သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-12-07
ဧရာဝတီတိုင်းမှာ NLD အစိုးရလက်ထက်က ထုတ်ချေးထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေ အကြွေးကျန်တွေကို စစ်ကောင်စီရဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က နို့တစ်စာပို့ပြီး ဖိအားပေး တောင်းယူနေတယ်လို့ ပြောပါတယ်။
2023-12-07
ပဲခူးတိုင်း၊ မုန်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ခုနစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။
2023-12-07
ခွင့်မဲ့နဲ့ စစ်ပြေးအဖြစ် ထောင်ကျနေသူတွေကို စစ်ကောင်စီတပ်က ပြန်လွှတ်ပေးနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
2023-12-07
ပို့ကုန်ကရမယ့် နိုင်ငံခြားငွေတွေရဲ့ ၃၅ ရာခိုင်နှုန်းကို မြန်မာ ကျပ်ငွေနဲ့ လဲလှယ်ရမယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ဒီဇင်ဘာ ၆ ရက်နေ့မှာ ပြင်ဆင်လိုက်ပါတယ်။
2023-12-06
အမေရိကန်ဒေါ်လာဈေးနှုန်းကို ရည်ညွှန်းဈေးသတ်မှတ်ပြီး ထိန်းချုပ်ထားရာကနေ ပေါက်ဈေးအတိုင်း ရောင်းဝယ်ခွင့်ပြုမယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
2023-12-06
ဒီဇင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့က ပဲခူးတိုင်း၊ မုန်းမြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်က ဗိုလ်မှူးအပါအဝင် အင်အား နှစ်ဆယ်ခန့် လက်နက်ချခဲ့တယ်လို့ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်ပါတယ်။
2023-12-06
ရိုဟင်ဂျာတွေကို သတ်ဖြတ်တဲ့ အထောက်အထားတွေရထားလို့ အခုလိုတိုင်ကြားတာလို့ မြန်မာ-ရိုဟင်ဂျာအသင်း(ယူကေ)ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။
2023-12-06
တရုတ်-မြန်မာ နယ်စပ်ဒေသလုံခြုံရေးအတွက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ဒီဇင်ဘာ ၆ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2023-12-06
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြင်းထန်လာချိန်မှာ စစ်အာဏာရှင်တွေထံ လက်နက်စီးဆင်းမှုတွေကို ရပ်တန့်ပစ်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက တိုက်တွန်းလိုက်ပါတယ်။
2023-12-06
စစ်ကောင်စီရဲ့ လေးမျက်နှာစေတီ စခန်းကုန်းကို ဒီဇင်ဘာလ ၃ ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့ရာမှာ ဒီဇင်ဘာလ ၅ ရက်နေ့က သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။
2023-12-06
လက်ရှိမှာ အာဏာပိုင်တွေက ရောက်လာတဲ့ဒုက္ခသည်တွေကို ရွက်ဖျင်တဲတွေနဲ့ သင်္ဘောကျင်းတစ်ခုမှာ နေရာချထားပေးထားပါတယ်။
2023-12-06
မြဝတီမြို့က မြို့မရဲစခန်းနဲ့ ထိုင်း-မြန်မာ နယ်ခြားကော်မတီ ရှေ့တန်းရုံးဝင်းထဲ ဒီဇင်ဘာလ ၆ ရက် ညနေပိုင်းက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခံခဲ့ရတယ်လို့ ရဲစခန်းအနီး နေထိုင်တဲ့ မြဝတီမြို့ခံတွေက ပြောပါတယ်။
2023-12-06
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် မနော်သီရိရွာမှာ ဒီဇင်ဘာ ၅ ရက်နေ့က စစ်ကောင်စီရဲ့ ရေတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာအပြင် ရွာထဲဝင်ပြီးမီးရှို့ခဲ့တာကြောင့် တစ်ဦးဒဏ်ရာရပြီး နေအိမ်နှစ်ဆယ်ကျော် မီးလောင်ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
2023-12-06
ဧရာဝတီတိုင်းမှာ စစ်ကောင်စီထံ အလင်းဝင်ဘက်ပြောင်းလာတဲ့ PDF အဖွဲ့ဝင်တွေကို ပြည်သူ့စစ်အဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ စည်းရုံးတာတွေ ပိုလုပ်လာပါတယ်။
2023-12-06
နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်သူတွေကို ကူညီဖို့အတွက် ရန်ပုံငွေ ဒေါ်လာခုနစ်သန်း ရရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က သတင်းထုတ်ပြန်ပါတယ်။