သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-07
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်က ငြိမ်းချမ်းစွာဆန္ဒပြမှုကို အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့အပေါ် ရှုတ်ချတယ်လို့ NCA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ဒီဇင်ဘာ ၇ ရက် ဒီနေ့ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
2021-12-07
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲမှာ ဒေသခံ ကာကွယ်ရေးတပ် PDF တွေကို စစ်တပ်က Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ ဒီဇင်ဘာ ၇ ရက် ဒီနေ့မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-07
စစ်ကိုင်းတိုင်း ကလေးမြို့နယ် လယ်ခြားရွာသား ကိုသားပုနဲ့ မဝေဝေခိုင် တို့ဟာ ဒီဇင်ဘာ ၅ ရက်က ရန်ကြီးအောင်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးတာခံလိုက်ရတယ်လို့ လယ်ခြားရွာသားတွေက ပြောပါတယ်။
2021-12-07
ကုလသမဂ္ဂမှာ နိုင်ငံကိုယ်စားပြု တက်ရောက်ခွင့်ရဖို့ မြန်မာစစ်ကောင်စီနဲ့ အာဖဂန်နစ္စတန်နိုင်ငံက တာလီဘန်အစိုးရရဲ့ လျှောက်ထားချက်တွေနဲ့ ပတ်သက်လို့ ဆိုင်းငံ့ထားဖို့ ကုလသမဂ္ဂ ကိုယ်စားလှယ်စိစစ်ရေးကော်မတီ (Credential Committee) ရဲ့ ဆုံးဖြတ်ချက်ကို အထွေထွေညီလာခံက ဒီဇင်ဘာ ၆ ရက်နေ့မှာ တစ်ညီတစ်ညွတ်တည်း အတည်ပြုလိုက်ပါတယ်။
2021-12-07
ရိုဟင်ဂျာတွေ အကြမ်းဖက်ရက်စက်ခံရတဲ့ အကြောင်းရင်းတွေထဲမှာ Facebook လူမှုကွန်ရက်ပေါ်က ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကား ပြန့်ပွားမှုတွေကို ထိန်းချုပ်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်ဒေါ်လာ ဘီလျံ ၁၅ဝ နစ်နာကြေးပေးဖို့ Facebook ကုမ္ပဏီကို ရိုဟင်ဂျာတွေက တရားစွဲဆိုလိုက်ကြောင်း ဝါရှင်တန်ဒီစီအခြေစိုက် The Hill သတင်းဌာနက ဖော်ပြပါတယ်။
2021-12-06
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်လိုက်တာဟာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု မရှိတော့တဲ့ အခြေအနေကို ပြသနေပြီး၊ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်ကို စီးပွားရေးအရ ပိုမိုပြင်းထန်တဲ့ ဖိအားပေးမှုတွေ ချမှတ်ကြဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက တိုက်တွန်း လိုက်ပါတယ်။
2021-12-06
မနေ့က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို နေပြည်တော်တရားရုံးကနေ ထောင်ဒဏ် လေးနှစ်စီ ချမှတ်လိုက်တာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ၊ နိုင်ငံတကာနဲ့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ် ချကြောင်း ကြေညာချက်တွေ ထုတ်ပြန်ပြောဆိုခဲ့ကြပါတယ်။
2021-12-06
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မတရားသဖြင့် စီရင်ချက်ချလိုက်တာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ တရားမျှတမှုအပေါ် ပြောင်ပြောင်တင်းတင်း စော် ကားလိုက်တာလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ကြေညာချက် ထုတ်ပြန်ပြောဆို လိုက်ပါတယ်။
2021-12-06
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို ဒီနေ့မနက်က နေပြည်တော် အထူးတရားရုံးကနေ ထောင်ဒဏ်လေးနှစ်စီ အမိန့်ချလိုက်တဲ့အမိန့်ကို ထက်ဝက်သာကျခံဖို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ည အမိန့်ထုတ်လိုက်ပါတယ်။
2021-12-06
ရခိုင်ပြည်နယ် အမ်းမြို့နယ် စစ်တပ်စစ်ဆေးရေးဂိတ်မှာ အဖမ်းခံခဲ့ရတဲ့ မြေပုံမြို့နယ် စိတ္တရာရွာသား ကိုနေဝင်းစိုးဟာ တစ်လနီးပါးကြာတဲ့အထိ မိသားစုနဲ့ အဆက်အ သွယ် မရဘူးလို့ ဇနီးဖြစ်သူက ပြောပါတယ်။
2021-12-06
မကွေးမြို့ လေတပ်စခန်းထဲမှာ ဒီဇင်ဘာ ၆ ရက် ဒီနေ့မနက်ပိုင်းက သေနတ်ပစ် ခတ်သံတွေ ကြားခဲ့ရတယ်လို့ လေတပ်စခန်းအနီးနားက ဒေသခံတွေက ပြော ပါတယ်။
2021-12-06
အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ ဒီနေ့မနက် ၆ နာရီကစပြီး MPT ဖုန်းလိုင်းတွေလည်း ပြတ်တောက်သွားပြီလို့ ဒေသခံတစ်ဦး က ပြောပါတယ်။
2021-12-06
ဖမ်းဆီးခံရသူတွေအထဲမှာ MPA သတင်းဌာနက ရုပ်သံသတင်းထောက် မမှူးရတနာ ခက်မို့မို့ထွန်းနဲ့ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်း တို့ပါဝင်ပါတယ်။ သူတို့ဟာ စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပေမဲ့ မိသားစုဝင်တွေ၊ ရှေ့နေတွေနဲ့ တွေ့ခွင့်မရသေးဘူးလို့ MPA သတင်းဌာန တည်ထောင်သူ ဂျေပိုင် က RFA ကို ပြောပါတယ်။
2021-12-06
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို ဒီနေ့ ဒီဇင်ဘာလ ၆ ရက်နေ့မှာ စစ်ကောင်စီက ထောင်ဒဏ် လေးနှစ်စီ အသီးသီး ချမှတ်လိုက်ပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်ကို ထောင်ဒဏ် နှစ်နှစ်ချလိုက်ပါတယ်။
2021-12-06
စစ်ကိုင်းတိုင်း ကလေးမြို့မှာ အကြမ်းမဖက် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု CDM မှာပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေက Kalay Police Service (ရဲအဖွဲ့) ဆိုပြီး ဒီဇင်ဘာ ၆ ရက် ဒီနေ့ စတင်ဖွဲ့စည်းလိုက်ပါတယ်။