သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-11
ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ထွက်လာတဲ့ ရိုဟင်ဂျာ အမျိုးသမီး ၂၅ ဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ၃၀ ဟာ ဘိုကလေးမြို့နယ် ရွာသစ်ကျေးရွာအနီးမှာ နိုဝင်ဘာလ ၁၀ ရက် မနေ့မနက်က ဖမ်းဆီးခံခဲ့ရပါတယ်။
2021-11-11
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ဩစတြေးလျ နိုင်ငံသား ပါမောက္ခ ရှောင်တားနဲလ်ရဲ့ မြန်မာနိုင်ငံလျှို့ဝှက်ချက်အမှုကို လာမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ နေပြည်တော်က ဇမ္ဗူသီရိမြို့နယ်တရားရုံးမှာ စတင် ကြားနာစစ်ဆေးသွားမယ်လို့ ရှေ့အသိုင်းအဝိုင်းက RFA ကို ပြောပါတယ်။
2021-11-11
မြန်မာနိုင်ငံတစ်ဝန်းမှာ အောက်တိုဘာလ ၇ ရက်ကနေ နိုဝင်ဘာလ ၆ ရက်အထိ တိုက်ပွဲနဲ့ ပဋိပက္ခဖြစ်စဉ် ၆၆၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁,၃၀၉ ဦး သေဆုံးကာ ၄၆၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဋ္ဌာနက နိုဝင်ဘာ ၁၁ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
2021-11-11
ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် အင်းဝလမ်းအတွင်းမှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းရဲ့ မိဘတွေ နေထိုင်တဲ့အိမ်ကို စစ်ကောင်စီက နိုဝင်ဘာလ ၁၀ ရက် မနေ့က ဝရမ်းကပ်သွားတယ်လို့ ရပ်ကွက်နေ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
2021-11-11
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်နဲ့ နမ္မတူမြို့ကိုသွားလာတဲ့ သီပေါ မိုးတေ တံတားနဲ့ မန်လီကျေးရွာ ကြားမှာ နိုဝင်ဘာလ ၉ ရက်နေ့ ညနေပိုင်းကစပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား စစ်ရေးတင်းမာနေလို့ ဒေသခံတွေနဲ့ ခရီးသွားကားတွေ သွားလာရေး အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-11-11
ချင်းပြည်နယ် ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့က နေအိမ် ၁၆၄ လုံးမီးရှို့ခံခဲ့ရပြီးနောက် နိုဝင်ဘာ ၆ ရက်နဲ့ ၉ ရက်နေ့တွေမှာလည်း နောက်ထပ် နေအိမ် ရှစ်လုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
2021-11-11
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA အနေနဲ့ နယ်စပ်တစ်လျှောက်မှာ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းတွေ ပိုပြီးထိရောက်အောင်လုပ်နိုင်ဖို့အတွက် တပ်စခန်းငယ်အချို့ကို ပြန်ဆုတ်ပေးသွားမယ်လို့ ကိုးကန့်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက RFA ကိုပြောပါတယ်။
2021-11-10
ထိုင်းနိုင်ငံမှာ အလုပ်သမားနည်းပါးမှု ပြဿနာကို ဖြေရှင်းတဲ့အနေနဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအစိုးရက ပြန်လက်ခံဖို့ စီစဉ်နေပါတယ်။
2021-11-10
PPST ရဲ့ နိုဝင်ဘာလ ၅ ရက်ကြေညာချက်မှာ စစ်ကောင်စီက ပြည်သူလူထုရဲ့ အိုးအိမ်တွေ ဘာသာရေးအဆောက်အအုံတွေကို တိုက်ခိုက်မှုအတွက် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးကော်မတီက ဒါဟာ PPST က စစ်တပ်ကို အကြမ်းဖက်အဖြစ် စွပ်စွဲတာဖြစ်တဲ့အတွက် ပြင်ဆင်ပေးရမယ်လို့ နိုဝင်ဘာ ၉ ရက် နေ့စွဲနဲ့ စာတစ်စောင်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2021-11-10
ထောင်ဒဏ်တသက်အထိ ကျခံရနိုင်တဲ့ အကြမ်းဖက်ပုဒ်မ၊ အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ထပ်ပြီး အရေးယူခံခဲ့ရသူ အမေရိကန် သတင်းသမား Danny Fenster ကို ချက်ချင်းပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက စစ်ကောင်စီကို ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုလိုက်တဲ့အကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။
2021-11-10
ရိုဟင်ဂျာဒုက္ခသည်တွေ မလေးရှားနိုင်ငံကို ထွက်ပြေးနေတဲ့ကိစ္စနဲ့ မြန်မာ နိုင်ငံအတွင်းက ပဋိပက္ခတွေကို ဖြေရှင်းဖို့ စစ်ကောင်စီကို အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံခေါင်းဆောင်တွေ မနေ့ကတိုက်တွန်းလိုက်တဲ့အကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။
2021-11-10
ကရင်နီပြည်နယ်အတွင်း ကယ်ဆယ်ရေးအကူအညီတွေကို အာဏာသိမ်းစစ်ကောင် စီရဲ့ ကန့်သတ်ပိတ်ပင်မှု၊ သွားလာဆက်သွယ်ခွင့် ပိတ်ဆို့မှုတွေနဲ့ပတ်သက်ပြီး၊ Fortify Rights အဖွဲ့က အနှစ်ချုပ် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
2021-11-10
“စစ်ကောင်စီရဲ့ ပြည်သူလူထုအိုးအိမ်နဲ့ ဘာသာရေး အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုအပေါ် ပြင်းထန်စွာရှုတ်ချသည်” ဆိုတဲ့ စကားရပ်ပါတဲ့ PPST အဖွဲ့ ထုတ်ပြန်ချက်ဟာ ဖြစ်စဉ်အမှန်ကို မသိဘဲ စွပ်စွဲထားတာမို့ ဒီလုပ်ရပ်ဟာ NCA ပါ သဘောတူညီချက်တွေကို ချိုးဖောက်နေတယ်လို့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီက နိုဝင်ဘာ ၉ ရက် မနေ့က ကြေညာချက်ထုတ်ပြီး တုံ့ပြန်လိုက်ပါတယ်။
2021-11-10
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးမှာ နိုဝင်ဘာ ၁၀ ရက်၊ ဒီကနေ့ ညနေပိုင်း သုံးနာရီကျော်လောက်က မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး မှတ်ပုံတင် လာရောက်လုပ်ကိုင်နေတဲ့ အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရသွားတယ် လို့ ဒေသခံတွေက ပြောပါတယ်။
2021-11-10
နိုင်ငံတော် အကြည်ညိုပျက်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄ (က)နဲ့ ထောင်ဒဏ် နှစ် ၂၀ ချ မှတ်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ထိပ်ပိုင်း ခေါင်းဆောင် ဦးဝင်းထိန်ကို မန္တလေး အိုးဘိုထောင်ကို နိုဝင်ဘာ ၉ ရက် မနေ့ကပဲ ပို့ဆောင်ခံလိုက်ရတယ်လို့ သူ့ရဲ့ရှေ့နေ ဦးမြင့်သွင်က RFA ကို ပြောပါတယ်။