သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-09-09
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းဒေသမှာ မြေယာလျော်ကြေးကို သတ်မှတ်ထားတဲ့ရက်အတွင်း မယူကြဘူးဆိုရင် ကျန်ရှိတဲ့မြေယာလျော်ကြေးငွေတွေကို လက်ပံတောင်းတောင် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် သတ်မှတ်သွားမယ်လို့ အစိုးရက ဒီနေ့ပြောလိုက်ပါတယ်။
2013-09-09
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ကြေးစင်တောင်နဲ့ စံပယ်တောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း သိမ်းယူထား တဲ့ လယ်မြေဧက ငါးထောင်ကျော်အတွက် လျော်ကြေးရ ရှိရေး၊ ဒေသခံတွေရဲ့ နစ်နာချက်တွေကို ဖြေရှင်းပေးရေး အတွက် ရာနဲ့ချီတဲ့ဒေသခံတွေဟာ ကံကုန်းရွာမှာ ဒီနေ့ တတိယအကြိမ် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2013-09-09
ဘာသာပေါင်းစုံ ချစ်ကြည်ရေး အထိမ်းအမှတ်အနေနဲ့ မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက် ဆရာတော်ကြီး ဦသီလဝံသ နဲ့ သံဃာတော်အပါး ၇ဝ ကို မြစ်ကြီးနားမြို့ခံ အစ္စလာမ် ဘာသာဝင်တွေက မနေ့က နေ့ဆွမ်းကပ်လှူခဲ့ပါတယ်။
2013-09-09
ကုလသမဂ္ဂအဖွဲ့နဲ့ နိုင်ငံတကာ လူသားချင်း စာနာမှု အကူအညီပေးရေးအဖွဲ့တွေဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရုံးစိုက်ရာ လိုင်ဇာမြို့နဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေကို အခြေခံစားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို အခုလ ၇ ရက်နေ့ ကစတင်ပြီး သွားရောက်ပေးပို့နေပါတယ်။
2013-09-09
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကနေ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကိုတင်ပို့နေ တဲ့ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ထိခိုက်နစ်နာမှုတွေကို ဖြေရှင်းပေးဖို့နဲ့ ဒေသခံတွေရဲ့ရပိုင် ခွင့်တွေကို ဆောင်ရွက်ပေးဖို့ ကျောက်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၂၈ ရွာက ဒေသခံတွေ စုပေါင်းလက်မှတ်ရေး ထိုးပြီး နိုင်ငံတော်သမ္မတဆီကို ဒီနေ့ စာပေးပို့လိုက်ပါတယ်။
2013-09-09
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်နေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ဟာ ALP ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ WLB အမျိုးသမီးများ အဖွဲ့ချူပ် ( မြန်မာနိုင်ငံ) အဖွဲ့က ခေါင်းဆောင်တွေနဲ့ ဒီနေ့ မနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2013-09-09
ဒီနေ့ကျရောက်တဲ့ ဆရာတော် အရှင်ဦးဥတ္တမ ပျံလွန်တော်မူတဲ့ ၇၄ နှစ်မြောက်အဖြစ် အောက်မေ့ဖွယ် အခမ်းအနားတွေကို ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် ၁၇ ခုလုံးမှာ နိုင်ငံရေး ပါတီတွေနဲ့ လူမှုအဖွဲ့အစည်းတွေ ဦးဆောင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခဲ့ကြပါတယ်။
2013-09-09
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံတော်အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အစိုးရကနေ နောင် တက်လာမယ့်အစိုးရကို အာဏာလွှဲပြောင်းပေး ဖို့ ရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဒီနေ့ ပြော လိုက်ပါတယ်။
2013-09-08
၁၉၈၈ ခုနှစ်က ပြဌာန်းထားတဲ့ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကို အမြန်ဆုံးပယ်ဖျက်ပေးဖို့ လူမှုရေး အသင်းအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။
2013-09-08
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာ မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူတွေထဲက ၄ ဦးကို မီးရှို့မူ အကျိုးစီးပွားဖျက်စီးမူတွေနဲ့ စွဲချက်တင်လိုက်ပြီး ၆ ဦး ကို ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။
2013-09-08
လွှတ်တော်စတင်ခဲ့တဲ့ ၂၀၁၁ ခုနစ်ကနေ ဒီကနေ့အထိ ရေးဆွဲပြဌာန်းခဲ့တဲ့ ဥပဒေတွေကို ပြန်လည်သုံးသပ်သွားမှာဖြစ် ပြီး အားနည်းချက်တွေ တွေ့ရှိလာရင်လည်း ပြန်လည်ဖြည့် စွက် ပြင်ဆင်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက ဒီကနေ့ ကတိပေးပြောကြားလိုက်ပါတယ်။
2013-09-08
ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်စီမံကိန်း ဖော်ဆောင်တဲ့နေရာမှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကို ဦးစားပေးဆောင် ရွက်သွားမယ်လို့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲ့ရေးကော်မတီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2013-09-08
မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မှုခဲ့တဲ့ (၇၄) နှစ်မြောက် အခမ်းအနားကို ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့ ဖလန်ဆောင်အရပ်က ဝပ်လောင်ဘုန်းကြီးကျောင်းမှာ ဒီနေ့ ပရိသတ် တစ်ထောင်နီးပါး တက်ရောက်ပြီး စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြပါတယ်။
2013-09-08
ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကို ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မြို့တော်ခန်းမမှာ ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
2013-09-08
မိတ္ထီလာမြို့ပေါ်က မွတ်စလင် ဒုက္ခသည် ၃၀၀၀ ကျော်အတွက် မန္တလေးမြို့ အခြေစိုက် ဘာသာပေါင်းစုံ ကူညီစောင့်ရှောက်ရေးအဖွဲ့က ဒီနေ့ ငွေကျပ်သိန်း ၈၀၀ သွားရောက်လှူဒါန်းလိုက်ပါတယ်။