သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-24
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ ဌာနချုပ်ဟောင်းနေရာ ပါဂျောင်အနီးက ရှအစ်ယန် (Sha it Yang) စစ်ဘေးဒုက္ခသည်စခန်းမှာ အရမ်းအေးတာကြောင့် အနွေးထည်နဲ့စောင်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒုက္ခသည်စခန်း ဒုတိယတာဝန်ခံ ဦးမဝိုင်အောင်ဒီးက ပြောပါတယ်။
2023-01-24
၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အပါအဝင် အရပ်ဘက်အဖွဲ့တွေနဲ့ စစ်အာဏာရှင်ကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့ အဖွဲ့တွေကတော့ အဲဒီရွေးကောက်ပွဲကို လက်မခံဘူးလို့ ပြောထားပါတယ်။
2023-01-24
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့အရှေ့အခြမ်းက စစ်ဘေးဒုက္ခသည် ၁၀၀ ခန့်ရှိတဲ့ ဒုက္ခသည်စခန်းတစ်ခုအတွင်း ဇန်နဝါရီလ ၂၂ ရက်နေ့ ည ၉ နာရီခန့်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက်နှစ်နှစ်နဲ့ ငါးနှစ်အရွယ် ကလေးငယ်နှစ်ဦး အပါအဝင် လေးဦးဒဏ်ရာရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
2023-01-24
မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ အာဏာသိမ်းပြီးနောက် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို အရေးယူပေးဖို့ ဂျာမဏီအစိုးရထံ လူ့အခွင့်အရေးဖွဲ့ဖြစ်တဲ့ Fortify Rights နဲ့ လူပုဂ္ဂိုလ် ၁၆ ဦးတို့က တိုင်ကြားခဲ့တယ်လို့ Fortify Rights က ဇန်နဝါရီလ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2023-01-24
ဘုရားသုံးဆူမြို့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ လဝကရုံး၊ မြေစာရင်းရုံး၊ စည်ပင်ရုံးနဲ့ စရဖရုံးတွေရှိတဲ့ စုပေါင်းရုံးနေရာကို ဇန်နဝါရီလ ၂၃ ရက်နေ့ညပိုင်းက တစ်ပြိုင်တည်း စီးနင်းတိုက်ခိုက်ခံရပြီး မီးရှို့ခံခဲ့ရတယ်လို့ ဘုရားသုံးဆူမြို့ခံတွေက RFA ကို ပြောပါတယ်။
2023-01-23
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မကြီးတုံရွာကို ဇန်နဝါရီလ ၂၃ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၆၄ လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-23
စစ်ကောင်စီပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည်နယ်၊ သထုံခရိုင်ရဲ့ နယ်မြေတွေမှာ လုပ်ခွင့်ပြုမှာမဟုတ်ဘူးလို့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ KNU သထုံခရိုင်က ထုတ်ပြန်ပါတယ်။
2023-01-23
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပလိပ်ထွီရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည် ထောက်ပံ့ကူညီရေး ပစ္စည်းတွေထားတဲ့ အိမ်ကို ဇန်နဝါရီလ ၂၃ ရက် မနက် ၁၀ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် နှစ်ဦးဒဏ်ရာခဲ့ပါတယ်။
2023-01-23
မကွေးတိုင်း၊ ရေစကြိုမြို့ အဝင်လမ်းတွေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့ကတည်းက စစ်ကောင်စီတပ်သားတွေ လာရောက်ဖျက်ဆီးထားလို့ ကုန်စည်ကူးသန်းရောင်းဝယ်ရေးနဲ့ သွားလာရေး ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-23
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့က အထွေအထွေအုပ်ချုပ်ရေးမှူးရုံးကို ဇန်နဝါရီလ ၂၁ ရက်နေ့က လက်ပစ်ဗုံးနဲ့ပစ်ပြီး မိုင်းဆွဲတိုက်ခိုက်တာကြောင့် ပျူစောထီးအဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ လင်းယုန်နီအဖွဲ့က RFA ကို ဒီနေ့ ပြောပါတယ်။
2023-01-23
စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကသာမြို့နယ်၊ မိုးဒါးလေးအုပ်စု တိုက်ကုန်းရွာကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နဲ့ ၂၃ ရက်မနက်အထိ စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့တာကြောင့် နေအိမ် ၃၀ နီးပါး ပျက်စီးခဲ့တယ်လို့ ကသာ PDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
2023-01-22
ဘရင်ဂျီလို့ခေါ်တဲ့ ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေ နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ချမ်းသာရွာက သက်တမ်း ၁၂၉ နှစ်ရှိတဲ့ ဘုရားကျောင်းမီးရှို့ဖျက်ဆီးခံရတာကို အထူးဝမ်းနည်းတယ်လို့လည်း မိန့်ကြားပါတယ်။
2023-01-22
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် လယ်မှီးရွာက ဒေသခံ အမျိုးသားသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီးနောက် ဇန်နဝါရီလ ၂၁ ရက်မှာ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို ပြန်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2023-01-22
မကွေးတိုင်း၊ မြိုင်မြို့နယ် ဗဟင်းရွာက ဆေးခန်းကို စစ်ကောင်စီက ဇန်နဝါရီလ ၂၁ ရက်၊ နေ့လယ်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ ဆေးရုံလူနာစောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-22
မြန်မာပြည်သူတွေဆီ အာဏာပြန်အပ်နိုင်ရေး တရုတ်နိုင်ငံရဲ့ ရပ်တည်မှုကို အသိအမှတ်ပြု ကျေးဇူးတင်တယ်လို့ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဇန်နဝါရီလ ၂၂ ရက် ထုတ်ပြန်တဲ့ တရုတ်နှစ်သစ်ကူးနေ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။