သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-12-08
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ မြန်မာ နိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ ပိုမို တိုးတက်လာဖို့ အစိုးရအနေနဲ့ မြန်မာ့လူ့ဘောင် အတွင်း ဖြစ်ပေါ်နေတဲ့ ပြဿနာရပ်တွေကို အခြေခံ ကျကျ ဖြေရှင်းပေးဖို့လိုတယ်လို့ ‘ညီမျှခြင်း မြန်မာ’ လူ့အခွင့်အရေးအဖွဲ့က တိုက်တွန်း လိုက်ပါတယ်။
2014-12-08
မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှုဟာ အခုနှစ်မှာ ထူးထူးခြားခြား ၂၃ ရာခိုင်နှုန်း အထိ ကျဆင်းသွားခဲ့ကြောင်း၊ အဲ့ဒါဟာ တစ်ဧကအထွက်နှုန်းကျဆင်းမှုနဲ့ ထိရောက်တဲ့ ဘိန်းခင်း ဖျက်ဆီးမှုတွေကြောင့်ဖြစ်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေး ဝါးတိုက်ဖျက်ရေးအဖွဲ့ UNODC က ဒီနေ့ကြေညာလိုက် ပါတယ်။
2014-12-08
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် အခြေစိုက် အရပ်ဘက် အဖွဲ့အစည်း ၅၀ ကျော်က ထားဝယ်ခရိုင်အတွင်း သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဒေသခံတွေကို ကူညီနေတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးနဲ့ ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးကို "လူသားဆန်သော ပုဂ္ဂိုလ်များဆု" ဒီနေ့ ပေးအပ်ဂုဏ်ပြုလိုက်ပါတယ်။
2014-12-08
တနင်္သာရီမြို့နယ် မောတောင်နယ်စပ် ဂိတ်အနီးက နှုံးပွားကျောက်မီးသွေး တူးဖော်ရေးစီမံကိန်းထဲက အိမ်ခြေ ၁၀၀ လောက်ကို ဒီလကုန်နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးဖို့ စီမံကိန်း အကောင်အထည်ဖော်တဲ့ မြန်မာ့စီပွားရေးကော်ပိုရေးရှင်း ဦးပိုင်လီမိတက်က ညွှန်ကြားထားပါတယ်။
2014-12-08
ထိုင်းနိုင်ငံ ခိုထောင်းကျွန်းလူသတ်မှု အတွက် ဖမ်းဆီးခံထားရတဲ့ မြန်မာ လုပ်သားနှစ်ဦးကို ဒီကနေ့ Koh Samui ခရိုင်တရားရုံးမှာ ပထမဦးဆုံးအကြိမ်အဖြစ် ရုံးထုတ်စစ်ဆေး ခဲ့ပါတယ်။
2014-12-07
မြန်မာနိုင်ငံမှာ ကြိုတင်တားဆီးကာကွယ် လို့ရတဲ့ ရောဂါတွေနဲ့ တစ်နှစ်ကို ကလေး ငယ် ငါးသောင်းဝန်းကျင် သေဆုံးနေရဆဲ ဖြစ်နေတယ်လို့ ကမ္ဘာ့ဘဏ် ကပြောပါတယ်။
2014-12-07
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အတွက် နိုင်ငံတော်သမ္မတနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်ပေးဖို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁ဝဝ ခန့်က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
2014-12-07
စစ်ကိုင်းတိုင်းဒေသကြီး ခရိုင် ၆ ခုမှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ကို ပြန်ပေးဖို့နဲ့ ဖမ်းဆီးခံထားရတဲ့ တောင်သူ ၇ ဦးကို လွှတ်ပေးဖို့ ကလေးမြို့မှာ ဒီကနေ့ကျင်းပတဲ့ တောင်သူ လယ်သမား ဆွေးနွေးပွဲကနေ တောင်းဆိုလိုက်ပါတယ်။
2014-12-07
တပ်မတော်မှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားကြတဲ့ စစ်မှုထမ်းတွေကို ဂုဏ်ပြုတဲ့အခမ်းအနား တစ်ရပ်ကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားမြောက်ဘက်မုဒ်က သူရဲကောင်း စစ်သည်ဗိမာန်မှာ စစ်မှှုထမ်းဟောင်းတွေနဲ့ မိသားစုဝင်တွေ က ဒီနေ့ ကျင်းပခဲ့ပါတယ်။
2014-12-07
ဗိုလ်ချုပ် အောင်ဆန်း နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဒီနေ့ ရန်ကုန်မြို့ ကန်တော်ကြီး ပန်းခြံမှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ ကျင်းပပြီး တက်ရောက်ကြသူတွေက ဗိုလ်ချုပ်အောင်ဆန်းကို အလေးပြုခဲ့ကြပါတယ်။
2014-12-07
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံး ဆိုင်ရာ ဗဟိုကော်မတီ အစည်းအဝေးကို အခုလ ဒုတိယပတ်မှာ ကျင်းပမှာဖြစ်ပြီး လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ်လို့ သိရပါတယ်။
2014-12-06
ရန်ကုန်တက္ကသိုလ်ထဲက မိုင်းခွဲဖြိုချခံခဲ့ ရတဲ့ ကျောင်းသားသမဂ္ဂ အဆောက် အဦးနေရာမှာ အဆောက်အဦးသစ် ပြန် လည်ဆောက်လုပ်ခွင့်ပေးဖို့ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်တဲ့ ဒေါက်တာ အောင်ခင်ဆင့်က တာမွေမြို့နယ် ကျိုက္ကဆံ ပြည်သူ့ဟစ်တိုင်ကွင်းမှာ ဒီကနေ့ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
2014-12-06
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ၊ ရေတာရှည်မြို့နယ်အတွင်းက တရားစွဲဆိုခံထားရတဲ့ လယ်သမား ၁ဝဝ ကျော်အမှုကို လိုက်လံကူညီပေးဖို့ ရေတာရှည် အန်အယ်လ်ဒီရုံး မှာ ရေတာရှည်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လယ်သမားမိသားစုဝင်တွေ ဒီကနေ့ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
2014-12-06
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း) ပါတီက ရှမ်းပြည်နယ်မှာ မြို့နယ် ၄၀ နဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ် လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
2014-12-06
ပဲခူးတိုင်း အင်းတကော်မြို့ နယ် ရွှေလေးကျေးရွာက ရွာသားတွေ စိုက်ပျိုးထားတဲ့ စပါးပင်တွေကို စစ်တပ်က သူတို့သိမ်းထားတဲ့ လယ်တွေထဲ စိုက်ပျိုးခွင့်မရှိဘူးလို့ဆိုပြီး ဒီကနေ့ မနက်ပိုင်းက စစ်တပ်က ဖျက်ဆီးခဲ့ကြပါတယ်။