သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-02-09
ပြည်တွင်းငြိမ်းချမ်းရေး နှောင့်နှေးနေရတာ နဲ့ ပတ်သက်ပြီး ညီညွတ်သော တိုင်းရင်း သားလူမျိုးများဖက်ဒရယ် ကောင်စီ UNFC အဖွဲ့ က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ နဲ့ ပြည်တွင်း ပြည်ပက လူမှှုအခြေပြု လူထုအဖွဲ့အစည်းတွေ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ မနေ့မနက်က ထပ်မံတွေ့ ဆုံဆွေးနွေးခဲ့ကြပါတယ်။
2015-02-08
ဧရာဝတီတိုင်းဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု စစ်ကြောင်းမှာ လိုက်ပါချီတက် လာခဲ့တဲ့ ပုသိမ်မြို့ အမှတ် (၁) အထက်တန်းကျောင်း က ကျောင်းသူ မချောစုစံကို မအူပင်မြို့မှာ မနေ့က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း မိဘထံ ပြန်လည်အပ်နှံ လိုက်ပါတယ်။
2015-02-08
ဝှိုက်ကဒ်လို့ခေါ်တဲ့ အဖြူရောင်ယာယီ သက်သေခံလက်မှတ်ကိုင်ဆောင်ထား သူတွေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မဲပေး ဖို့ ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုလိုက်တာကို အခုလ ၁၅ရက်နေ့မှာ ရခိုင်ပြည်နယ်တစ်ခုလုံး အတိုင်း အတာနဲ့ ကန့်ကွက်ဆန္ဒပြမယ်လို့ ရခိုင်အမျိုးသားပါတီက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2015-02-08
ရှမ်းပြည်နယ် မူဆယ်မြို့နယ်၊ ကောင်း ခါးကျေးရွာမှာ ကျောင်းဆရာမနှစ်ဦး သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ဖို့ အတွက် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ ချုပ်က အဖွဲ့ဝင် ၁၅ ဦးပါတဲ့ ကော်မတီကို ဖွဲ့စည်းလိုက် ပါတယ်။
2015-02-08
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန် မြို့နယ်က "စပါးနှံ" တာယာနဲ့ကျွတ်စက်ရုံ မှာ အလုပ်ထုတ်ပယ်ခံရတဲ့ အလုပ်သမား သမဂ္ဂခေါင်းဆောင် ကိုဝင်းဇော်ထွန်း ကို အလုပ် ပြန်ခန့်ဖို့ အဲ့ဒီစက်ရုံက အလုပ်သမား ၃၀၀ နီးပါးက ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2015-02-08
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကံဆီးဒေသမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း မှာ ဖြစ်ပွား ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရတဲ့အတွက် ကျောင်းသား ကျောင်းသူ ၆၀ ကျော် စာမေးပွဲဖြေဆိုနိုင်ခြင်း မရှိကြောင်း အောင် ဘာလေကျေးရွာ အလယ်တန်းကျောင်း အုပ်ဆရာမကြီး က ပြောပါတယ်။
2015-02-08
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက် ဆန္ဒပြတဲ့ကျောင်း သားတွေကို ထောက်ခံတဲ့အနေနဲ့ ပြည်မြို့ တက္ကသိုလ်ကျောင်းသားတွေက ပြည်တက္ကသိုလ်ရှေ့မှာ ဒီနေ့ သပိတ်စခန်းဖွင့်ပြီး ကြိုဆိုကြပါတယ်။
2015-02-07
လက်ရှိ ကျောင်းသားဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက ဒီလှုပ်ရှားမှုဟာ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးကို အကြောင်းပြပြီး နိုင်ငံတော်လုံခြုံရေး ကို ခြိမ်းခြောက်နေကြောင်းနဲ့ ကျောင်းသားလူငယ်တွေ ကို ရှေ့တန်းတင်ပြီး နောက်ကွယ်ကနေ ကြိုးကိုင်နေသူတွေ ရှိကြောင်း ဖေဖော်ဝါရီ ၇ ရက်နေ့ မနေ့က ပြောကြားပါတယ်။
2015-02-07
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး အတွက် မန္တလေးကနေ ရန်ကုန်ကို ချီတက်ဆန္ဒပြနေတဲ့ ကျောင်းသားတွေဟာ မနေ့မနက်က တောင်တွင်းကြီးမြို့နယ် ဆတ်သွားရွာကနေ ထွက်ခွါခဲ့ကြပြီး၊ အောင်လံမြို့ကို ည ၉ နာရီလောက် မှာ ရောက်ရှိခဲ့ကြပါတယ်။
2015-02-07
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပ လ န ကျေးရွာက စိန့်ဂျိုးဇက် ကက်သလစ် အသင်းတော် ကယ်ဆယ်ရေး စခန်းမှာ ဒီနေ့ မနက်လေးနာရီလောက်က မီးလောင်တာကြောင့် အိမ်ထောင်စု ၃ဝ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။
2015-02-07
ပြည်မြို့မှာရှိတဲ့ တက္ကသိုလ်အဆင့်နဲ့ အထက်တန်းကျောင်းသူ ကျောင်းသားတွေ သပိတ်မှောက်ဆန္ဒပြမှုတွေမှာ မပါဝင်ကြဖို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဆရာ ဆရာမတွေ ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံပြီး သတိပေးခဲ့ ပါတယ်။
2015-02-07
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး အတွက် ပညာရေးဝန်ကြီးဌာနက တာဝန် ရှိသူတွေ၊ ပညာရေးစနစ် ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နဲ့ သပိတ်မှောက် ကျောင်းသား ကိုယ်စားလှယ်တွေဟာ လာမယ့် ၉ ရက်နေ့မှာ ထပ်မံတွေ့ဆုံ ဆွေးနွေးကြမှာဖြစ် ပါတယ်။
2015-02-07
၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ၊ တစ်နိုင် ငံလုံးအပစ်ခတ်ရပ်စဲရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး စတဲ့ ကိစ္စရပ်တွေဟာ ၂ဝ၁၅ ခုနှစ် အတွက် မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှုတွေ ဖြစ်တယ်လို့ နိုင် ငံတော် သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။
2015-02-07
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့မှာ ၇ ရက်ကြာ ကျင်းပမယ့် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် မွေးနေ့ဂုဏ်ပြုပွဲကို ဒီနေ့ စတင်ဖွင့်လှစ် ရာမှာ ဒေသခံတစ်သောင်းနီးပါး တက်ရောက်ကြ ပါတယ်။
2015-02-07
ဗကသများအဖွဲ့ချုပ်ဦးဆောင်တဲ့ မန္တလေး-ရန်ကုန်ကျောင်းသားသပိတ်စစ်ကြောင်း ဟာ တောင်တွင်းကြီးမြို့ကနေ ဆက်လက် ထွက်ခွာရာမှာ မနေ့နေ့လည် က ဆတ်သွားရွာ ကိုရောက်ရှိ သွားပြီး ဒေသခံပြည်သူတွေက နယ်လုံးကျွတ်နီးပါး ကြိုဆိုခဲ့ ကြပါတယ်။