သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-11-05
တောင်အာဖရိကနိုင်ငံ ဒါဘန်မြို့မှာ ကျင်းပခဲ့တဲ့ အိန္ဒိယသမုဒ္ဒရာကမ်းခြေနိုင်ငံများ ပူးပေါင်းဆောင် ရွက်ရေးအသင်း IORA အသင်းအစည်းအဝေးကနေ မော်လ်ဒိုက်နဲ့ မြန်မာနိုင်ငံတွေကို အသင်းဝင် အဖြစ် အဆိုပြုထားရာမှာ နောက်ဆုံးအချိန် ကန့်ကွက်မဲနဲ့ မြန်မာနိုင်ငံ ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။
2018-11-04
ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာမယ့် မွတ်စလင်တွေကို ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းနဲ့ ရသေ့တောင်မြို့နယ်တွေမှာ နေရာမချထားဖို့ ဒေသခံ နှစ်ထောင်လောက်က မောင်တောမြို့မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2018-11-04
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဟာ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်မှာ မနေ့က ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲလာပေးစဉ် ပြည်သူတွေ ပေးပို့တဲ့ တိုင်ကြားစာ ၃၁ စောင် ကို လက်ခံခဲ့တယ်လို့ သိရပါတယ်။
2018-11-04
ကြားဖြတ်ရွေးကောက်ပွဲ မဲရလဒ်ဟာ မျှော်လင့်ထားသလိုဖြစ်မလာကြောင်း NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။
2018-11-04
ပုဂံမြို့ဟောင်း သရပါဟိုတယ်မှာ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား သမဂ္ဂခေါင်းဆောင် ၂ ဦး အပါအဝင် ၁၂ ဦးကို ပြန်လည်ခန့်ထားပေးဖို့ မန္တလေးမြို့ မနော်ရမ္မံကွင်းမှာ ဒီနေ့ ဆန္ဒပြတောင်း ဆိုခဲ့ကြပါတယ်။
2018-11-04
ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မှာ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းရရှိတဲ့ ကြိုတင်မဲ ၄ ထောင်ကျော်ကို ပြန်လည်စိစစ်ဖို့ NLD ပါတီ ကိုယ်စားလှယ်လောင်းနဲ့ KDP ပါတီ ကိုယ်စားလှယ်လောင်းတို့က တင်ပြသွားမယ်လို့ သိရပါတယ်။
2018-11-04
အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ကရင်အမျိုးသား အစည်းအရုံး KNU မတက်ရောက်နိုင်တာကြောင့် ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။
2018-11-04
အစိုးရ တပ်မတော် တပ်မ (၁၀၁) က အောက်တိုဘာလ ၂၄ ရက်နေ့က ဖမ်းဆီးထားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ဓမ္မဆရာမနဲ့ ကချင်တိုင်းရင်းသား စုစုပေါင်း ၁၅ ဦးကို ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
2018-11-03
နိုဝင်ဘာလ ၃ ရက် မနေ့ကကျင်းပတဲ့ ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် (၁၃) ခုအတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၇ နေရာမှာ အနိုင်ရပြီး ၆ နေရာမှာ ရှုံးနိမ့်သွားတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ သိရပါတယ်။
2018-11-03
၂၀၁၈ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး စိုးရိမ်ရတဲ့နှစ်ဖြစ်သလို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပိုမိုကျဉ်းမြောင်းလာတဲ့ နှစ်ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ကြေညာချက် ထုတ်ပြန် ပြောလိုက်ပါတယ်။
2018-11-03
လွှတ်တော်အသီးသီးရဲ့ လစ်လပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာ ၁၃ ခုကို သက်ဆိုင်ရာ မြို့နယ်တွေမှာ ဒီနေ့ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပခဲ့ကြပါတယ်။
2018-11-03
မဲရုံထက်ဝက်လောက်ဟာ မသန်စွမ်း မဲဆန္ဒရှင်တွေ အလွယ်တကူ မဲပေးနိုင်အောင် ပြင်ဆင်ထားခြင်း မရှိကြောင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ - PACE နဲ့ ဖန်တီးအိမ်အဖွဲ့တို့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-11-03
လာအိုနိုင်ငံက XP-XN ဆည် နဲ့ မြန်မာနိုင်ငံက ဆွာဆည်ကျိုးပေါက်ပြီး ပြည်သူတွေ ထိခိုက်ခံစားရတာကို ဥပမာယူပြီး အကြီးစား ရေအားလျှပ်စစ်စီမံကိန်းတွေကို ရပ်တန့်ပေးဖို့ သဘာ၀ ပတ်ဝန်းကျင်အဖွဲ့တွေနဲ့ ဆည်အန္တရာယ် စိုးရိမ်တဲ့သူတွေက အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။
2018-11-03
ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ဓမ္မဆရာမတစ်ဦးအပါအဝင် ကချင်တိုင်းရင်းသား ၁၂ ဦးကို အစိုးရ တပ်မတော်က ဖမ်းဆီးသွားတာ ဒီနေ့ထိ ပြန်လည် မလွတ်မြောက်သေးကြောင်း KBC သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ဆမ်ဆွန်က RAF ကို ဒီနေ့ ပြောပါတယ်။
2018-11-03
ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပိုမိုတိုးတက်စေဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲပုံစံကို ပြောင်းလဲဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ၂ လ တစ်ကြိမ် ပုံမှန်ကျင်းပဖို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အလုပ်အဖွဲ့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြောင်း RCSS ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး စိုင်းငင်းက RFA ကို ဒီနေ့ ပြောပါတယ်။