သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-09
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နားက ရတနာလင်္ကာရဘုန်းကြီးကျောင်းမှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ ကံကောင်းခြင်းရတနာသစ်အချောထည်စက်ရုံ အလုပ်သမား ၇၀၀ လောက်ဟာ စက်ရုံက လျော်ကြေးကို လက်ခံလိုက်ပြီး ဒီကနေ့ သပိတ်စခန်းကို ရုပ်သိမ်းလိုက်ပါတယ်။
2014-06-08
မြောက်ကိုရီးယားနဲ့ မြန်မာကြား ကာ ကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုတွေ မရှိကြောင်း မြန်မာအစိုးရက ထပ်မံငြင်းဆိုကြောင်း ၊မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနကို ကိုးကားပြီး Korea Times သတင်း က ဖေါ်ပြပါတယ်။
2014-06-08
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်က ကံကောင်းခြင်းရတနာ သစ်အချောထည် စက်ရုံက လနဲ့ ချီပြီး သပိတ်စခန်းဖွင့် ဆန္ဒပြနေကြတဲ့ အလုပ်သမား ၇၀၀ ကျော်ကို အလုပ်ရှင် က လျော်ကြေးငွေတွေ မနေ့က စတင် ထုတ်ပေးပေမယ့် အများစုက ငြင်းဆန်ကြတယ်လို့ သိရပါတယ်။
2014-06-08
ဒီနှစ်အစပိုင်း ဇန်နဝါရီလ ၁၃ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရာတန်းကျေးရွာမှာ ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်သိန်း သေဆုံးသွားတဲ့ ဖြစ်စဉ်တွေနဲ့ ဆက်နွယ်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ၄၆ ဦးကို တရားခံပြေးအဖြစ် ထုတ်ပြန်ကြေငြာထားကြောင်း အမည်မဖေါ်လိုတဲ့ မောင်တောခရိုင်ရဲအရာရှိတစ်ဦးက ဒီကနေ့ ပြောကြားပါတယ်။
2014-06-08
ပြည်သူတွေဟာ ကျွန်တွေ မဟုတ်၊ သခင်ဖြစ်တယ်ဆိုတာကို သက်သေပြ ဖို့အတွက်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ကြရမယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီနေ့ ထားဝယ်မြို့မှာ ကျင်းပတဲ့ လူထုဟောပြောပွဲတစ်ရပ် မှာ ပြောကြားလိုက်ပါတယ်။
2014-06-08
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အချက် ၅ ချက်ပါ လုပ်ထုံးလုပ်နည်းတွေကို သတ်မှတ်လိုက်ကြောင်း ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာလိုက်ပါတယ်။
2014-06-08
ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးရဲကျော်သူ ကျောင်းတိုက်မှာ သီတင်း သုံးနေတဲ့ သံဃာတော်တစ်ပါးဖြစ်သူ ဦးစက္ကိန္ဒဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရက ပိုမို အလေးထားဆောင်ရွက်ပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီကနေ့ စစ်တွေမြို့မှာ တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒပြခဲ့ပါတယ်။
2014-06-07
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဇွန်လ ၂ ရက်နေ့ကကျင်းပခဲ့တဲ့ ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ ရွေးချယ်ပွဲကနေ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FTUM) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် ကို လက်ထောက် အလုပ်သမားကိုယ်စား လှယ်အဖြစ် ရွေးချယ်လိုက်ပါတယ်။
2014-06-07
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့က ကံကောင်းခြင်းရတနာသစ်အချောထည် စက်ရုံ အလုပ်သမား တွေ ဖွင့်လှစ်ထားတဲ့ သပိတ်စခန်းကို ဖျက်ပေးမယ်ဆိုရင် အလုပ်သမားတစ်ချို့ကို စွဲဆိုထားတဲ့ ပုဒ်မတွေကိုလည်း ရုတ်သိမ်းပေးမယ်လို့ မန္တလေးတိုင်းဒေသကြီး နယ်စပ်လုံခြုံရေးနဲ့ ကာကွယ်ရေး ဝန်ကြီးက ပြောကြောင်း သိရပါတယ်။
2014-06-07
မြန်မာနိုင်ငံ အထည်ချုပ်စက်ရုံ ၂ ရုံက ထွက်တဲ့ အဝတ်အထည်တွေကို အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဆစ္စ ကိုမြို့အခြေစိုက် GAP ကုမ္ပဏီက လက်အောက်ခံကုမ္ပဏီပိုင် တံဆိပ်တွေဖြစ်တဲ့ Old Navy နဲ့ Banana Republic ဆိုင်ခွဲတွေအတွက် ဒီလထဲမှာ စပြီးတင်သွင်းမယ်လို့ သိရပါတယ်။
2014-06-07
လာမယ့် ဇွန်လ ၉ ရက်နေ့ မကွေးတိုင်းဒေ သကြီး မကွေးမြို့မှာ ပြုလုပ်မယ့် ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲ အတွက် ကျင်းပခွင့်တင်ပြရာမှာ တိုင်းရဲတပ်ဖွဲ့မှူးက ခွင့်မပြုကြောင်း သိရပါတယ်။
2014-06-07
မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းရေး ကာလ အနာဂါတ်မှန်းဆချက်များ ခေါင်းစဉ် နဲ့ ဆွေးနွေးပွဲကို ရန်ကုန်မြို့ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2014-06-07
အနာဂတ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် ဥပဒေရေးရာနဲ့ ပတ်သက်ပြီး တတ်သိကျွမ်းကျင်တဲ့သူတွေ ပူးပေါင်းပါဝင်ဖို့ လို့အပ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
2014-06-07
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လိုတာ ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကျိုးအတွက် မဟုတ်ဘဲ ပြည်သူလူထုရဲ့ သြဇာလွှမ်းမိုးစေလိုတဲ့ အတွက် ပြင်ဆင်ချင်တာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။
2014-06-06
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာမှာ စစ်တပ်က နှစ်ပေါင်းများစွာ သိမ်းယူထားခဲ့တဲ့ လယ်မြေတွေ မှာ ဒီနေ့ ညောင်ဝန်းကျေးရွာ လယ်သမားတွေက ဝင်ရောက် ထွန်ယက်ခဲ့ကြပါတယ်။