သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-04
၂၀၁၅ ရွေးကောက်ပွဲဟာ ကိုယ်စားလှယ် တစ်ယောက်ချင်းကို ရွေးနေတာမဟုတ်ဘဲ အစိုးရတစ်ခုကိုရွေးချယ်တာဖြစ်လို့ အစိုးရဖွဲ့နိုင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ပြောလိုက်ပါတယ်။
2015-11-04
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ဆန္ဒမဲ ၃ မဲပေးရမယ်ဆိုတာကို သိသူ နည်းနေကြောင်းနဲ့ မြို့နယ်အတွင်း က ကျေးရွာတွေမှာ ဘယ်လိုမဲပေးရမယ်ဆိုတာကို သိသူ နည်းနေတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးက ပြောပါတယ်။
2015-11-04
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို ပါတီဝင် အဖြစ်ကနေ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ထုတ်ပယ် လိုက်တယ်ဆိုတဲ့ သတင်းတွေဟာ ကောလာဟလ သာဖြစ်တယ်လို့ နေပြည်တော် ပါတီဌာနချုပ် တာဝန်ရှိသူတစ်ဦးက ဒီကနေ့ ပြောလိုက်ပါတယ်။
2015-11-03
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲမတိုင်ခင် ထိုင်းနယ်စပ် တပ်ခရိုင်အတွင်းက မဲဆောက်၊ ဖုတ်ဖရ၊ မယ် ရမတ်၊ သာဆောင်ရမ်း စီရင်စု တွေမှာရှိတဲ့ သောင်ရင်းမြစ်တလျှောက်က ယာယီ ကုန်သွယ်ရေးဂိတ်တွေနဲ့ စစ်ဆေးရေးဂိတ်တွေကို နိုဝင်ဘာ ၃ ရက်နေ့ကစပြီး ပိတ်ထားလိုက်တယ်လို့ ဘန်ကောက်ပို့စ် သတင်းကဖေါ်ပြပါတယ်။
2015-11-03
မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ နီးကပ်လာနေချိန်အတွင်း ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေ ပေါ်ပေါက်လာမယ့်အရေး စိုးရိမ်ကြောင်း မြန်မာနိုင်ငံရဲ့ ပထမဆုံး ကာဒီနယ်အဆင့် ခန့်အပ်ခံရတဲ့ ကက်သလစ် ခရစ်ယာန် ဘုန်းတောာ်ကြီး ချားလ်မောင်ဘို က ပြောပါတယ်။
2015-11-03
နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှာ လာရောက် သတင်းယူကြမယ့် နိုင်ငံခြား သတင်းထောက် ၂၉၁ ယောက်ရှိပြီး၊ လေ့လာစောင့်ကြည့် ကြမယ့် နိုင်ငံခြားသားလေ့လာသူပေါင်း တစ်ထောင်ကျော် ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။
2015-11-03
ဒီနှစ် မြန်မာ့ရွေးကောက်ပွဲကို အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာဟာ ကိုယ်တိုင်လာရောက်လေ့လာဖို့ မူလက စီစဉ်ထားခဲ့ပေမဲ့ ကင်ဆာရောဂါခံစားနေရတဲ့ မစ္စတာ ကာတာဟာ ကျန်းမာရေးအခြေအနေကြောင့် လာရောက်နိုင် ဖွယ်မရှိကြောင်း သိရပါတယ်။
2015-11-03
အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးဖို့ ကျန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ဝ အထူးဒေသရဲ့ မြို့တော် ပန်ဆန်း မှာ နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၃ ရက်နေ့ထိ ပြုလုပ် ခဲ့ပါတယ်။
2015-11-03
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားကျောင်းသူနဲ့ ဝန်းရံသူ စုစုပေါင်း ၅၄ ဦးကို ဒီနေ့ သာယာဝတီခရိုင်တရားရုံးမှာ ရုံးထုတ်ပြီး ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကိုအောင်စည်သူကို အာမခံပေးလိုက်ပါတယ်။
2015-11-03
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကနေ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးခင်ဇော်မြင့်ကို ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်ပေးဖို့ အတွက် မောင်တောမြို့ ဒေသခံ ၂ဝဝ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2015-11-03
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ဗဟန်းမြို့နယ်က ရွှေတောင်ကြားရပ်ကွက်က မဲရုံမှာ ဆန္ဒမဲပေးမှာဖြစ်တယ်လို့ သိရပါတယ်။
2015-11-03
နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံး လွှတ်ပေးဖို့အတွက် အင်းစိန်ထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ ကိုတင်ထွဋ်ပိုင်နဲ့ ကိုနိုင်ဇော်ကြည်ဝင်းတို့ကို ထောင်တွင်းပြစ် ဒဏ်ပေးတဲ့ စစ်ခွေးတိုက်ကို ဒီနေ့ ပို့လိုက်တယ်လို့ သိရပါတယ်။
2015-11-02
လာမယ့် ရွေးကောက်ပွဲမှာ ဘယ်သူဘယ်ဝါ အနိုင်ရရ စီးပွားရေးလုပ်ငန်းကြီးတွေဖြစ်တဲ့ ဟိုတယ်လုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်း ဒါမှမဟုတ် သတ္တုတွင်းလုပ်ငန်းတွေကို စစ်တပ်နဲ့ ဆက်စပ်တဲ့ လုပ်ငန်းရှင်ကြီးတွေကပဲ ဆက်လက် ချုပ်ကိုင်ထားမယ်လို့ AFP သတင်းတစ်ရပ်က မနေ့က ဖော်ပြ လိုက်ပါတယ်။
2015-11-02
ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကျောက်ဖြူ မြို့နယ်က ရွေးချယ်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်နယ်အဆင့် ဝန်ကြီးနေရာ အတွက်တောင် တာဝန်ပေးမခံရတာကြောင့် လာမယ့် ရွေးကောက်ပွဲ မှာ ပြည်နယ်ဝန်ကြီးအဆင့် တာဝန်ယူနိုင်သူတွေကို မဲပေးကြဖို့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးထွေးလှ က ပြောပါတယ်။
2015-11-02
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မှာ အစိုးရတပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများဆုံး ကျူးလွန်နေတယ်လို့ ကချင်ပြည်နယ် အခြေစိုက် United Rights Group (URG) အဖွဲ့က ဒီနေ့ ပြောလိုက်ပါတယ်။