သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-05-06
လန်ဒန်မြို့ကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ဗြိတိန်နိုင်ငံ ဘုရင်မကြီး အယ်လီ ဇဘက်ကို ဘတ်ကင်းဟမ် နန်းတော်မှာ မနေ့က တွေ့ဆုံ ပြီး နေ့လည်စာ အတူတကွ သုံးဆောင်ခဲ့ကြပါတယ်။ အဲဒီနေ့လည်စာစားပွဲကို ဘုရင်မကြီးရဲ့ မြေး မင်းသား ဝီလီယံလည်း တက်ရောက်တယ်လို့ သိရပါတယ်။
2017-05-06
တရုတ်အစိုးရက ရခိုင်ပြည် နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း ရဲ့ အစုရှယ်ယာတွေကို ၈၅% အထိ ပိုင်ဆိုင်ခွင့်ရဖို့ မြန်မာအစိုးရကို အရေးဆိုနေတယ်လို့ သိရပါတယ်။
2017-05-06
KIO ကချင်လွတ်မြောက်ရေးအဖွဲ့ချုပ်က UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက် ခွင့်တောင်းလိုက်တယ်လို့ သတင်းရရှိပါတယ်။
2017-05-05
ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် ၄၅ ရပ်ကွက်မှာနေထိုင် တဲ့ ရှေ့နေ ကိုသိန်းဇော်ဇော်ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃ နဲ့ တရားစွဲပြီးနောက် မေလ ၄ ရက် မနေ့က အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့ သတင်းရရှိပါတယ်။
2017-05-05
အရင် မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေနဲ့ ရွှေသုခ အသေး စားငွေချေးလုပ်ငန်းက ပြန်ပေးဖို့ ကတိပြု ထားတဲ့ မကွေးတိုင်းအစိုးရ ဖွံ့ဖြိုးရေးရန်ပုံငွေတွေထဲက ကျပ်သန်းပေါင်း ၈ ရာ ပြန်လည်ရရှိထားပြီလို့ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောလိုက်ပါတယ်။
2017-05-05
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ရဲ့ မြန်မာ့ တပ်မတော်ကို ပုတ်ခတ်ပြောဆိုချက်အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်းနဲ့ လိုအပ်တဲ့တုန့်ပြန်မှုတွေ ဆောင်ရွက် သွားမှာဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဒီနေ့ ကြေညာချက်နဲ့ ပတ်သက်လို့ ဦးဝင်းထိန်ကို RFA ကဆက်သွယ်မေးမြန်း တဲ့အခါ သူ့သဘောထားမှတ်ချက် မပေးလိုကြောင်း ငြင်းဆို ပါတယ်။
2017-05-05
ထိုင်းနိုင်ငံကနေတဆင့် မလေးရှားနိုင်ငံကို ခိုးဝင်မယ့် မြန်မာ ၃၅ ယောက်ကို ထိုင်း ရဲတွေက ဒီနေ့ ဖမ်းဆီးလိုက်ပါတယ်။
2017-05-05
ပြည်တွင်း ပြည်ပက ရှမ်းအဖွဲ့အစည်းတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ရှမ်းပြည်ညီ ညွတ်ရေးကော်မတီ CSSU က ဦးဆောင်ပြီး ရှမ်းလူမျိုးများ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ၂၁ ရာစု ပင်လုံ အစည်းအဝေးမတိုင်မီ တောင်ကြီးမြို့မှာ ကျင်းပနိုင်ဖို့ ကြိုးစား သွားကြဖို့ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပပြီးစီး သွားတဲ့ CSSU နှစ်ပတ်လည် အစည်းအဝေးက ဆုံးဖြတ်ခဲ့ ကြပါတယ်။
2017-05-05
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးကို နိုင်ငံတော် အစိုးရက လုပ်ဆောင်နေတဲ့ကာလမှာ အန်အယ်လ်ဒီ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က တပ်မတော်အပေါ် အခြေအမြစ်မရှိ ပုတ်ခတ်ပြောဆိုမှုတွေကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းနဲ့ လိုအပ်တဲ့ တုန့်ပြန်မှုတွေ ဆောင်ရွက် သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီကနေ့ သတင်းထုတ်ပြန် လိုက်ပါတယ်။
2017-05-05
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ပါဒ လိတ်ကျေးရွာမှာ ရွာသားတွေ ကိုးကွယ်တဲ့ သစ်ကနက်(နတ်ကွန်း)ပင်တွေရှိတဲ့ မြေဧ ကတဝက်ကျော်ကို တပ်မတော်က ပြန်လည်စွန့်လွှတ်ပေး ဖို့ ဒေသခံ ၅၀၀ နီးပါးက ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2017-05-05
သြင်္ကန်ကာလအတွင်း နေရပ်ပြန်တဲ့ မြန် မာရွေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ သတ်မှတ်ထားတဲ့ကာလ ဧပြီလ ၃၀ ရက်နေ့အမီ ထိုင်းနိုင်ငံကို ပြန်မရောက်ရင် ပြည်ဝင်ခွင့် ၅ နှစ် ပိတ်သိမ်းမယ်လို့ ထိုင်းအစိုးရက ကြေညာထားပါတယ်။
2017-05-04
မြန်မာနိုင်ငံမှာ စီစဉ်ထားတဲ့ အတိုင်း ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံတွေ တိုးချဲ့ ဆောက်လုပ်ခဲ့ရင် ဒီကျောက်မီးသွေး စက်ရုံတွေကြောင့် လာမယ့် ဆယ်စုနှစ်တွေမှာ လူပေါင်း ၂ သိန်း ၈ သောင်းလောက် အထိ အသက်သေဆုံးနိုင်တယ်လို့ Greenpeace သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ အစီရင်ခံစာက ဒီကနေ့ ရေးသား ဖော်ပြလိုက်ပါတယ်။
2017-05-04
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် အတွင်း မြန်မာနိုင်ငံကနေ ပြည်ပကို တရားဝင်စေ လွှတ်ခဲ့တဲ့ အလုပ်သမား အရေအတွက် တသိန်းခွဲနီးပါး ရှိခဲ့တယ်လို့ အလုပ်သမား- လူဝင်မှုကြီး ကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်တဲ့စာရင်းမှာ ဖော်ပြထားပါတယ်။
2017-05-04
ရန်ကုန်-ဒလ တံတားစီမံကိန်းကို လာမယ့် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလမှာ စတင်တော့ မယ်လို့ သိရပါတယ်။
2017-05-04
မကွေးတိုင်းအစိုးရကို ပြန်လည်ပေးသွင်းဖို့ ကတိပြုထားတဲ့ ငွေတွေထဲက ကျပ်သိန်းပေါင်း ၃ ထောင်ကို ဒီကနေ့နေ့လည် ၁ နာရီမှာ ရွှေသုခ အသေးစားငွေချေး လုပ်ငန်းက မကွေးတိုင်းအစိုးရ ဘဏ်ငွေ စာရင်းကို လွှဲအပ် ခဲ့တယ်လို့ သိရပါတယ်။