သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-05
အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့ မနေ့က ဒီဇင်ဘာ (၄) ရက် နေ့လည် (၂) နာရီ က နေပြည်တော်မှာ တွေ့ ဆုံဆွေးနွေးခဲ့ကြတယ်လို့ အန်အယ်လ်ဒီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် က အတည်ပြုပြောပါတယ်။
2015-12-04
ဘင်္ဂလားပင်လယ်အော်နဲ့ အိန္ဒိယ သမုဒ္ဓရာတွေကိုဖြတ်သန်းပြီး အာရှတိုက် ကတခြားနိုင်ငံတွေကို ဥပဒေမဲ့သွားရောက် ကြသူတွေအရေးအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ဆွေးနွေးပွဲဟာ အဖြေမထွက်ပဲ မနေ့က ပြီးဆုံး သွားပါပြီ။
2015-12-04
အင်ဒိုနီးရှားနိုင်ငံက ငါးဖမ်းကုမ္ပဏီတစ်ခု မှာ ကျေးကျွန်သဖွယ် နှိပ်စက်ညင်းပန်းခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၂ ဦးက သူတို့ရဲ့ အတွေ့အကြုံတွေကို အင်ဒိုနီးရှား တရားရုံးတစ်ခုမှာ မနေ့က ထွက်ဆိုခဲ့ကြပါတယ်။
2015-12-04
ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေက ကလေးငယ်တွေကို လက်ဆောင်ပေးဖို့အတွက် ရန်ကုန်မြို့ ကန်တော် ကြီး မျှော်စင်ကျွန်းမှာ ရန်ကုန်မြို့က ကလေးတွေစုပေါင်းပြီး ပန်းချီရေးဆွဲခဲ့ကြပါတယ်။
2015-12-04
ရခိုင်အမျိုးသားပါတီနဲ့ ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ကို ထောက်ခံကြိုဆိုတဲ့ အခမ်း အနားကို ရခိုင်ပြည်နယ် စစ်တွေမြို့ ဝင်္ကဘာကွင်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2015-12-04
သီပေါမင်း ပါတော်မူနေ့ နှစ် ၁၃၀ ပြည့် အခမ်းအနားကို သီပေါမင်း တည်ထား ကိုးကွယ်ခဲ့တဲ့ မန္တလေးမြို့ ချမ်းအေးသာ စံမြို့နယ်က ဝါခင်းကုန်းမာန်အောင်ရတနာစေတီမှာ သီပေါမင်းနဲ့ စုဖုရားလတ်တို့ရဲ့ ဆွေမျိုးတွေက ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2015-12-04
နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကယားပြည်နယ် လွိုင်ကော်မြို့ ပန်ကန်း ရပ်ကွက်မှာရှိတဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦးရုံးဝင်းမှာ ကျင်းပခဲ့ပါတယ်။
2015-12-04
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးဖို့ သပိတ်မှောက်တောင်းဆိုမှုနဲ့ တရားစွဲ ခံနေရတဲ့ ကျောင်းသားတွေရဲ့အမှုမှာ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းကိုလည်း နောက်တိုးတရားခံအဖြစ် ထည့်သွင်းပေး ဖို့ ကျောင်းသားတွေရဲ့ရှေ့နေက ကမာရွတ်တရားရုံး မှာ လျှောက်ထားတာကို တရားသူကြီးက ဒီနေ့ပယ်ချ လိုက်ပါတယ်။
2015-12-04
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပြီးခဲ့တဲ့ တစ်နှစ်ကျော်အတွင်း ထုတ်ပြန်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာတွေနဲ့ ပတ်သက်လို့ အစိုးရဘက်က ထိထိရောက်ရောက် အရေး ယူဆောင်ရွက်မှု မရှိခဲ့ဘူးလို့ လူ့အခွင့်အရေးကော် မရှင် အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
2015-12-03
မြန်မာ၊ ဟွန်ဒူးရပ်စ်နဲ့ ဟေတီနိုင်ငံတွေဟာ ရာသီဥတုဒဏ် အပြင်းထန်ဆုံးကြုံရတဲ့ ထိပ်ဆုံးနိုင်ငံတွေစာရင်းမှာပါရှိတယ်လို့ ဂျာမနီနိုင်ငံ ဘွန်းမြို့ အခြေစိုက် ဖွံ့ဖြိုးရေးနဲ့ သဘာဝပတ်ဝန်း ကျင်ရေးရာ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Germanwatch က ပြောကြား လိုက်ပါတယ်။
2015-12-03
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP အနေနဲ့ မြန်မာနိုင်ငံမှာ စားနပ် ရိက္ခာ ထောက်ပံ့ရေးလုပ်ငန်းတွေကို လာမယ့် ၂၀၁၆ ခုနှစ် ဇွန်လအထိ ဆောင်ရွက်သွားနိုင်ဖို့ အတွက် အမေရိကန် ဒေါ်လာသန်း ၄ဝ ဝန်းကျင် လိုအပ်နေ တယ်လို့ ပြောပါတယ်။
2015-12-03
မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း အစိုးရစစ်တပ်က အလွန်တရာ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေပြုမူခဲ့တယ် ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးဖို့ အမေရိကန်ပြည်ထောင်စုက ကြာသပတေးနေ့က တောင်း ဆိုလိုက်ပါတယ်။
2015-12-03
မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ ၂၀၁၀ ပြည့်နှစ်က စတင်ရရှိခဲ့တဲ့ လွတ်လပ်မှုအခြေအနေဟာ ၂၀၁၄- ၂၀၁၅ မှာ တစတစ နောက်ပြန်လျှောကျဆင်းသွားခဲ့တယ်လို့ အမေရိကန်အခြေစိုက် PEN American Center က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။
2015-12-03
ဒီလကစပြီး လာမယ့် မေလအထိ ပူပြင်းတဲ့ အယ်နီညိုဖြစ်နိုင် တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှူးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။
2015-12-03
၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အတွက် ပြည်ထောင်စုအစိုးရအဖွဲ့က တောင်းခံတဲ့ ဖြည့်စွက်ဘဏ္ဍာငွေထဲမှာ နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသိန်းညွန့် အတွက် တစ်လ လစာ ကျပ် ၃ဝ သိန်းနှုန်းနဲ့ ၅ လစာ ကျပ် သိန်း ၁၅ဝ ကို တောင်းခံထားပြီး ပိုလျှံတဲ့အခါ ပြန်လည် အပ်နှံသွားမယ်လို့ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးကံချွန် က ပြောပါတယ်။