သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-10-16
ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့နှစ်ဦးအတွက် ထိုင်းရှေ့နေများကောင်စီက ဝါရင့်ရှေ့နေတွေနဲ့ မြန်မာရှေ့နေတွေက လိုက်ပါဆောင်ရွက် မှာဖြစ်ကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံးအရာရှိက ပြော ပါတယ်။
2014-10-16
ကြားဖြတ်အစိုးရ တင်မြှောက်ကြောင်း သတင်းဖော်ပြ ခဲ့တဲ့ အပတ်စဉ်ထုတ် မွန်းတည့်နေဂျာနယ်က ပိုင်ရှင်၊ အယ်ဒီတာနဲ့ သတင်းထောက် စုစုပေါင်း ၅ ဦး ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ)နဲ့ ဒီနေ့ ပန်းဘဲတန်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်ပါတယ်။
2014-10-16
KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီက ဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါးကို တပ်စည်းကမ်း ဖောက်ဖျက်မှု၊ အဖွဲ့အစည်းဂုဏ်သိက္ခာ ကျဆင်းစေမှုစတဲ့ အကြောင်းပြချက်တွေနဲ့ ထုတ်ပယ် လိုက်တယ်လို့သိရပါတယ်။
2014-10-16
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် အပေါ် တရားစွဲဆိုထားတာကို နိုင်ငံတော် အစိုးရအနေနဲ့ သက်ညှာစွာစဉ်းစားပေးပြီး ပြစ်မှုတွေကို ရုပ်သိမ်းပေးရန်အတွက် လွှတ်တော်ကိုယ်စားလှယ် ၅၁ ဦးက လက်မှတ်ရေးထိုးပေးပို့ထားတဲ့ စာတစ်စောင်ကို ပြည်ထောင် စုလွှတ်တော် နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတ ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နဲ့ ပြည်ထောင်စု တရားသူကြီးချုပ်ထံ မနေ့က ပေးပို့လိုက်ပါတယ်။
2014-10-15
လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေ မှာ နိုင်ငံရေးပါတီ ၅၆ ခု ပူးပေါင်းပြီး တင်ပြမယ့် မူဘောင်တွေအတွက် ရန်ကုန်မြို့ လသာမြို့နယ်မှာရှိတဲ့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းအဖွဲ့ NBF ရုံးခန်းမှာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
2014-10-15
မြိတ်မြို့နယ်၊ ကလွင်ကျေးရွာဘုန်းတော် ကြီး ကျောင်းဝင်းထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းက ကျောင်းသား တစ်ဦးကို ရဲဝန်ထမ်း ၁၂ ဦးက အင်အားသုံး ဝင်ရောက်ရိုက်နှက်ခဲ့ တာကို အရေးယူပေးဖို့နဲ့ ဆရာတော်တွေ ကျေနပ်တဲ့ အထိ တောင်းပန်ဖို့ မြို့နယ်ရဲ တပ်ဖွဲ့မှူးထံ တောင်းဆိုထား တယ်လို့ သိရပါတယ်။
2014-10-15
ရခိုင်ပြည်နယ် မြောက်ဦးမြို့ မှာ ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်တွေကို ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် အစိုးရအဖွဲ့အနေနဲ့ ကူညီဆောင်ရွက်ဖို့ ဒေသခံတွေ က တောင်းဆိုသွားမယ်လို့ သိရပါတယ်။
2014-10-15
မြန်မာနိုင်ငံမှာ ပထမဆုံး အမျိုးသမီးပါတီကို ထူထောင်ခွင့်ရရှိဖို့အတွက် မွန်အမျိုး သမီးတွေက ဦးဆောင်ပြီး သက်ဆိုင်ရာကို မနေ့က လျှောက်ထားလိုက်ပါတယ်။
2014-10-15
အစိုးရအဖွဲ့အနေနဲ့ စက်မှုဇုန်အတွင်းက လျာထားမြေကွက်တွေကို ချထားပေးရာမှာ အမှန်တကယ် လုပ်ကိုင်မယ့် လုပ်ငန်း ရှင်တွေကတင်ပြမှသာ ချထားပေးတော့မှာဖြစ်တယ်လို့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိန်းအောင်က ဒီကနေ့ ပြောပါတယ်။
2014-10-15
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည် နယ်တို့မှာ လတ်တလောဖြစ်လာတဲ့ မြန်မာ့ တပ်မတော်က ထိုးစစ်ဆင်နေတာကို ချက်ချင်းရပ်တန့်ပေးဖို့ တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေးအဖွဲ့တွေ ပေါင်းစည်းထားတဲ့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2014-10-15
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင် အထည်ဖော်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီက တရုပ် ဝန်ထမ်းနှစ်ယောက်ကို ပြန်ပေးဆွဲမှုနဲ့ ဖမ်းဆီးပြီး တရားစွဲထားတဲ့ ဗကသများအဖွဲ့ချုပ်က မဖြူနှင်းထွေး ကို အာဏာပိုင်တွေက ဒီနေ့ ပြန်လွှတ်ပေးလိုက် ပြီ ဖြစ်ပါတယ်။
2014-10-15
အစိုးရတပ်မ ၆၆ တပ်မမှူးနဲ့ ဖားကန့် အခြေစိုက် အမှတ် ၁ စစ်ဗျူဟာမှူးတို့က ကချင်လွတ်မြောက် ရေး တပ်မတော် KIA တပ်ရင်း ၆ ရဲ့တပ်စခန်းတွေကို အောက်တို ဘာ ၁၄ ရက်နေ့ မနေ့က နောက်ဆုံးထားပြီး ဆုတ်ခွာခိုင်းခဲ့ တဲ့အတွက် နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ကေအိုင်အေ တပ်ရင်းမှူးတစ်ဦးက ပြောပါတယ်။
2014-10-15
ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်း လူသတ်မှုရဲ့ အဓိက တရားလိုပြသက်သေ ကိုမောင်မောင် အပါအဝင် ၃ ဦးကို တရားရုံးထုတ်စစ်ဆေး ပြီးနောက် အချုပ်ကနေ မနေ့ညနေက အပြီးအပိုင် လွှတ်ပေး လိုက်ပါတယ်။
2014-10-15
အလုပ်သမားရေးရာအငြင်းပွားမှု ဖြေ ရှင်းရေးဥပဒေမှာ တားမြစ်ချက် ဖောက်ဖျက် ကျူးလွန်သူတွေကို ငွေဒဏ်အပြင် ထောင်ဒဏ်ပါ အပြစ်ပေးနိုင်အောင် ထည့်သွင်းပြဌာန်းဖို့ နိုင်ငံတော်သမ္မတ က သဘောထားမှတ်ချက်ပေးခဲ့တာကို ပြည်ထောင်စု လွှတ်တော်က လက်မခံခဲ့ပေမယ့် အခြေခံဥပဒေကို လိုက်နာ တဲ့အနေနဲ့ နိုင်ငံတော်သမ္မတက အဲဒီဥပဒေကို အတည်ပြု လက်မှတ်ရေးထိုး ပေးခဲ့တယ်လို့ သမ္မတရုံးက သတင်း ထုတ်ပြန်ထားပါတယ်။
2014-10-15
၁၉၈၈ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ကြီးနောက်ပိုင်း တက္ကသိုလ်ကျောင်း သားတွေ ဦးစီးတည်ထောင်ခဲ့တဲ့ လူ့ဘောင် သစ် ဒီမိုကရက်တစ်ပါတီရဲ့ပါတီ တည်ထောင်ခြင်း ၂၆ နှစ်ပြည့်အခမ်းနားတွေကို ရန်ကုန်မြို့က နေရာနှစ်နေရာ မှာ ကျင်းပခဲ့ပါတယ်။