သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-04
မြန်မာနိုင်ငံသားနှစ်ဦး တရားခံအဖြစ် ဖမ်းဆီး စွပ်စွဲခံထားရတဲ့ လိပ်ကျွန်း လူသတ်မှုကို အစကနေ ပြန်လည်စစ်ဆေးပေးဖို့ ထိုင်းနိုင်ငံ မှုခင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI က လက်ခံလိုက်ပြီ လို့ သိရပါတယ်။
2014-11-04
ရန်ကုန်မြို့တော်မှာ နေ့စဉ်ယာဉ်ကြောပိတ် ဆို့မှုပြဿနာကို ဖြေရှင်းနိုင်ဖို့ ရန်ကုန်တိုင်းဒေ သကြီးအစိုးရက ၆ လအတွင်း လမ်းတွေတိုးချဲ့ဖောက်လုပ် မှာဖြစ်သလို မီးပွိုင့်စနစ်တွေကို ပြုပြင်သွားမယ်လို့ ရန်ကုန်မြို့ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောပါတယ်။
2014-11-04
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် တရားရုံးက ကျူးကျော်ဝင်ရောက်မှု၊ အကျိုးစီးပွားပျက်စီးစေမှုတွေနဲ့ တရားစွဲ ခံထားရတဲ့ တောင်သူလယ်သမား ၆ ယောက်ကို ထောင် ဒဏ် ၂ လစီ ချမှတ်လိုက်ပါတယ်။
2014-11-04
အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှုကို ဖော်ထုတ်ပေးဖို့ မန္တလေးမြို့အခြေစိုက် နိုင်ငံရေး အင်အားစုတွေနဲ့ ပြည်သူ တချို့က ဒီနေ့ညနေ ၅ နာရီမှာ ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
2014-11-04
အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်ရဲ့ အလောင်းကို တူးဖော်ပြီးရင် ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနက ဖွဲ့ပေးထားတဲ့ မှုခင်းဆေးပညာ ပါမောက္ခဆရာဝန်ကြီး ဦးဆောင်တဲ့အဖွဲ့က ဘယ်လိုသေဆုံးခဲ့သလဲဆိုတာကို စစ်ဆေးသွားမယ်လို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေး ကော်မရှင်က ပြောပါတယ်။
2014-11-04
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဒီဇင်ဘာလထဲမှာ တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
2014-11-04
မြန်မာနိုင်ငံမှာ လာမယ့် ၁၅ နှစ်အတွင်း လျှပ်စစ်ဓါတ်အားပေးစက်ရုံသစ် ၄၁ ရုံ တည်ဆောက်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
2014-11-04
ဘယ်လာရုစ်နိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဘယ်လာရုစ် ဝန်ကြီး ချုပ် မစ်ခေး မိုင်ယက်စကီနိုဗစ်ချ်နဲ့ မနေ့ကတွေ့ဆုံခဲ့ပါတယ်။
2014-11-03
မန္တလေးတိုင်း မတ္တရာမြို့နယ်က လယ်သိမ်း ခံတောင်သူတွေကို ကူညီတဲ့အတွက် ဆူပူအောင်လှုံ့ဆောင်မှုနဲ့ထောင်ချခံထားရတဲ့ ရန်ကုန်ပြည် သူ့အကျိုးဆောင်ကွန်ရက်က ကိုအောင်စိုးကို နောက်ထပ် ပုဒ်မတွေနဲ့ မတ္တရာမြို့နယ်တရားရုံးမှာ ဒီနေ့ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။
2014-11-03
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် နဲ့ မြစ်သားမြို့နယ်မှာ စစ်တပ်ကသိမ်း ထားတဲ့ ယာမြေဧက ၆ ထောင်ကျော် ပြန်လည်ရရှိဖို့ အတွက် ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းရေးကော်မရှင်ထံ တင်ပြသွားမှာဖြစ် တယ်လို့ တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်သန္တာက ဒေသခံတွေကို ကတိပေးပြောကြား လိုက်ပါတယ်။
2014-11-03
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန် ၂ Midus အထည်ချုပ်စက်ရုံရဲ့ မန်နေဂျာ ဒေါ်မြင့်မြင့်မော်ကို အလုပ်ထုတ်ပေးဖို့ ဆန္ဒပြနေတဲ့ အလုပ်သမားတွေက အလုပ်ရှင်နဲ့ ဒီနေ့ လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ညှိနှိုင်းတာ ပြေလည်မှုမရဘူးလို့ သိရပါတယ်။
2014-11-03
ဧရာဝတီနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ သက်ငယ် စပါးဈေးတွေ ကျဆင်းနေတဲ့အတွက် တောင်သူတွေ အရှုံးမပေါ်စေဖို့ ဒီလကစပြီး ဧည့်မထစပါး တင်း ၁ဝဝ ကို ကျပ်သုံးသိန်းခွဲနဲ့ ဝယ်ယူသွားမယ်လို့ မြန်မာနိုင် ငံ တောင်သူလယ်သမားအသင်းက ကြေညာလိုက် ပါတယ်။
2014-11-03
နိုင်ငံရေးပုဒ်မတွေအပြင် တခြားပုဒ်မတွေ နဲ့ ထောင်ချခံထားရသူ ၂၇ ဦးကို အစိုးရက နိုင်ငံရေး ပြစ်မှှုတွေပယ်ဖျက်ပြီး တခြားပြစ်မှှုတွေနဲ့ ဆက်လက်အရေးယူနေတာဟာ မဖြစ်သင့်ကြောင်းနဲ့ သူတို့ကို အမြန်ဆုံးလွှတ်ပေးဖို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ FPPS တို့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
2014-11-02
ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့နယ် အင်းတကော်ကျေး ရွာက ဗိုလ်ချုပ်ကျောက်တိုင်နဲ့ ဗိုလ်တဲမြေနေရာကို ပြည်သူ ပိုင်အဖြစ် သတ်မှတ်ပေးဖို့ ဒေသခံ ၂ဝဝ ကျော်က ပဲခူးမြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-11-02
အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေအကြား လုပ်ငန်းခွင်ပဋိပက္ခတွေကို ဖြေရှင်းပေးတဲ့ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးဥပဒေ မှာ ငွေဒဏ်တင်မကပဲ ထောင်ဒဏ်တွေပါ ထည့်သွင်းပြင် ဆင်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီးက အလုပ်သမားသမဂ္ဂ အဖွဲ့ဝင် ၂ဝဝ ကျော်လောက် တာမွေမြိ့နယ် ကျိုက္ကဆံ အားကစားကွင်းမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။