သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-05-05
မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မြေပြင်ရေးရာတာဝန်ခံ ကိုကောင်းဆက်ပိုင်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က ထောင်ဒဏ်တစ်သက်ကနေ သေဒဏ်အမိန့် ထပ်တိုးချလိုက်တဲ့အပေါ် ကန့်ကွက်ကြောင်း ဒီနေ့ ရန်ကုန်မြို့မှာ လူငယ်တွေ ဆန္ဒပြခဲ့ကြပါတယ်။
2023-05-05
အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာ့အရေးပြေလည်ဖို့အတွက် ပဋိပက္ခတွေမှာ အဓိက ပါဝင်နေသူတွေနဲ့ရော မြန်မာ့အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတွေနဲ့ပါ တိတ်တဆိတ်ဆွေးနွေးညှိနှိုင်းနေတယ်လို့ ရိုက်တာသတင်းမှာ ဒီနေ့ဖော်ပြထားပါတယ်။
2023-05-05
ညောင်လေးပင်ခရိုင် မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီက အရပ်သားတစ်ဦးကို သတ်ဖြတ်ခဲ့ပြီး နှစ်ဦးကို ဖမ်းဆီးကာ ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ KNU က မေလ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
2023-05-05
မင်းကင်းမြို့ ပိက္ခရားရွာမှာ မေ ၄ ရက်နေ့က စစ်ကောင်စီတပ် ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်သုံးဦးအပါအဝင် ဒေသခံခုနစ်ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-05-05
ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်မှာနေထိုင်တဲ့ ဦးကျော်ဦးနဲ့ ဦးဇော်ဒွဲခေါင် ဒေသခံအရပ်သား နှစ်ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားပြီးနောက် သတင်းအစအနမရဘဲ ပျောက်နေပါတယ်။
2023-05-05
ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ကြောင်း ဝင်ရောက်လာပြီး ဧပြီလ ၂၉ ရက်နေ့ကနေ မေလ ၁ ရက်နေ့အထိ ရွာငါးရွာက နေအိမ် ၈၀ ကျော် မီးရှို့ခံခဲ့ရပါတယ်။
2023-05-05
ဟားခါးမြို့နယ်၊ ဗန်တလန်းကျေးရွာကို မေလ ၂ ရက်နေ့က စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ် ၁၅ လုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-05-04
ကြည့်မြင်တိုင်နဲ့ မရမ်းကုန်းက ဆန္ဒပြလူငယ်တချို့ဟာ ရန်ကုန်မှာရှိတဲ့ ရုပ်ရှင်ရုံတချို့နားမှာ မနေ့က ပြောက်ကျား ဆန္ဒပြခဲ့ကြပါတယ်။
2023-05-04
မြန်မာနိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ဧပြီလအတွင်း နေအိမ်နဲ့ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံ ဆေးခန်း ၄,၀၉၅ လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။
2023-05-04
ခင်ဦးမြို့နယ်က ကျေးရွာပေါင်း ၇၀ လောက်မှာ ရေတွင်းရေကန်တွေနဲ့ ရေဘုံဘိုင်၊ ရေမော်တာတွေ ဖျက်ဆီးခံရလို့ ရေရှားပါးမှုနဲ့ ဆိုးဆိုးရွားရွား ကြုံတွေ့နေရပါတယ်။
2023-05-04
Adani ကုမ္ပဏီဟာ ရန်ကုန်မြို့မှာတည်ဆောက်မယ့်စီမံကိန်းကို အရှုံးခံပြီး ရောင်းချဖို့ သဘောတူညီလိုက်ပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2023-05-04
ချောင်းဦးမြို့နယ်က လူခုနစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရမှုနဲ့ ပတ်သက်လို့ ကျေးရွာပြည်သူ့ကာကွယ်ရေးတာဝန်ခံတွေကို အရေးယူသွားမယ်လို့ NUG ထုတ်ပြန်ပါတယ်။
2023-05-04
ရှမ်းပြည်နယ်တောင်ပိုင် ပင်လောင်း၊ ဖယ်ခုံနဲ့ ကယားပြည်နယ်အတွင်းမှာ ဧပြီလအတွင်း တိုက်ပွဲပေါင်း ၅၀ အထိ ဖြစ်ခဲ့ပါတယ်။
2023-05-04
ဖားကန့်မြို့နယ်မှာ ၂၀၂၃ ဧပြီ တစ်လတည်းမှာ စစ်ကောင်စီဖမ်းဆီးခဲ့တဲ့ ပြည်သူ ၄၀၀ နီးပါးရှိတယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ က မေ ၂ ရက်နေ့ က ထုတ်ပြန်ပါတယ်။
2023-05-03
ဒါကို တရုတ်အစိုးရက အထူးအရေးကြီးတယ်လို့ သတ်မှတ်ထားပြီး ဒီရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ သန္နိဌာန်ချမှတ်ထားတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။