သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-17
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့ က နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ရခိုင်ပြည်နယ်က မွတ်စလင်တွေကို ရိုဟင်ဂျာလို့ ခေါ်ဝေါ်တဲ့အပေါ် ရခိုင်ပြည်နယ်လွှတ်တော်မှာ ဒီနေ့အရေးကြီးအဆို တင်သွင်းကန့်ကွက်ခဲ့ပါတယ်။
2014-11-16
အိန္ဒိယအရှေ့မြောက်ပိုင်း တြိပူရပြည်နယ်၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် တို့ဆက်စပ်ပြီး ခရီးသွားလုပ်ငန်း ပတ်လမ်း တစ်ခု ဖန်တီးသင့်ကြောင်း တြိပူရပြည်နယ် အစိုးရ ခရီးသွားလုပ်ငန်းဝန်ကြီးက ပြောပါတယ်။
2014-11-16
တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြား အလင်း ဖန်မျှင်စနစ် ဆက်သွယ်ရေးကြိုးလိုင်း သွယ်တန်းနေတဲ့လုပ်ငန်း ပြီးစီးသွားပြီလို့ China Unicom ကုမ္ပဏီက ပြောဆိုကြောင်း China Daily သတင်းကဖော်ပြပါတယ်။
2014-11-16
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော် မရှင်က အလွတ်သတင်းထောက် ကိုပါ ကြီး ခေါ် ကိုအောင်ကျော်နိုင် သေဆုံးမှုနဲ့ ပတ်သက်သူ ၅ဝ လောက်ကို မော်လမြိုင်မြို့မှာ ၃ ရက်ကြာ သွားရောက်စစ်ဆေးခဲ့ပါတယ်။
2014-11-16
ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရပ်ဆိုင်းထားတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ပေးဖို့ တွံတေး၊ ဆိပ်ကြီးခနောင်တိုနဲ့ ကြည့်မြင်တိုင်မြို့နယ်တွေ က ဒေသခံ ငါးထောင်နီးပါးလောက်ဟာ တွံတေးမြို့နယ်မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-11-16
အစိုးရက အကြမ်းဖက်သမားတွေအဖြစ် ထုတ်ပြန်ကြေညာ ထားသူ ၃ ဦးကို ရှမ်းပြည်နယ် သိန္နီမြို့နယ်မှာ ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း သိရပါတယ်။
2014-11-16
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြီးခဲ့တဲ့ရက်ပိုင်း က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်တွေကို ရိုဟင်ဂျာလူမျိုးလို့ သုံးနှုန်းပြောဆိုသွားတာကို ကန့်ကွက်ဖို့ စစ်တွေမြို့ခံ သံဃာတော်တွေ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေက ဒီကနေ့ ဆုံးဖြတ်လိုက်ကြပါတယ်။
2014-11-16
ဒီကနေ့ကျရောက်တဲ့ ၉၄ နှစ်မြောက် အမျိုးသားနေ့မှာ အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်သပိတ်မှောက်နေ ကြတဲ့ တက္ကသိုလ်ပေါင်းစုံက ကျောင်းသားတွေဟာ ရွှေ တိဂုံဘုရား အရှေ့ဘက်မုဒ် ကြေးသွန်းဘုရားကြီးရှေ့ ကနေ ရွှေတိဂုံရင်ပြင်တော်မှာရှိတဲ့ ၁၉၂ဝ ရန်ကုန် တက္ကသိုလ် ကျောင်းသားသပိတ် အထိမ်းအမှတ် ကျောက် စာတိုင်အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
2014-11-15
တနသာၤရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ၊ မေတ္တာမြို့နယ်ခွဲမှာရှိတဲ့ ဟိန္နားသတ္တုတွင်း မှာ ဆက်လက်ဆန္ဒပြနေတဲ့ အလုပ်သမား ၂၀၀ လောက်ဟာ အလုပ်ရှင် မြန်မာပွန်ပီပက်ကုမ္ပဏီ နဲ့ ဆွေးနွေးနိုင်ဖို့ "ဟိန္ဒားအလုပ်သမားရေးရာ ကော်မတီ" ကို ဒီနေ့ ထားဝယ်မြို့မှာ ဖွဲ့စည်းလိုက်ပါတယ်။
2014-11-15
ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဌာန်းခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေကို ဒီနေ့ ကျောင်းသား ကျောင်းသူ ၃၀၀ ကျော်လောက်က ရန်ကုန်မြို့မှာ ဆက်လက် သပိတ်မှောက် ဆန္ဒပြနေကြပါတယ်။
2014-11-15
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းနဲ့ နိုင်ငံတကာအသိုင်း အဝိုင်းက ထောက်ပံ့လာတဲ့ ဘယ်လိုထောက်ပံ့ ကူညီမှုမျိုးကိုမဆို လက်မခံပဲ ငြင်းပယ်သွားမယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
2014-11-15
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ ထိုင်းနိုင်ငံ PTTEP ကုမ္ပဏီက ဇောတိက သဘာဝဓါတ်ငွေ့ပိုက်လိုင်း ကို မြေဖို့နေစဉ် တားမြစ်ခဲ့တဲ့ ဥယျာဉ်ခြံပိုင်ရှင် ၁၆ ဦးကို စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း က ပိုင်နက်ကျူးလွန်မှု၊ ဝတ္တရားနှောင့်ယှက်မှုတွေနဲ့ အမှုဖွင့် လိုက်ပါတယ်။
2014-11-14
မြန်မာပြည်ရဲ့ အခြေအနေကို အမှန်ပကတိ အတိုင်းသိရှိဖို့ အရေးကြီးကြောင်း သမ္မတ အိုဘားမားနဲ့ မိမိတို့နှစ်ဦးလုံး ရှုမြင်ကြတယ် လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။
2014-11-14
သမ္မတ အိုဘားမားဟာ မြန်မာပြည်ကနေ သြစတြေးလျားနိုင်ငံကို မနေ့ညနေက ထွက်ခွာသွားပါတယ်။ မနေ့မနက်ပိုင်းက အတွင်းဝန်ရုံးဟောင်းကို သွားရောက်ကြည့်ရှုခဲ့ရာ မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ကြိုဆိုခဲ့ပြီး သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးက လိုက်လံပြသ ခဲ့ပါတယ်။
2014-11-14
ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်တွေ ရွေးချယ်ရာမှာ လက်ရှိကျင့်သုံးနေတဲ့ မဲအများဆုံးရသူ အနိုင်ယူ FPTP ရွေးကောက်ပွဲစနစ်ကို ဆက်လက်ကျင့်သုံးသွား ဖို့ ပြည်သူ့လွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။