သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-13
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း နိုဝင်ဘာလ ၁၁ရက်နေ့က ကေအိုင်အေတပ်ရင်း ၃ က တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့သူတွေထဲက ၁၄ ယောက်ကို မနေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။
2017-11-13
မနေ့ကဖမ်းဆီးခံလိုက်ရတဲ့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၉ အပြင် တရားခံပြေးပုဒ်မ ၅၁၂ တို့နဲ့ ကမာရွတ်တရားရုံးမှာ ရုံးထုတ်ခဲ့တယ်လို့ ဦးပါမောက္ခရဲ့ ဒကာဖြစ်သူ ဦးစည်သူမြင့် က ဒီနေ့ ပြောပါတယ်။
2017-11-13
ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှာ စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်မထားတဲ့ ရန်ကုန်လိုင်စင်တက္ကစီတွေအနေနဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး စီးတီးတက္ကစီ မှတ်ပုံတင်ပြုလုပ်ဖို့နဲ့ ပျက်ကွက်ရင် လာမယ့် ၂၀၁၈ခုနှစ် ဇန်နဝါရီလ တစ်ရက်နေ့ကစပြီး အရေးယူသွားမယ်လို့ YRTA က ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2017-11-13
ဖားကန့်ဒေသမှာ ရေမဆေးသမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပဋိပက္ခတွေအပါအဝင် နယ်မြေအေးချမ်းတည်ငြိမ်ရေး မဆောင်ရွက်နိုင်တာဟာ ငြိမ်းချမ်းရေးမရတာကြောင့်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က ဒီနေ့ ပြောပါတယ်။
2017-11-13
ရခိုင်ပြည်နယ် ဂွ-သံတွဲ နဲ့ ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းတို့ကို ဆက်သွယ်ဖောက်လုပ် ထားတဲ့ ပြည်ထောင်စုလမ်းမကြီးရဲ့ လမ်းနယ်နမိတ်နဲ့ မလွတ်ကင်းတာကြောင့် ဖယ်ရှားပေး ရမယ့် နေအိမ်တွေ၊ ဥယျာဉ်ခြံပိုင်ရှင်တွေအနေနဲ့ နစ်နာတယ်ဆိုရင် တင်ပြနိုင်ကြောင်း ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်လင်းက ဒီနေ့ ပြောပါတယ်။
2017-11-13
ဆရာတော်ဦးဝီရသူကို တရားပြန်လည်ဟောခွင့်ပြုဖို့ လျှောက်ထားမှုကို ခွင့်မပြုကြောင်း လာမယ့်တစ်ပတ်အတွင်း တိုင်းသံဃမဟာနာယကအဖွဲ့ကတဆင့် အကြောင်းပြန်သွားမယ်လို့ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းညွန့် က ဒီနေ့ ပြောပါတယ်။
2017-11-13
ကေအိုင်အေနဲ့ အစိုးရတပ်မတော်ကြား ဖြစ်ပွားခဲ့တဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် ရှမ်းနဲ့ ကချင်ပြည်နယ်အတွင်းက နေရပ်စွန့်ခွာကြသူတွေ တရားဝင်နေရပ် ပြန်နိုင်ရေးဆောင်ရွက်ရာမှာ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရရဲ့ ပါဝင်ဆောင်ရွက်မှု အားနည်းနေတာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ကူညီဆောင်ရွက်နေသူတွေက ဒီနေ့ ပြောပါတယ်။
2017-11-13
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးဖြစ်စဉ်တွေ ပေါ် ထွန်းရေးဟာ တိုင်းပြည်အတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။
2017-11-13
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေ သုတ်သင်ရှင်းလင်းခံနေရတဲ့အပေါ်၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရတာနဲ့ပတ်သက်ပြီး ICC နိုင်ငံတကာ ရာဇဝတ် ခုံရုံးကိုတင်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပဋိပက္ခအတွင်း လိင်ပိုင်းအကြမ်းဖက်မှု ဆိုင်ရာ အထူးကိုယ်စားလှယ် Pramila Patten က ပြောပါတယ်။
2017-11-13
မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ အရေးကြီးကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။
2017-11-12
ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ အစိုးရဝန်ထမ်းတွေအပေါ် ထောက်ခံဟောပြောပွဲ ကို ထောင်နဲ့ချီတဲ့ ဒေသခံတွေက မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2017-11-12
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကုလားတန်မြစ် အထက်ပိုင်းမှာ တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ နိုဝင်ဘာလ ၁ ရက်နေ့ကနေ ဒီကနေ့အထိ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတယ်လို့ AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောပါတယ်။
2017-11-12
ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေ ကျင်းပရာမှာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ NLD ပါတီခေါင်းဆောင်တွေနဲ့ ပါတီကိုယ်စားလှယ်တွေ ဒီနေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်က ပါတီရုံးချုပ်မှာ တေ့ွဆုံဆွေးနွေးကြပါတယ်။
2017-11-12
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပေးဖို့ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်မှာရှိတဲ့ လူထုဟစ်တိုင်ကွင်းမှာ လူဦးရေ ၅၀ လောက်က ဒီနေ့ဆန္ဒပြတောင်းဆိုကြပါတယ်။
2017-11-12
ပြီးခဲ့တဲ့နှစ်က အမေရိကန်သံရုံးရှေ့မှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းသုံးစွဲမှုကို ကန့်ကွက် ဆန္ဒပြခဲ့တာကြောင့် ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲဆိုပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို ဒီနေ့ နေလည်ပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး လူဝတ်လဲလိုက်ပါတယ်။