သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-11-06
ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင် ရုံးဝင်းအတွင်း ဒီနေ့ နေ့လည် ၂ နာရီခွဲလောက်မှာ ဗုံးပေါက်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ဗုံးပေါက်ကွဲချိန်မှာရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေ ကပြောပါတယ်။
2020-11-06
ဒီကနေ့ နိုဝင်ဘာ ၆ ရက်နေ့ဟာ၊ ရွေးကောက်ပွဲအတွက် ပါတီအားလုံး မဲဆွယ်ရမယ့် နောက်ဆုံးရက် ဖြစ်တာကြောင့် နေပြည်တော်မှာ မဲဆွယ်ဆိုင်းဘုတ်နဲ့ ကြော်ငြာပိုစတာတွေ ဖြုတ်သိမ်းနေကြသလို၊ အငြိမ်းစား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ တပ်မတော်သားမိသားစုဝင် တစ်ထောင်နီးပါး နေရာအသီးသီးမှာ ကြိုတင်မဲပေးခဲ့ကြပါတယ်။
2020-11-05
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်လောင်းတွေဖြစ်ကြတဲ့ မွန်ပြည်နယ်က ဦးကိုကိုဦး၊ တနင်္သာရီတိုင်းက ဦးဗိုလ်ထွေးတို့ဟာ အပြောအဆို ကြမ်းတမ်းတယ်လို့ စွပ်စွဲခံထားရပြီး အရေးယူပေးဖို့ သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခံထားရပါတယ်။
2020-11-05
အရာရှိတွေ၊ စစ်သည်တွေ၊ မိသားစုတွေအားလုံး လွတ်လွတ်လပ်လပ် မဲပေးနိုင်ပြီး တို့တာဝန်အရေးသုံးပါးကို အလေးထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို ထည့်သွင်းစဉ်းစား မဲပေးဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းစစ်ဌာနချုပ် အသီးသီးက တိုင်းမှူးတွေနဲ့ ဗွီဒီယိုက တဆင့်တွေ့ဆုံချိန်မှာ မနေ့က တိုက်တွန်းလိုက်ပါတယ်။
2020-11-05
ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အရာရှိတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလိုက်ရတဲ့အတွက် အုပ်ချုပ်ရေးမှူးရုံး နဲ့ တွဲလျက်ဖွင့်ထားတဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တို့ကို အသွားအလာ ကန့်သတ်လိုက် ပါတယ်။
2020-11-05
ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲအကြိုကာလက အခြေအနေတွေကို လေ့လာ ဆန်းစစ်ချက်အရ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ် မဖြစ်နိုင်ဘူးလို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့က အစီရင်ခံစာတစ်စောင် မနေ့က ထုတ်ပြန်လိုက်ပါတယ်။
2020-11-05
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်ထဲက UWSA ၀ တပ်ဖွဲ့ ထိန်းချုပ်တဲ့ ၁၇၁ စစ်ဒေသအတွင်းက ကျေးရွာတွေမှာ မဲဆွယ်စည်းရုံးရေးအတွက် ၀ တပ်ဖွဲ့က ဝင်ထွက်ခွင့်မပေးထားပါဘူး။
2020-11-05
မွန်ပြည်နယ်၊ မော်လမြိုင်မြို့က မန္တလေးရပ်ကွက်မှာ နိုဝင်ဘာလ ၃ ရက်နေ့က အသက် ၆၀ နှစ် အထက် မဲဆန္ဒရှင်တွေ ကြိုတင်မဲထည့်ရာမှာ ရပ်ကျေး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးက ပါတီတစ်ခုကို လက်ညှိုးထိုးပြပြီး ရွေးချယ်ခိုင်းနေတယ်လို့ ကိုယ်စားလှယ်လောင်းတွေက စွပ်စွဲပါတယ်။
2020-11-05
လွှတ်တော်ကိုယ်စားလှယ်လောင်းလို့ ဆိုလိုက်ရင် လူငယ်နဲ့ လူလတ်ပိုင်းကိုပဲ ပြေးမြင်တတ်ကြတာပါ။ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်းအတွင်း အသက် ၈၀ နဲ့ အထက် အမတ်လောင်း ခြောက်ဦး ရှိနေပါတယ်။
2020-11-04
ဝဒေသဖြစ်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်က ကျေးရွာအုပ်စု လေးခုမှာ ရွေးကောက်ပွဲ ဖျက်သိမ်းပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် မိုင်းဆတ်မြို့က နိုင်ငံရေးပါတီ လေးခုက ကော်မရှင်ထံ စာရေးသား တောင်းဆိုလိုက်ပါတယ်။
2020-11-04
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အထောက်အကူမဖြစ်စေဘဲ စိုးရိမ်မှုတွေနဲ့ မတည်ငြိမ်မှုတွေဖြစ်ဖို့ အားပေးရာရောက်တယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက တုံ့ပြန်လိုက်ပါတယ်။
2020-11-04
၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ လူမျိုးရေး ဘာသာရေး ခွဲခြားတဲ့ အမုန်းစကား ရေးသားဖြန့်ဝေမှုတွေ ဆိုရှယ်မီဒီယာမှာ မြင့်တက်နေပြီး ဒီလိုရေးသားချက်တွေကို အရေးယူဖို့ အစိုးရက ပျက်ကွက်နေတယ်လို့ လန်ဒန် အခြေစိုက် မြန်မာလူ့အခွင့်အရေးကွန်ရက် (BHRN) က ဝေဖန်ပါတယ်။
2020-11-04
ရခိုင်ပြည်နယ် မြေပုံမြို့နယ်ထဲက စညှင်း၊ ပျားသုန်း၊ ကမ်းထောင်းကြီး၊ ရေရှင်စတဲ့ရွာတွေက စစ်ဘေးဒုက္ခသည် သုံးထောင်နီးပါးဟာ အစိုးရရဲ့ ထောက်ပံ့ကူညီမှုရပ်လိုက်တာကြောင့် စားသောက်ရေး အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။
2020-11-04
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာမှာ ရေလုပ်သား ၁၀၀၀ နီးပါးဟာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ကြိုတင်မဲကို နိုဝင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့မှာထည့်ဖို့ ညွှန်ကြားချက်ကြောင့် မဲထည့်ခွင့်ဆုံးရှုံးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
2020-11-04
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အနော်ရထာရပ်ကွက်က မဲရုံမှာ ကြိုတင်မဲပုံးတစ်ခုရဲ့ လုံခြုံရေးကြိုး ပြတ်တောက်ခဲ့တာကို ကော်မရှင်က စစ်ဆေး တွေ့ရှိခဲ့ပါတယ်။