သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-03
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မှာ မြို့သစ်စီမံကိန်းအတွက် သိမ်းဆည်းခံရတဲ့ လယ်မြေတွေမှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ က မြေကွက်ဖော်နေတာနဲ့ ပတ်သက်ပြီး လယ်သမားတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့အကြား အခြေအနေတွေ တင်းမာခဲ့ပြီး ဒီနေ့ လယ်သမား ၂၀ ကျော်ကို ထားဝယ်မြို့နယ် ရဲစခန်းက ဝတ္တရားနှောင့်ယှက်မှုအပါအဝင် ပုဒ်မ သုံးခုနဲ့ တရားစွဲ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
2014-06-03
ထိုင်းစစ်တပ်က အာဏာသိမ်းလိုက် ပြီးနောက် သီတင်းနှစ်ပတ်နီးပါးအကြာမှာပဲ ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်နေ သူတွေကို ဖမ်းဆီးတဲ့စစ်ဆင်ရေးတစ်ရပ်ကို ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2014-06-03
တောင်ကိုရီးယားနဲ့ မြန်မာ ၂ နိုင်ငံ ဆက်ဆံရေးနဲ့ ဒေသတွင်း ကိစ္စရပ်တွေ ကို ဆွေးနွေးဖို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Yun Byung-se ဟာ အခုတစ်ပတ်အတွင်း မြန်မာနိုင်ငံကို ချစ်ကြည်ရေး ခရီးလာရောက်မယ်လို့ တောင်ကိုရီးယား အစိုးရအရာရှိတစ်ဦးက ဒီကနေ့ ထုတ်ဖော်ပြောကြား လိုက်ပါတယ်။
2014-06-02
ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ Unilever ကြော်ငြာ စာတန်းကြီးတွေမှာ ၉၆၉ အမှတ်အသားတွေ ပါဝင်နေ တာ တွေ့ရှိခဲ့ရတဲ့အတွက်၊ အဲဒီ ကြော်ငြာတွကို Unilever ကုမ္ပဏီက မနေ့က အမြန်ပြန်ဖြုတ်ချခဲ့ရတယ်လို့ AP သတင်းက ဖေါ်ပြပါတယ်။
2014-06-02
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ဒီနေ့ ဧရာဝတီတိုင်းဒေသကြီး ၊ရေ ကြည်မြို့နယ် မိုးလုံလေလုံအားကစားရုံမှာကျင်းပ ခွင့် တောင်းထားတာ အုပ်ချုပ်ရေးက ခွင့်မပြုဘူးလို့ သိရပါတယ်။
2014-06-02
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် ရဲ့ ဟောပြောချက်တွေထဲက တပ်မတော်အပေါ် တိုက်တွန်းချက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီ ညွတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ ကြေညာချက်ထုတ်ပြီး တုန့်ပြန်လိုက်ပါတယ်။
2014-06-02
၀မ်ပေါင်နဲ့ ဦးပိုင်ကုမ္ပဏီအနေနဲ့ လက်ပံတောင်းတောင် ဒေသခံတွေရဲ့ လူမူရေး၊ စီးပွားရေး၊ အပါအဝင် ဘက်စုံဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့ ဒေသတွင်း သုတေသနလုပ်ခဲ့တဲ့ လူမူရေးအဖွဲ့တစ်ခုဖြစ်တဲ့ ပဏ္ဍိတ ဖွံ့ဖြိုးရေးအဖွဲ့က ဒီကနေ့ အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။
2014-06-02
သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် ထောက် ကြံ့ကွင်းကျေးရွာမှာ အသိမ်းခံထားရတဲ့ လယ်ယာမြေတွေမှာ လယ်သမားတွေက ဝင်ရောက်ထွန် ယက်ဖို့ ဒီနေ့ကြိုးစားရာ မြို့နယ်ရဲမှူးနဲ့ အုပ်ချုပ်ရေးကတားမြစ် ပြီး အဲ့ဒီလယ်ယာမြေ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စကို ၇ ရက်အတွင်း ဖြေ ရှင်းပေးမယ်လို့ ကတိပေးခဲ့ကြောင်း သိရ ပါတယ်။
2014-06-02
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ တိုးချဲ့မြို့သစ် စီမံကိန်းအတွက် သိမ်းဆည်း ထားတဲ့ လယ်မြေတွေနဲ့ ပတ်သက်ပြီး ခရိုင် နဲ့ မြို့နယ်အုပ်ချုပ်ရေးက လျော်ကြေးအနေနဲ့ မြေကွက်တွေ သတ်မှတ်ပေးတဲ့အပေါ် လယ်သမားတော်တော်များများက လက်မခံဘဲ တားမြစ်ခဲ့တဲ့အတွက် မနေ့က တင်းမာ မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
2014-06-02
ရန်ကုန်မြို့အနီးမှာ တည်ဆောက်မယ့် သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းဒေ သကနေ ပြောင်းရွှေ့ခံရတဲ့ ကျေးရွာ ၆ ရွာက ဒေသခံတွေမှာ အခက်အခဲတွေကြုံတွေ့နေရကြောင်း တင်ပြစာကို သီလဝါ လူမှုဘဝဖွံ့ဖြိုးရေးအဖွဲ့က ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုအေဂျင်စီ (JICA) ထံ ဒီနေ့ ပေးအပ်ခဲ့တယ်လို့ သိရ ပါတယ်။
2014-06-02
တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၄ ယောက်ကို တင်ဆောင်လာတဲ့ ကားတစ်စီးဟာ ထိုင်းနိုင်ငံ ဘန်ကောက် မြို့အဝင်နားက ဘန်ဘော်မြို့မှာ ဒီနေ့ မနက်ပိုင်းက ကား တိုက်မှုဖြစ်ပွားခဲ့လို့ မြန်မာနိုင်ငံသား ၂ ယောက်သေဆုံးပြီး ၁၅ ယောက် အပြင်းအထန် ဒဏ်ရာရခဲ့ကြတယ်လို့ သိရ ပါတယ်။
2014-06-01
မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန် လိုတဲ့ ဆန္ဒ ရှိနေဆဲဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
2014-06-01
လူမျိုးရေးဘာသာရေးအမုန်းပွားစေတဲ့ စကားတွေ မပြောဆိုကြဖို့ ပညာပေး လှုံ့ဆော်ထားတဲ့ တေးသီချင်း MTV အခွေချပ်ရေ ၁ သိန်းကျော်နဲ့ အိပ်ဆောင် စာအုပ်တွေကို တနိုင်ငံလုံး အတိုင်း အတာနဲ့ ဖြန့်ဝေသွားမယ်လို့ “ပန်းစကား” အဖွဲ့က ပြောပါတယ်။
2014-06-01
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး မနက်ဖြန် ချင်းပြည်နယ် ဟားခါးမြို့မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ ကျင်းပမယ့် နေရာကို ပြည်နယ်အစိုးရက ခွင့်ပြုချက် မပေးဘူူးလို့ ချင်းပြည်နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် က ပြောပါတယ်။
2014-06-01
ကရင်အမျိုးသား စည်းလုံးညီညွတ်ရေးကို အဓိကထားပြီး ကရင်အမျိုးသား အစည်း အရုံးရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ ဖက်ဒရယ်ပြည်ထောင် စု ပေါ်ထွန်းရေးဆောင်ရွက်သွားမယ်လို့ ၁၀ကြိမ်မြောက် ကျင်းပတဲ့ ကရင်အမျိုးသား စည်း လုံးရေး နှီးနှောဖလှယ်ပွဲမှာ ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။