သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-06
မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေ၊ သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်အပြင် ၂ဝ၁၅ ခုနှစ်အတွင်း ကျင်းပဖို့ရှိတဲ့ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲတစ်ခုကို အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ အခြေစိုက် CSIS နိုင်ငံတကာလေ့လာရေးနဲ့ မဟာဗျူဟာဌာန မှာ နိုဝင်ဘာလ ၆ ရက်ညနေပိုင်းက ကျင်းပခဲ့ပါတယ်။
2014-11-06
ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်းမှာ သိမ်းဆည်း ခံထားရတဲ့ မြေယာအမှုတွေကို ဖြေရှင်းဖို့အတွက် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးက ကေအဲန်ယူ မြေယာဖြေ ရှင်းရေးကော်မတီကို ဖွဲ့စည်းလိုက်ပါတယ်။
2014-11-06
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျင်းပနေ တဲ့ တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို ရာသီဥ တုဆိုးဝါးနေတာကြောင့် ဒီကနေ့ ရပ်ဆိုင်းလိုက်ပါတယ်။
2014-11-06
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ ညက ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘူးသီးတောင်မြို့ပေါ်က မွတ်စလင် ၃ ဦးကို စစ်ဆေးနေရာမှာ မနေ့ကစတင်ပြီး မြို့ပေါ် အမှတ် ၇ ရက် ကွက်က နောက်ထပ် မွတ်စလင် ၁ ဦးကို ခေါ်ယူစစ်ဆေးနေ တယ်လို့သိရပါတယ်။
2014-11-06
အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ဟာ သေနတ်ဒဏ်ရာ ၅ ချက်နဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ မှုခင်း ဆရာဝန်တွေက အတည်ပြုလိုက်တယ်လို့ သိရပါတယ်။
2014-11-06
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) နဲ့ တက္ကသိုလ်ကျောင်း သားသမဂ္ဂ (တကသ) တို့ ပူးပေါင်းကျင်းပမယ့် နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးကို သက်ဆိုင်ရာအာဏာပိုင်တွေက တားဆီးပိတ်ပင်နေပေမယ့် မဖြစ်ဖြစ်အောင်ဆောင်ရွက်သွားမယ်လို့ ဗကသများအဖွဲ့ချုပ် က ပြောဆိုလိုက်ပါတယ်။
2014-11-06
မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုတွေ ရပ်ဆိုင်းနေတာ လအတန်ကြာ ရှိလာပြီဖြစ်ပေမယ့် အမေရိကန်နဲ့ အခြားအနောက်နိုင် ငံတွေက အကောင်းမြင်ဝါဒ သိပ်ပြီးလွန်ကဲနေတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2014-11-06
မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုတွေ ပေါ်ထွက်လာပြီဆိုပြီး လာရောက် ရင်းနှီးမြှုပ်နှံကြတဲ့ ပြည်ပလုပ်ငန်းရှင်တွေထဲမှာ အမေရိကန် နဲ့ တခြား အနောက်နိုင်ငံတွေထက် တရုတ်နဲ့ ထိုင်းတို့လို အာရှနိုင်ငံတွေက ပိုမို များပြားကြောင်း ထိုင်းနိုင်ငံထုတ် Bangkok Post သတင်းစာက ရေးသားဖေါ်ပြထားပါတယ်။
2014-11-05
အမေရိကန်အစိုးရက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းကို ပိတ်ဆို့အရေးယူမှုလုပ်တဲ့ကိစ္စဟာ သူ့ရဲ့သားဖြစ်သူ ဦးနေအောင် အစုရှယ်ယာထည့်ထားတဲ့ ယူနိုက်တက် အမရဘဏ်နဲ့ ပတ်သက်မှု မရှိကြောင်းနဲ့ ယူနိုက်တက် အမရာဘဏ်ကို ဗဟိုဘဏ်က ထောက်ခံတာဝန်ယူ ထားတဲ့အတွက် မစိုးရိမ်ကြဖို့ ယူနိုက်တက်အမရာဘဏ်က မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
2014-11-05
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ နိုင်ငံရေးထိပ်သီးခေါင်းဆောင် ၁၄ ဦး တွေ့ဆုံပွဲဟာ နိုင်ငံရေးစိန်ခေါ်မှုတွေကို အမျိုးသား အင်အားစုအားလုံး လက်တွဲဖြေရှင်းဖို့နဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့အတွက် ရည်ရွယ်ကျင်းပခဲ့တာဖြစ် တယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက် ပါတယ်။
2014-11-05
တိုင်းရင်းသားပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ UNA ညီညွတ်သောတိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့ UNA ညီလာခံကို ဒီလအတွင်းမှာ ကျင်းပသွားမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက RFA ကို ပြောပါတယ်။
2014-11-05
အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်ရဲ့ အလောင်းကို ဒီကနေ့ နေ့လယ်ပိုင်းက မွန်ပြည်နယ် ကျိုက်မရောမြို့ အနီး ရွှေဝါချောင်းကျေးရွာအနီး လယ်ကွင်းပြင်ထဲမှာ တူးဖော်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
2014-11-05
မြန်မာနိုင်ငံရဲ့ ရှေ့ဆက်သွားရမယ့် အပြောင်းအလဲတွေ အေးအေးဆေးဆေး ဆက်လက်သွားဖို့ဆိုရင် အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးပွဲတွေကို မရှောင်သင့်တဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြား လိုက်ပါတယ်။
2014-11-04
အမေရိကန်သမ္မတ အိုဘားမား ဟာ မြန်မာနိုင်ငံကို အခုလအတွင်း လာရောက်တဲ့အခါ သမ္မတ ဦးသိန်းစိန်အပြင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါ တွေ့ဆုံမှာဖြစ်ကြောင်း သမ္မတ အိမ်ဖြူတော်က တရားဝင်ကြေညာလိုက်ပါတယ်။
2014-11-04
လာမယ့် နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့မှာကျင်းပဖို့ ပြင်ဆင်ထားတဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုအရေးပေါ် အစည်းအဝေးကို ကျင်းပခွင့်မပြုကြောင်း မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးက အစည်းအဝေးကျင်းပမယ့် ခဝဲခြံမျက် မမြင်ကျောင်း တာဝန်ရှိသူတွေထံ အကြောင်းကြားတယ်လို့ သိရပါတယ်။