သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-11
ကယားပြည်နယ်အတွင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားနေတဲ့ လူငယ်တွေနဲ့ ကယန်းအမျိုးသားပါတီ ဗဟိုကော်မတီဝင်ကို ပြည်နယ်အစိုးရက သက်သေအထောက်အထားမရှိဘဲ မတရား ဖမ်းဆီးနေ တာတွေကို ရှုတ်ချကြောင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဥပဒေမဲ့လုပ်ဆောင်နေတာတွေကို အရေးယူ ပေးဖို့ ကယန်းအမျိုးသားပါတီက ပြည်ထောင်စုအစိုးရထံ တောင်းဆိုလိုက်ပါတယ်။
2018-08-11
နမ္မတူမြစ်ပေါ်မှာ ရေကာတာတွေဆောက်နေတဲ့ကိစ္စနဲ့ တာလုံကျေးရွာဒေသခံတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို လွှတ်တော်ကိုယ်စားလှယ် ၄ဝ နဲ့ ဒေသခံတွေ ဒီနေ့ တေ့ွဆုံဆွေးနွေးကြမယ် လို့ ဒေသခံတွေက ပြောပါတယ်။
2018-08-11
စိတ်ကြွမူးယစ်ဆေးပြား ၇ သန်းကျော်ကို မူးယစ်ရဲတပ်ဖွဲ့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က တာချီလိတ်မြို့ နယ်မှာ မနေ့ညက ဖမ်းဆီးရမိခဲ့ပါတယ်။
2018-08-11
ဗုဒ္ဓဓမ္မ ပရဟိတ အဖွဲ့ကို ထောက်ခံကြိုဆိုပွဲ အခမ်းအနားကို ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မဝံသာနုရက္ခိတအဖွဲ့က ဦးဆောင်ပြီး ဒီနေ့ ကျင်းပခဲ့ပါတယ်။
2018-08-11
ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး လက်ရှိအချိန်အထိ ရေကြီးရေလျှံမှုတွေကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၈ ခုမှာ လူ ၂ဝ သေဆုံးခဲ့ပါတယ်။
2018-08-11
မန္တလေးမြို့မှာ ဒီနေ့ ကျင်းပတဲ့ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်မှာ အလွှာအသီးသီးက လူငယ်တွေကို ထည့်သွင်းမစဉ်းစားဘဲ လျစ်လျူရှုထားတာကြောင့် ပွဲတော်စီစဉ်သူတွေကို ကန့်ကွက်ရှုတ်ချကြောင်း မန္တလေးမြို့အခြေစိုက် လူငယ်အဖွဲ့ ၁၂ ဖွဲ့က ဒီနေ့ သဘောထားထုတ်ပြန်လိုက်ပါတယ်။
2018-08-11
အမေရိကန်အစိုးရအာဏာပိုင်တွေအနေနဲ့ မြန်မာအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို တင်းတင်းကြပ်ကြပ် လိုက်နာဆောင်ရွက်ခြင်းမရှိဘူးလို့ ဝါရှင်တန်မှာထုတ်ဝေတဲ့ Politico သတင်းမဂ္ဂဇင်းက ရေးသားဖော်ပြလိုက်ပါတယ်။
2018-08-11
ဘင်္ဂလားဒေ့ရ်ှ နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီဟာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ မောင်တောဒေသကို ဒီနေ့ သွားရောက်လေ့လာခဲ့ပါတယ်။
2018-08-10
အကျဉ်းကျနေတဲ့ ရိုက်တားစ် သတင်းထောက် ကိုဝလုံးရဲ့ ဇနီးသည် မပန်းအိမွန်ဟာ ရန်ကုန်မှာ မနေ့ မနက်က သမီးဦးမိန်းကလေးကို ဆေးရုံမှာမွေးဖွားပြီး သက်ထား Angel လို့ ကင်ပွန်းတပ်ပါတယ်။
2018-08-10
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီနဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်တွေ နေပြည်တော်မှာ မနေ့က တွေ့ဆုံပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားကြသူတွေ ပြန်လည်လက်ခံရေး အစီအစဉ်ကို အလျင်အမြန်စတင်ဖို့ သဘောတူညီလိုက်ပါတယ်။
2018-08-10
ICC ခေါ် နိုင်ငံတကာရာဇဝတ်ခုံရုံး အနေနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူနိုင်ဖို့ လိုအပ်ချက်တွေရှိနေတဲ့ အပေါ် မြန်မာအစိုးရက ကစားနေသလို၊ မြန်မာ့တပ်မတော်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကိုတော့ ဖိအားတွေကနေ ရှောင်လွှဲလို့ ရနိုင်မှာမဟုတ်ဘူးလို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောကြားလိုက်ပါတယ်။
2018-08-10
၂၀၁၀ ခုနှစ်ကနေ အခုအစိုးရသစ်တက်လာတဲ့အချိန်အထိ တမူးခရိုင် ကဘော်ဒေသမှာရှိတဲ့ ကူကီး လူမျိုးတွေအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ခွဲခြားဆက်ဆံခံရမှုတွေရှိနေတယ်လို့ ကူကီး လူငယ်ကွန်ယက်အဖွဲ့ ဥက္ကဌ က ဒီနေ့ ပြောကြားလိုက်ပါတယ်။
2018-08-10
မပြီးဆုံးသေးတဲ့ တော်လှန်ရေးတာဝန်တွေကို ပြီးမြောက်အောင်မြင်တဲ့အထိ စည်းစည်းလုံးလုံးနဲ့ ဆက်လက်ထမ်းဆောင်ကြဖို့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အန်ဘန်လက ဒီနေ့ ကျရောက်တဲ့ ၄၃ နှစ်မြောက် ကချင်အာဇာနည်နေ့ အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။
2018-08-10
တနင်္သာရီတိုင်းက တနင်္သာရီ မြစ်ရေဟာ အန္တရာယ်ရေမှတ်ကနေ ကျနေပြီဖြစ်ပေမယ့် လို့ ရေဘေးသင့်ဒုက္ခသည်တွေ နေအိမ်တွေမှာ ပြန်နေလို့မရသေးဘူးလို့ သိရပါတယ်။
2018-08-10
တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းအနီး ကန်ပိုက်တီ-ဝိုင်းမော်-မြစ်ကြီးနားလမ်းပေါ် ဆဒုံးရေတံခွန်နားမှာ သြဂုတ် ၂ ရက်နေ့က ဖမ်းဆီးခဲ့တဲ့ တရားမဝင် တရုတ်ကုန်တင်ကား ၃၁ စီးကို စစ်ဆေးနေတာ အခုဆိုရင် ကားအစီး ၂၀ ကျော် စစ်ဆေးပြီးဖြစ်တယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးက ဒုတိယရဲမှူးကြီးက ပြောပါတယ်။