သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-09
မန္တလေးတိုင်း တောင်သာမြို့နယ် ခြုံကြီးကျေးရွာမှာ နိုဝင်ဘာလ ၉ ရက် ဒီနေ့မနက် က လူငယ်တစ်ဦးဖြစ်တဲ့ ကိုဝေဖြိုးကို ဖမ်းဆီးဖို့ စစ်တပ်နဲ့ရဲက နေအိမ်ကိုလာရောက် ပြီးနောက် ရှာမတွေ့တဲ့အတွက် သူ့ရဲ့ မိသားစုဝင် ခြောက်ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-11-09
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ- ၂၅ နဲ့ စွဲဆိုထားတဲ့အမှုအတွက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေအဖြစ် ဒီနေ့ နေပြည်တော်အထူးတရားရုံးမှာ အမည် စာရင်းတင်သွင်းခဲ့ပါတယ်။
2021-11-09
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ ကရင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူ ဒေါ်နန်းခင်ထွေးမြင့်ဟာ ကရင်ပြည်နယ် တရားလွှတ်တော်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ ဒီနေ့ မနက်ပိုင်းက အလုပ်နဲ့ ထောင်ဒဏ် ၇၅ နှစ် ချမှတ်ခံလိုက်ရပါတယ်။
2021-11-09
ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်မှာရှိတဲ့ မိုင်တိုင်အမှတ် ၁၁၀ ဇဟားလုံခြုံရေး ရဲကင်း ဒီနေ့မနက်က တိုက်ခိုက်ခံရလို့ ရဲတပ်ဖွဲ့ဝင် ငါးဦး သေဆုံးသွားကြောင်း စစ်ကောင်စီက အတည်ပြုပါတယ်။
2021-11-09
မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်ဟာ နိုဝင်ဘာလ ၈ ရက် မနေ့နေ့လယ်က ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့အဝင်မှာ ဖမ်းဆီးခံလိုက် ရတယ်လို့ မိသားစုဝင်တစ်ဦးက RFA ကို ဒီနေ့ မနက်က ပြောပါတယ်။
2021-11-08
မြန်မာစစ်ကောင်စီရဲ့ကိုယ်စားလှယ်ကို လက်ခံတဲ့အတွက် နိုင်ငံတကာစာရင်းကိုင် လုပ်ငန်းတွေဖြစ်တဲ့ CPA Australia နဲ့ နယူးဇီလန်က CA ANZ ကုမ္ပဏီတွေဟာ မကြာခင်ကျင်းပမယ့် အာဆီယံစာရင်းစစ်များ ညီလာခံကို မတက်ဘဲ နုတ်ထွက် မယ်လို့ ကြေညာခဲ့တဲ့အကြောင်း Justice For Myanmar အဖွဲ့က မနေ့က သတင်းထုတ်ပြန်ပါတယ်။
2021-11-08
တစ်နေ့တခြား ပိုပြီးဆိုးလာနေတဲ့ မြန်မာနိုင်ငံအတွင်းက ပဋိပက္ခတွေနဲ့ စီးပွားရေး ကျဆင်းမှုတွေကြောင့် လူသုံးသန်းကျော်အတွက် အကူအညီတွေ သေရေးရှင်ရေး လိုအပ်နေတယ်လို့ ကုလသမဂ္ဂရဲ့ ကူညီမှုဆိုင်ရာအကြီးအကဲ Martin Griffiths က မနေ့က သတိပေးလိုက်တဲ့အကြောင်း Reuters သတင်းက ဖော်ပြပါတယ်။
2021-11-08
မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရေး နိုင်ငံတော် သမ္မတနဲ့ အတိုင်ပင်ခံ အပါအဝင် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ဥရောပ သမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်က ဒီနေ့ နိုဝင်ဘာ ၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
2021-11-08
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ဓာတုဗေဒ တတိယနှစ်ကျောင်းသူ မသဉ္ဇာဇော်ကို ရန်ကုန်တိုင်း မြောက်ဥက္ကလာ စစ်ခုံရုံးက နိုင်ငံတော်အကြည်ညို ပျက်စေမှု ရာဇသတ်ကြီးပုဒ်မ - ၁၂၄ (က)နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ် လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက နိုဝင်ဘာ ၈ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
2021-11-08
ပဲခူးတိုင်း ပြည်မြို့နယ် မှော်ဇာကျေးရွာက အကြမ်းမဖက်တဲ့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ မူလတန်းပြဆရာ ကိုစိုးရအောင် ကို နိုဝင်ဘာ ၆ ရက်နေ့ ညနေပိုင်းမှာ စစ်သားတွေ လာရောက်ဖမ်းဆီးသွားတယ်လို့ ကိုစိုးရအောင်ရဲ့ မိခင်ဖြစ်သူက RFA ကို ဒီနေ့ပြောပါတယ်။
2021-11-08
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ပြီး ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားဖို့ မြန်မာစစ်တပ်ကို အထွေထွေရွေးကောက်ပွဲ တစ်နှစ်ပြည့်တဲ့ ဒီကနေ့ နိုဝင်ဘာ ၈ ရက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေဘလင်ကင်က တောင်းဆိုလိုက်ပါတယ်။
2021-11-08
မန္တလေးတိုင်း ပုဂံ-ညောင်ဦးမြို့နယ် ချောင်းရှည်ရွာက မိသားစုဝင် လေးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပတ်သက်တဲ့ လူငယ်တွေကို ကူညီပေးခဲ့တယ်ဆိုပြီး စစ်တပ်နဲ့ရဲ အင်အား ၂၀၀ လောက်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့က နေအိမ်ကို လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
2021-11-08
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုကျော်မင်းယု (ခေါ်) ကိုဂျင်မီကို အောက်တိုဘာလ ၂၄ ရက်နေ့ မနက် ၂ နာရီက ရန်ကုန်တိုင်း ဒဂုံမြို့သစ် မြောက်ပိုင်းက ပင်လုံအိမ်ရာဝင်းက နှစ်ထပ်တိုက်တစ်လုံးမှာ လက်နက်တွေနဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ချက်မှာ စွပ်စွဲထားပါတယ်။
2021-11-08
နိုဝင်ဘာ ၇ ရက် မနေ့က စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး၊ ကျွန်းလှ စတဲ့ ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်တွေကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နှိမ်နင်းခဲ့တဲ့အတွက် PDF တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး ဒေသခံ ၂၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ PDF တပ်ဖွဲ့ဝင် တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
2021-11-08
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ထဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအာင်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ရှမ်းပြည်ပြန်ထူထောင်ရေး ကောင်စီ (RCSS) တို့ကြား တိုက်ပွဲတွေကြောင့် နိုဝင်ဘာလ ၇ ရက် မနေ့ကစပြီး သီပေါမြို့ကို ထွက်ပြေးခိုလှုံလာတဲ့ စစ်ဘေးဒုက္ခသည် ၃၀၀ ကျော်ရှိနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။