သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-05-24
ကချင်ပြည်နယ်မှာ မြေယာဥပဒေနဲ့ မညီဘဲ စိုက်ပျိုးလုပ်ကိုင်နေကြတဲ့ တရုတ်တစ်ရှူး ငှက်ပျော စိုက် ပျိုးရေးကုမ္ပဏီတွေကို ဥပဒေ လမ်းကြောင်းအတိုင်းဖြစ်အောင် တဖြည်းဖြည်း တည့် မတ် ဆောင်ရွက် သွားမယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက် တာ ခက်အောင်က ပြောပါတယ်။
2017-05-24
အစွန်းရောက်ဘာသာရေးအဖွဲ့တွေကို လှုပ်ရှားနိုင်အောင် ထောက်ပံ့တဲ့ငွေဟာ ကျပ်သန်းငါးထောင် ခန့်ရှိတယ်ဆိုပြီး သတင်းရထားတယ်လို့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဒီကနေ့ နေပြည်တော် အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ ၂ မှာ ကျင်းပတဲ့ ၂၁ ပင်လုံ အစည်းအဝေး မစတင်မီမှာ သတင်းထောက်တွေ ကို ပြောပါတယ်။
2017-05-24
နေပြည်တော်မှာ ဒီနေ့စတင် ကျင်းပနေ တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ( ၂၁) ရာစုပင်လုံ ကိုကြိုဆိုတဲ့အနေနဲ့ နိုင် ငံတော် သမ္မတက နိုင်ငံသားအကျဉ်းသား ၁၈၆ ဦးနဲ့ နိုင်ငံခြားသား အကျဉ်းသား ၇၃ ဦး စုစုပေါင်း အကျဉ်းသား ၂၅၉ ဦးကို ဒီနေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။
2017-05-24
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး NCA လမ်းကြောင်းကို လျစ်လျူရှုပြီး တခြား လမ်းကြောင်း၊ နောက်ထပ်လမ်းကြောင်း၊ ဒုတိယလမ်းစဉ် ဆိုတဲ့ အခေါ်အဝေါ်တွေ သုံးစွဲ လုပ်ဆောင်နေခြင်း ဟာ ပြည်ထောင်စုစနစ် တည်ဆောက်ရေးကို မလိုလားခြင်း သာ ဖြစ်သ လို ပြည်ထောင်စုမှ ခွဲထွက်ရေးလမ်းစဉ်ကို ဦးတည်နေတယ်လို့ ယူဆရမှာဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။
2017-05-24
နိုင်ငံရဲ့အနာဂါတ်အတွက် လျှောက်လှမ်း ရာမှာ “ပေါ်ပင်အများကြိုက်မယ့် နည်း လမ်းတွေရှာပြီး ဖိအားပေးတာမျိုး၊ နိုင်ငံရေး အရအကြပ်ကိုင်တာမျိုး” လုပ်မှာ မဟုတ်သလို အားလုံးနဲ့ ပွင့်ပွင့်လင်း လင်း ဆွေးနွေးပြီး အများလက်ခံနိုင်တဲ့ သဘော တူညီချက်တွေရရှိအောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2017-05-23
မနက်ဖြန် မေလ ၂၄ ရက်နေ့မှာ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေး ကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင် စီ UNFC အဖွဲ့ဝင်တွေအနေနဲ့ တက်ရောက်မှာ မဟုတ်သလို နိုင်ငံရေးဆိုင်ရာ ဆွေးနွေး ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN အဖွဲ့အနေနဲ့လည်း တက်ရောက်မှာ မဟုတ်ဘူးလို့ ဒီကနေ့ ပြီးဆုံးသွားတဲ့ UNFC ဗဟိုအလုပ်အမှုဆောင်ကော် မတီ တိုးချဲ့အစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။
2017-05-23
မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ်ပါတီရဲ့ အလံနဲ့တံဆိပ်ဟာ ရခိုင်အမျိုးသားပါတီ (ANP)ရဲ့ အလံ၊ တံ ဆိပ်တွေနဲ့ ဆင်တူယိုးမှားဖြစ်နေတယ်ဆိုပြီး ရခိုင်အမျိုးသား ပါတီ ANP က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဒီနေ့ ကန့်ကွက်စာ ပေးပို့လိုက်ပါတယ်။
2017-05-23
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ မဘသ အမည်ကို သုံးစွဲလုပ်ဆောင် တာတွေ မလုပ်ဖို့နဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ မဘသ ဆိုင်းဘုတ်တွေကို ဇူလိုင်လ ၁၅ ရက်နေ့မှာ အပြီး ဖြုတ်သိမ်းဖို့ ဒီကနေ့ကျင်းပတဲ့ နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့ သတ္တအကြိမ် ၄၇ ပါးစုံညီ ပဉ္စမအထူးအစည်း အဝေး ကနေ အချက် ၄ ချက်ကို ဆုံးဖြတ်ချက်ကို လိုက် နာဆောင်ရွက်ဖို့ ထုတ်ပြန်ခဲ့ပါတယ်။
2017-05-23
မနက်ဖြန်ကျင်းပမယ့် ၂၁ ရာစုပင်လုံ ညီလာခံကို အထူးဖိတ်ကြားသူအနေနဲ့ တက်ရောက်ဖို့ UWSP" ဝ" အဖွဲ့၊ မိုင်းလားအဖွဲ့၊ KIO ကချင်လွတ်မြောက်ရေးအဖွဲ့၊ SSPP ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ကိုးကန့် စတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ က ခေါင်းဆောင်တွေ နေပြည်တော်ကို ဒီနေ့ နေ့လည် သုံးနာရီခန့်မှာ တရုတ်နိုင်ငံ ကူမင်းမြို့ကနေ ရောက်ရှိလာ ပါတယ်။
2017-05-23
ရွှေပါရမီ ဆရာတော်အရှင်ဆန္ဒာဓိက က မိုင်းနဲ့ မူးယစ်ဆေးဝါးရှာဖွေခြင်း သင်တန်း ဆင်း ခွေးများအား ကူညီထောက်ပံ့ရေး ပရဟိတအဖွဲ့ FBD ကနေတဆင့် မိုင်း နဲ့ မူးယစ်ဆေးဝါး ရှာဖွေတဲ့ခွေးတွေအတွက် ဒီကနေ့ ကျပ်သိန်း ၅ဝ လှူဒါန်း လိုက်ပါတယ်။
2017-05-23
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ရန်ကုန်မြို့ အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့ရာမှာ ပါဝင်ခဲ့တဲ့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းရဲ့ ခွင့်ပြု ချက်ယူပြီးမှသာ တရားစွဲဖို့ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ လျှောက်လဲချက်တင်လိုက်ပါတယ်။
2017-05-23
ရခိုင်ပြည်နယ်မှာ အစိုးရစိုက်ပျိုးစ ရိတ်ချေးငွေတွေကို ဒီနေ့ စတင် ထုတ်ချေးပေးနေပြီး အခုနှစ်မိုးရာသီအ တွက် ၉၁ ဘီလီယံကျော်အထိ တိုးမြှင့်ထုတ်ချေးပေးသွား မယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကပြောပါတယ်။
2017-05-23
နေပြည်တော်မှာ မနက်ဖြန်စတင်ပြုလုပ် မယ့် ၂၁ ရာစုပင်လုံညီလာခံ အောင်မြင်စေ ဖို့ ထောက်ခံကြိုဆိုကြောင်း ဆိုင်းဘုတ်တင် လှုပ်ရှားမှုတရပ်ကို ဒေသခံ အရပ်ဘက်အဖွဲ့တွေက ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ဒီကနေ့ပြုလုပ်ခဲ့ပါတယ်။
2017-05-23
နေပြည်တော်ကောင်စီနယ်မြေမှာ ပြုလုပ် ခဲ့တဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို နှုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို တက်ရောက်ခဲ့သူတွေထဲက ထောက်ပံ့ကြေးမရသူတွေ၊ နေရပ်ပြန်ဖို့ ငွေကြေးအခက်အခဲဖြစ်ခဲ့သူတွေအနေနဲ့ ဝန်ကြီးဌာန ကို အသိပေးအကြောင်းကြားနိုင်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ကြေညာလိုက် ပါတယ်။
2017-05-23
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်း လုပ်ကွက်တွေမှာအသုံးပြုနေတဲ့ ယာဉ်စက် ယန္တရားမျိုးစုံ စုစုပေါင်း အစီးရေ တစ်သောင်းကျော်ရှိပြီး လေးထောင်ကျော်က တရားမဝင် ယာဉ်ယန္တရားတွေ ဖြစ်တယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ က ပြောပါတယ်။