သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-05
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်က ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ မိုင်းရှူးမြို့နယ် ဥက္ကဋ္ဌ နဲ့ မြို့နယ် ဗဟိုကော်မတီဝင် ၁၈ ဦး နှုတ်ထွက်ပြီး မိုင်းရှူးမြို့နယ် ပါတီရုံးခန်း ကိုလည်း ပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။
2014-06-04
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူတို့ ပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံတော်သမ္မတထံတင်ပြထားတဲ့ မြေကွက်နဲ့ ကားသွင်းခွင့်ပါမစ်တွေကို လက်ခံရယူမှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ RFA ကပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်း နဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းရာမှာ ခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။
2014-06-04
ရွေးကောက်ပွဲကော်မရှင်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် ခြိမ်းခြောက်နေမှှုတွေကို အမြန်ဆုံး ရပ်တန့်ဖို့ HRW လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့က ဒီကနေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2014-06-04
အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းထဲမှာ အသင်းအဖွဲ့တွေရဲ့ လုပ်ငန်းလှုပ်ရှားခွင့်ကို နယ်မြေကန့်သတ်ထားတဲ့အချက်ကို ပယ်ဖျက်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၄၀ကျော်က လွှတ်တော် ဥပဒေကြမ်းကော်မတီကို တောင်းဆိုထားတယ် လို့ ဒီနေ့ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေ က ပြောပါတယ်။
2014-06-04
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ သဘောမတူတဲ့အဖွဲ့ ရှိရင်တောင် အများစုကလက်ခံရင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ဖို့ ဆောင်ရွက်သင့်ကြောင်း ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ် FDA အဖွဲ့ဝင်တွေက မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန် ရှိသူတွေနဲ့ ဒီနေ့ တေ့ွဆုံစဉ် အကြံပြုခဲ့တယ်လို့ သိရပါတယ်။
2014-06-04
ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကိုတရား မဝင်စီတန်း လှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ဒီနေ့ကျောက် တံတားမြို့နယ်တရားရုံးက ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ပါ တယ်။
2014-06-04
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် ကြိုးစားရာမှာ ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ မကျန်ခဲ့စေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
2014-06-04
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ရဲ့ အဓိပ္ပါယ်ကို ရှင်းလင်းထားတဲ့ လက်ကမ်း စာစောင်တွေကို နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က လာမယ့် ဇွန်လ ၇ ရက်နေ့ ကစပြီး တစ်ပြည်လုံးအနှံ့မှာ ဖြန့်ဝေဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
2014-06-04
ကယန်းအမျိုးသားတွေဟာ နှစ် ၅၀ ကြာအောင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ပေမဲ့ အခုချိန်ထိ စစ်အာဏာရှင် စနစ်ဟာ တည်ရှိနေသေးကြောင်း ဒီနေ့ကျင်းပတဲ့ ကယန်းအမျိုးသား တော်လှန်ရေး နှစ် ၅၀ ပြည့် ရွှေ ရတုအခမ်းအနားမှာ ကယန်းပြည်သစ်ပါတီ ဥက္ကဌ ဦးသန်းစိုးနိုင်က ပြောကြားခဲ့ပါတယ်။
2014-06-04
လက်ရှိပြောင်းလဲလာတဲ့ ခေတ်စနစ်ဟာ အမိန့်နဲ့အုပ်ချုပ်တဲ့ခေတ် မဟုတ်ဘဲ ဥပဒေ နဲ့အုပ်ချုပ်ရတာ ဖြစ်တဲ့အတွက် ဥပဒေတွေရဲ့ နောက်ဆက်တွဲ အနေနဲ့ နည်းဥပဒေ၊ အမိန့် ညွှန်ကြားချက်တွေ ထွက်ပေါ်နိုင်အောင် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေက အမြန်ဆုံးရေးဆွဲပေးဖို့လိုအပ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တိုက်တွန်းပြောလိုက် ပါတယ်။
2014-06-04
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေ အကြား ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ၁၉၈၂ ခုနှစ် မြန်မာနိုင် ငံသားဥပဒေကို အစိုးရက အမြန်ဆုံး အကောင်အ ထည်ဖော်ဆောင်ရွက်သင့်ကြောင်း စစ်တွေမြို့မှာ ကျင်း ပနေတဲ့ ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လုံးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ ညီလာခံကနေ တိုက်တွန်းလိုက်ပါတယ်။
2014-06-03
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ဖို့ ဆိုရင် တိုင်းပြည်မှာရှိတဲ့ ပြည်သူလူထုက အဓိက ဆုံးဖြတ်ရမှာဖြစ်ကြောင်းနဲ့ တစ်ဦး တစ်ယောက်ရဲ့ ခံစားမှုနဲ့ ပြောလို့မရနိုင်ကြောင်း နယ်စပ်ရေး ရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက ဒီကနေ့ ပြော ကြားလိုက်ပါတယ်။
2014-06-03
မြန်မာနိုင်ငံတွင်းကို လက်နက်ကိုင် ကျူးကျော် ဝင်ရောက်မှုတွေအတွက် မြန်မာ အစိုးရ အနေနဲ့ နိုင်ငံရဲ့ နယ်နိမိတ်နဲ့ အချုပ် အခြာအာဏာကို အစွမ်းကုန်ကာကွယ်ဖို့ အတွက် လုံလောက် တဲ့ တားဆီးဟန့်တားမှုတွေကို ဆောင်ရွက်သွား မှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရဲ့ ပြောခွင့် ရပုဂ္ဂိုလ်၊ ဒုတိယ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က ပြောကြား လိုက်ပါတယ်။
2014-06-03
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ အနာဂတ်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် မြို့နယ်အသီးသီးက စည်း ကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော် များ အဖွဲ့က သံဃာတော် အပါး ၁၀၀ ကျော်တို့ဟာ ဒီနေ့ ကနေ မနက်ဖြန် ဇွန်လ ၄ ရက်နေ့အထိ စစ်တွေမြို့ မြို့မကျောင်းတိုက်မှာ ဆွေးနွေးနေကြပါတယ်။
2014-06-03
ဒုတိယအကြိမ်မြောက် ကျင်းပမယ့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင် ပွဲတော်မှာ အရင်နှစ်က ချီးမြှင့်ပေးခဲ့ တဲ့ ဒေါ်အောင်ဆန်းစုကြည်ဆု၊ ကိုမင်းကိုနိုင်ဆုတို့အပြင် ဒီနှစ်မှာ ဟံသာဝတီဦးဝင်းတင်ဆုကို ထပ်တိုး ချီးမြှင့်သွား မယ်လို့ ရုပ်ရှင်ပွဲတော်စီစဉ်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီး က ဒီနေ့ ပြောပါတယ်။