သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-09-03
မြန်မာနိုင်ငံနေရာအနှံ့ စစ်တပ်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေပြန်ပေးဖို့ တစ်ကိုယ်တော် ဆန္ဒပြတောင်း ဆိုခဲ့တာကြောင့် ပုဒ်မ ၁၈ နဲ့ နှစ်ကြိမ်တိုင် တရားစွဲဆိုခံနေရတဲ့ သံတွဲမြို့ခံ ကိုစိုးဝေကို နောက်ထပ်ပုဒ်မ ၁၈ နဲ့ ဒီနေ့ထပ်မံစွဲဆိုလိုက်ပြီး အာမခံကို မြို့နယ်တရားရုံး က ပြန်လည်ရုတ်သိမ်းလိုက်ပါတယ်။
2013-09-03
ရခိုင်ပြည်နယ် ပညာရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အိန္ဒိယအစိုးရက အမေရိကန်ဒေါ်လာ ၁ သန်းကို ရခိုင်ပြည်နယ် အစိုးရက တဆင့် ဒီနေ့လှူဒါန်းလိုက်ပါတယ်။
2013-09-03
ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေရဲ့ လာမယ့်ဘဏ္ဍာရေးနှစ် အသုံးစရိတ်ကို လူထုလိုအပ်ချက်အတိုင်း တင်ပြကြဖို့ သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက မနေ့က တိုက်တွန်းပြောကြားခဲ့ပါတယ်။
2013-09-03
၁၉၈၈ ခုနစ်ကဖွဲ့စည်းခဲ့တဲ့ ရခိုင်အမျိုးသားသမဂ္ဂရဲ့ ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဒီနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့မှာ ရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပါတယ်။
2013-09-03
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာအခြေစိုက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ကိုယ်စားလှယ်အဖွဲ့ဟာ ကချင်လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အိုအခြေစိုက်တဲ့ လိုင်ဇာမြို့နဲ့ လက်ဂျားယန် ဒုက္ခသည်စခန်းက ဆေးရုံနဲ့ စာသင်ကျောင်းတွေကို သြဂုတ်လ ၂၉ရက်နေ့ကစပြီး ၄ ရက်ကြာ သွားရောက်လေ့ လာခဲ့ပါတယ်။
2013-09-02
မြန်မာနိုင်ငံဟာ သယံဇာတအရင်းအမြစ် စီမံဆောင်ရွက်မှုအရာမှာ အခြေခံအဆင့်တောင် မရှိသေးဘူးလို့ Revenue Watch အဖွဲ့ရဲ့ အစီရင်ခံစာက ဖေါ်ပြပါတယ်။
2013-09-02
ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ရိုးမသစ္စာအဝေးပြေးကားနဲ့ စီးနင်းလိုက်ပါသွားတဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်အချို့ အပါအဝင် ၁ဝ ဦး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အဖမ်းခံထားရသူ တောင်ကုတ်မြို့ခံ ၇ ဦးအမှုကို သံတွဲခရိုင်တရားရုံးမှာ ဒီကနေ့ စတင်စစ်ဆေး ပါတယ်။
2013-09-02
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် က ကြေးစင်တောင်နဲ့ စံပယ်တောင် ကြေးနီ စီမံကိန်းအတွက် အာဏာပိုင်တွေ သိမ်းယူထားတဲ့ လယ်မြေဧက ငါးထောင်ကျော် အတွက် လျော်ကြေးပေးဖို့ ရာနဲ့ချီတဲ့ဒေသခံတွေ ဒီနေ့ ဒုတိယအကြိမ် ထပ်မံဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2013-09-02
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ စပါးရိုကျေးရွာက လယ်သမား ၅ ယောက်ဟာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ကသိမ်းယူထားတဲ့ လယ်ယာမြေတွေထဲမှာ ဝင်ရောက်ထွန်ယက်လို့ဆိုပြီး ပိုင်နက်ကျူးလွန်မှု ပုဒ်မ(၄၄၇)နဲ့ တရားစွဲဆိုခံထားရပါတယ်။
2013-09-02
ရှမ်းပြည်နယ်မြောက်ပိုင်း တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက်ဆိုပြီး ရှမ်းပြည်တိုး တက်ရေးပါတီ SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့ က ခေါင်းဆောင်တွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော် ခေါင်းဆောင်တဲ့အဖွဲ့ဟာ လားရှိုးမြို့မှာ စက်တင်ဘာလ ၆ ရက် သောကြာနေ့မှာ တွေ့ဆုံဆွေးနွေး ကြမယ်လို့ သိရပါတယ်။
2013-09-02
ရခိုင်ပြည်နယ်ကို မနေ့ကရောက်ရှိနေတဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရဲ့ အထူးအကြံပေးအရာရှိ Vijay Nambiar ဟာ အရင်နှစ်က အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ သံတွဲမြို့ကို သွားရောက်လေ့လာခဲ့ပါတယ်။
2013-09-02
မလေးရှားနိုင်ငံမှာ လက်ရှိအဖမ်းဆီး ခံနေရတဲ့ မြန်မာပြည်သားတွေအထဲက ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှာ စာရင်းပေးသွင်းထားပြီး community cardရှိသူတွေကို UN OPI (Outreach, protection and Intervention) ကယ်ဆယ်ရေးရုံးက ပြန်လည် လွတ်မြောက်အောင် ကြိုးပမ်းပေးမယ်လို့ သိရပါတယ်။
2013-09-02
နိုင်ငံပိုင် မြန်မာ့လေကြောင်းအနေနဲ တရုတ်လေယာဉ်တွေနေရာမှာ ပြင်သစ်လေယာဉ်တွေနဲ့ အစားထိုးတော့မယ်လို့ သိရပါတယ်။
2013-09-01
အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ဒီမိုကရေစီစနစ်ရဲ့ စတုတ္ထမဏ္ဍိုင်ကြီးဖြစ်တဲ့ သတင်းမီဒီယာတွေက တည့်မတ်ပေး ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့တိုက်တွန်း ပြော ကြားလိုက်ပါတယ်။
2013-09-01
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ တရားမဝင်နေထိုင်သူတွေကို ဖမ်းဆီးတဲ့ စီမံချက် ဒီကနေ့စတင်ခဲ့ရာ မြန်မာ နိုင်ငံသား ၂၀၀နီးပါး အဖမ်းခံရတယ်လို့ သိရပါတယ်။