတ်တော့မယ်လို့ ဆိုပါတယ်။
2017-04-07
တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို ၆ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေတဲ့ သမ္မတဦးထင်ကျော်က မြန်မာနိုင်ငံအနေနဲ့ "ခေတ်သစ်ပိုး လမ်းမကြီး" တည်ဆောက်ရေးမှာ ပါဝင်သွားဖို့ လေ့လာနေ တဲ့အကြောင်း Shaanxi ရှန့်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူး ကို ပြောကြားခဲ့တယ် လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြ ပါတယ်။
2017-04-07
ရန်ကုန်မြိုတော် စည်ပင်သာယာရေးကော်မတီဝင် (၅) ဒေါ်သန်းမြင့်အောင် ခေါင်းဆောင် အဖြစ် ပါဝင်မယ့် ရိုးရာသြင်္ကန်ဖော်ဆောင်ရေး ပရဟိတ အဖွဲ့ကို ဒီကနေ့စတင်ဖွဲ့စည်းလိုက်ပြီး ၂၀၁၇ ခုနှစ် ရန်ကုန်သြင်္ကန်အတွက် ပူးပေါင်းဆောင်ရွက်ပေးသွားမယ်လို့ မြို့တော်ခန်းမမှာဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ဒေါ်သန်းမြင့််အောင်ကပြောပါတယ်။
2017-04-07
ဧရာဝတီမြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအား လျှပ်စစ် စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေးကော်မရှင်ရဲ့ အစီရင်ခံစာ တင်ပြနိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင် သက်ရောက်မှု လေ့လာစမ်းစစ်ချက် (EIA/SIA) အစီရင်ခံစာထွက်ပေါ်လာဖို့ စောင့်ရဦးမယ် လို့ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ မြဉာဏ္ဏစိုးက ပြောပါတယ်။
2017-04-07
ရေရှားလာနိုင်တဲ့ကျေးရွာတွေအတွက် နည်းလမ်းအမျိုးမျိုးနဲ့ ဖြေရှင်းပေးသွားမယ်လို့ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မြတ်ထွန်း ကပြောပါတယ်။
2017-04-07
ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ဒီကနေ့ကစပြီး Air-Con တပ်ဆင်မထားတဲ့ YBS ကားတွေရဲ့ ယာဉ်စီးခတွေကို ခရီးစဉ်အပိုင်းအ လိုက် ပြောင်းလဲသတ်မှတ်လိုက်တာကြောင့် ယာဉ်လိုင်းတချို့ က ကားတွေမထွက်ဘဲ ဒီကနေ့ ဆန္ဒပြကြပါတယ်။
2017-04-07
၂၀၁၂ ခုနှစ်က ဖမ်းဆီးခံခဲ့ရပြီး ဖောက်ခွဲမှု နဲ့ ထောင်ဒါဏ် ၈ နှစ် ချမှတ်ခံထားရတဲ့ ဦးလဖိုင်ဂမ်ဟာ လက်ရှိအချိန်မှာ ကျန်းမာရေးဆိုးဝါးနေတဲ့အတွက် လုံလောက်တဲ့ ဆေးကုသ မှုပေးဖို့နဲ့ မတရားစွပ်စွဲပြီး ပြစ်ဒဏ်ချမှတ်ခံထားရတဲ့အတွက် သူ့ကိုလွှတ်ပေးဖို့ အစိုးရထံ တင်ပြတောင်းဆို ထားကြောင်း ရှေ့နေက ပြောပါတယ်။
2017-04-07
NLD ပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ဟာ ကျန်းမာရေး အခြေအနေကြောင့် ပါတီကနေ နှုတ်ထွက်ခွင့်ပြု ဖို့ တောင်းဆိုတယ်ဆိုတဲ့ စာအတုကို ပါတီရဲ့ရုံးတံဆိပ်နဲ့ လူမှုကွန်ယက် Facebook စာမျက်နှာပေါ်ကို တင်ခဲ့တဲ့ ဦးအောင်မြင့်ထွန်း(ခ) ဦးဖိုးထောင်ကို နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်တရားရုံးက ဒီကနေ့ အလုပ်နဲ့ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။
2017-04-07
Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်း ကို အမှုဖွင့်ထားတာတွေနဲ့ ပတ်သက်ပြီး သာသာနာရေးဝန်ကြီးဌာနက စာနဲ့ အကြောင်းပြန်ကြားခဲ့တာဟာ တရားစီရင်ရေးကို ဝင်ရောက် စွက်ဖက်တာ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြန်ကြားချက် သာဖြစ်ကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက မနေ့က ထုတ်ပြန်လိုက်ပါတယ်။