သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-02
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာမှာ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ တည်ဆောက်မှုကို ကန့်ကွက်ရင်း လမ်းတံတားဥပဒေပုဒ်မ ၂၂ နဲ့ တရားစွဲ ဆိုခံထားရသူတွေထဲက အသက် ၇ဝ ကျော် အမျိုးသမီးကြီးတစ်ဦးကို ပုသိမ်ကြီးမြို့နယ်တရားရုံးက ဒီနေ့ အာမခံပေးလိုက်ပါတယ်။
2018-08-02
ထိုင်းနိုင်ငံမှာ ဗီဇာအတုကိုင်ဆောင်ထားသူ မြန်မာအလုပ်သမား ၁ဝဝ ဝန်းကျင် စစ်ဆေးတွေ့ရှိထားတာကြောင့် နယ်စပ်စစ်ဆေးရေးဂိတ်တွေမှာ ဗီဇာတွေကို စစ်ဆေးကြဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတိပေးလိုက်ပါတယ်။
2018-08-02
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မန်ချယ်ရွာအနီးမှာ မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် တပ်ပေါင်းစုအဖွဲ့တွေ လှုပ်ရှားနေတယ်ဆိုတဲ့သတင်းတွေကြောင့် ရွာအနီးတဝိုက်က ဒေသခံ ၃ဝဝ ဝန်းကျင်ဟာ သီပေါနဲ့ မန်စံရွာဘက် ထွက်ပြေးခိုလှုံနေကြပါတယ်။
2018-08-01
မြန်မာအစိုးရက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခဲ့တာကို ဖိလစ်ပိုင်အစိုးရက ဗုဒ္ဓဟူးနေ့ မနေ့က ကြိုဆိုလိုက်ပါတယ်။
2018-08-01
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကို ရိုဟင်ဂျာမွတ်စလင် ၇ သိန်းကျော်ထွက်ပြေး ရတဲ့ကိစ္စမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုကို ပြစ်တင်ရှုတ်ချဖို့ ပျက်ကွက်တဲ့အတွက် လူ့အခွင့်အရေးဆိုင်ရာ ကနေဒါပြတိုက်မှာ ထားရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို မီးမှိန်ချထားလိုက်ပါတယ်။
2018-08-01
နေပြည်တော် အဆင့်မြင့်ပညာ ဦးစီးဌာနမှာ ဗုဒ္ဓဟူးနေ့ မနေ့ကကျင်းပတဲ့ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေနဲ့ အစိုးရ ပညာရေးဝန်ကြီးဌာနက ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ အဆင့်မြင့်ပညာရေး ဥပဒေမူကြမ်းကို ပြန်လည်ရေးဆွဲတဲ့အခါ ကျောင်းသားကိုယ်စားလှယ်တွေ ပါဝင်ခွင့်ပြုဖို့ အစိုးရဘက်က သဘောတူညီလိုက်ပါတယ်။
2018-08-01
ကရင်၊ မွန်၊ တနင်္သာရီ၊ ပဲခူး၊ မကွေး စတဲ့ တိုင်းနဲ့ပြည်နယ် ၅ခုမှာ ရေဘေးကြောင့် သေဆုံးသူ ၁၂ ဦးအထိ ရှိပြီး ပြောင်းရွှေ့ရသူ တစ်သိန်းခွဲနီးပါးရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက သတင်းထုတ်ပြန်ပါတယ်။
2018-08-01
ရှမ်းပြည်နယ် နမ္မတူမြို့နယ်၊ ပန်ဆော့ကျေးရွာအုပ်စု၊ ပန်ကွပ်ကျေးရွာက ဒေသခံရွာသား ၄ ယောက်ကို လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက မနေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2018-08-01
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်က မြန်မာမေကောင်း သစ်အချောထည်စက်ရုံမှာ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံတာ ရပ်တန့်ဖို့ အပါအဝင် အချက် ၁၀ ချက်ကို အလုပ်သမား ၃၀ ခန့်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2018-08-01
လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် နိုင်ငံသားအားလုံး တည်ဆဲဥပဒေတွေကို လေးစားလိုက်နာ ဖို့ ပြည်ထောင်စုလွှတ်တော် နာယက တာဝန်လွဲှပြောင်းရရှိတဲ့ ဦးတီခွန်မြတ်က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2018-08-01
တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး ဟာ ကျန်းမာရေးကြောင့် ခွင့် နှစ်လ တင်ထားပါတယ်။
2018-08-01
မြန်မာနိုင်ငံရဲ့ ပင်လယ်ရပ်ခြားပို့ကုန် ပမာဏဟာ အရင်နှစ် အလားတူကာလနဲ့ နိုင်းစာရင် အမေရိကန် ဒေါ်လာ သန်း တထောင်ကျော် ပိုမိုများပြားခဲ့ကြေင်း တပြိုင်နက်မှာပဲ ဆန်စပါး တင်ပို့ရောင်းချမှုကတော့ တန်ချိန် ၅၅ဝဝဝ ခန့် လျှော့နည်းကျဆင်းခဲ့ကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အရာရှိတဦးက ပြောဆိုတယ်လို့ မြန်မာတိုင်းမ်သတင်းဌာနက ဇူလိုင် ၃၁ ရက်နေ့ မနေ့က ဖေါ်ပြလိုက်ပါတယ်။
2018-08-01
ဘင်္ဂလားဒေ့ရှ် အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ Kazi Reazul ကာဇိုင်း ရီဇူး က ရိုဟင်ဂျာ ပဋိပက္ခကို ဖြေရှင်းရေးအတွက် နိုင်ငံတကာ အသိုင်းအဝန်းက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ချမှတ်ပြီး စီးပွားရေးအရ ဝိုင်းဝန်း ဖြတ်တောက်ကြဖို့လိုကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။
2018-08-01
ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖို့ အစိုးရက လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော်မရှင်သစ် ဖွဲ့စည်းလိုက်တာဟာ ထွင်လုံးသက်သက်ပဲလို့ အကဲခတ်တွေက မနေ့က ဝေဖန်လိုက်ပါတယ်။
2018-08-01
လူ့အခွင့်အရေးချိုးဖေါက်နေမှုတွေကို မြန်မာ့တပ်မတော်က ဆက်လက်ကျူးလွန်နိုင်ခြင်း မရှိအောင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာအစိုးရကို ICC နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးတင်ဖို့ လိုကြောင်း နိုင်ငံတကာရောက် ကရင်တိုင်းရင်းသားအဖွဲ့တွေက စုပေါင်း တောင်းဆိုလိုက်ပါတယ်။