သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-11-15
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ သတင်းမီဒီယာဥပဒေ တို့ကို သတင်း သမားတွေ အပါအဝင် အများပြည်သူရဲ့ သဘောထား မှတ်ချက်ရယူပြီး ပြည်ထောင်စုလွှတ်တော်မှာ ပြန်လည်ပြင်ဆင်သုံးသပ်ပေးဖို့နဲ့ ပုဒ်မ ၆၆ (ဃ)နဲ့ စွဲဆိုထားတဲ့အမှုတွေ ကို ပိတ်သိမ်းပေးဖို့ Pen Myanmar အဖွဲ့က ဒီနေ့ ကြေညာ ချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2016-11-14
မြန်မာနိုင်ငံ ရင်းနှီးမြုှပ်နှံမှုဥပဒေ အရ ပြည်တွင်း၊ ပြည်ပရင်းနှီးမြုှပ်နှံမှုတွေကို ဖိတ်ခေါ်တဲ့အနေနဲ့ ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို တိုင်းနဲ့ ပြည် နယ်အသီးသီးမှာ ဇုန်အလိုက်ခွဲခြားသတ်မှတ်ဖို့ ပြည်ထောင် စု အစိုးရအဖွဲ့က ညွန်ကြားထားပါတယ်။
2016-11-14
၄ နှစ် တစ်ကြိမ်ကျင်းပရတဲ့ ကရင် အမျိုးသားအစည်းအရုံး KNU ညီလာခံကို လာမယ့် ၂၀၁၇ ခုနှစ် မတ်လမှာ ပြောင်း လဲကျင်းပဖို့ KNU ဗဟိုအမြဲတမ်းကော်မတီက ဆုံးဖြတ်လိုက် တယ်လို့ KNU ဒုတိယဥက္ကဌ ပဒိုနော်စီဖိုးရာစိန်က ပြောပါ တယ်။
2016-11-14
ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် လစ်လပ်မဲဆန္ဒနယ် အားလုံးအတွက် မြို့နယ်တစ်မြို့နယ်ကို ကိုယ်စားလှယ်လောင်း ၃ ဦး စီ ရွေးချယ်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဗဟိုထံ မြို့နယ်အလိုက် တင်ပြထားတယ်လို့ သိရပါတယ်။
2016-11-14
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့က ရှမ်းပြည် နယ်မြောက်ပိုင်း၊ တာမိုးညဲမြို့နယ်မှာ မိုင်းပေါက် ကွဲတာကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2016-11-13
မန္တလေးမြို့ စည်ပင်နယ်နိမိတ်အတွင်းက လမ်းတွေပေါ်မှာ ညအိပ်ရပ်နားတဲ့ ကုန်တင်တွဲကားတွေကို ဒီလကစပြီး ညအိပ်ရပ်နားခတွေ အရင်ထက် နှစ်ဆနီးပါး တိုးမြှင့်ကောက်ခံလိုက်တဲ့ အတွက် ကုန်တင်ကားပိုင်ရှင်တွေ အခက်အခဲရှိနေကြပါတယ်။
2016-11-13
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအမည်တွေ ကို မြို့နယ် အလိုက် ရွေးချယ်ပြီး ပါတီဗဟိုထံ လာမယ့် နိုဝင် ဘာလ ၂၅ ရက်နေ့ နောက်ဆုံးထား တင်ပြဖို့ ညွှန်ကြား ထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်း ဟိန် က ပြောပါတယ်။
2016-11-13
Eleven Media Group က တရားလိုလုပ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုထားတဲ့ အမှုတွေ ကို ပြန်လည် ရုပ်သိမ်းဖို့ စီစဉ်နေတယ်လို့ Eleven Media Group ရဲ့ သတင်းထောက်ချုပ် ကိုမာန်သူရှိန် က ပြောပါတယ်။
2016-11-13
ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ကျေး ရွာ ၃ ရွာမှာ မီးလောင်မှုနဲ့ ဆက်စပ်ပြီး ပျက်စီးသွားတဲ့ အဆောက်အဦး ၄၃၀ လောက်ရှိနေကြောင်း နဲ့ အဲဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ မြန်မာအစိုးရအနေနဲ့ ကုလ သမဂ္ဂကို ဖိတ်ခေါ်သင့်ကြောင်း လူ့အခွင့်အရေးစောင့် ကြည့်လေ့လာရေးအဖွဲ့ HRW က ဒီကနေ့ ရက်စွဲနဲ့ အစီရင် ခံစာ ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
2016-11-12
Eleven Media အမှုဆောင်အရာရှိချုပ် ဦးသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို လွှတ်ပေးဖို့ ANN –Asian News Network ခေါ် အာရှ သတင်းကွန်ရက်က စနေနေ့မှာ တောင်းဆိုလိုက်ပါတယ်။
2016-11-12
နိုဝင်ဘာလ ၁၂ ရက်နေ့ မနေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဂွဆုံကျေးရွာအနီးမှာ တပ်မတော် စစ်ကြောင်း တစ်ခုကို လက်နက်ငယ်နဲ့ ဓားလှံတွေ ကိုင်ဆောင်ထားတဲ့ အကြမ်းဖက်သမား ၅ဝဝ ခန့်က တိုက်ခိုက်ခဲ့ရာမှာ တပ်မတော်ဘက်က စစ်ကြောင်းမှူးတစ်ဦး ကျဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။
2016-11-12
တီဘီလူနာနဲ့ ဆေးယဉ်ပါးတီဘီလူနာ အယောက် ၁၀၀ ကနေ ၁၅၀ ထိကို နေ့စဉ်အခမဲ့ အထူးကြပ်မတ် ကုသပေးနိုင်မယ့် တီဘီရောဂါပြင်ပ လူနာဌာန လေးထပ်အဆောက်အအုံသစ်ကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ် မှာ ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုးရန်ပုံငွေ (3MDG) က ဆောက်လုပ်ဖို့ အတွက် ဒီနေ့ ပန္နက်တင် အခမ်းအနား ကျင်းပခဲ့ပါတယ်။
2016-11-12
ဈေးကွက်အတွင်း ရောင်းချနေတဲ့ ငရုတ် သီးမှုန့်နဲ့ အရောင်တင်မှုန့်တွေမှာ အသဲကင် ဆာရောဂါကိုဖြစ်ပွားစေတဲ့ Aflatoxin နဲ့ ဆိုးဆေးတွေ ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိထားတဲ့အတွက် ဈေးကွက် ထဲက ကုန်ပစ္စည်းတွေကို တစ်ပတ်အတွင်း သိမ်းဆည်းဖို့နဲ့ ထပ်မံတွေ့ရှိရင် အရေးယူသွားမယ် လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နဲ့ ဆေးဝါးကွပ် ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ် က ပြောပါတယ်။
2016-11-12
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘူးသီးတောင်-မောင်တောမှာ လုံခြုံရေးကို တင်းတင်း ကြပ်ကြပ် ဆောင်ရွက်ဖို့နဲ့ အဂတိလိုက်စားမှုတွေ ရှိနေတဲ့ နယ်စပ်က အစိုးရဌာနဆိုင်ရာဝန်ထမ်းတွေကို အရေးယူ ဖို့ မောင်တောအကြမ်းဖက်ခံရမှု လေ့လာစုံစမ်းရေးကော်မတီက ပဏာမအစီရင်ခံမှာ တိုက်တွန်းထားပါတယ်။
2016-11-12
ရခိုင်ပြည်နယ် မောင်တော မြို့နယ် မျောတောင်ကျေးရွာနဲ့ ပွင့်ဖြူချောင်းကျေး ရွာကြားမှာ ဒီကနေ့ မနက် ၆ နာရီလောက်က လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အကြမ်း ဖက်သမားတွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်သား တစ်ယောက် ကျဆုံးသွားတယ်လို့ မောင်တောမဲဆန္ဒနယ် အမှတ် ၂ က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောပါတယ်။