သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-04-14
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဦးလဆန်အောင် (ငြိမ်းချမ်းရေးအဖွဲ့)က လူထုကို ဆန်၊ ဆီ နဲ့ နှာခေါင်းစည်းတွေ ဒီနေ့လှူဒါန်းဖို့ ပြင်ဆင်ခဲ့ပေမယ့် လူတစ်ထောင်ခန့် စုဝေးလာခဲ့တာကြောင့် လှူဒါန်းမှုကို ရပ်နားလိုက်ပါတယ်။
2020-04-14
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အရေအတွက် များပြားလာပေမယ့် အခြေခံလူတန်းစား အများအပြားကတော့ ဝမ်းရေးအတွက် အပြင်ထွက်ပြီး အလုပ်လုပ်နေရဆဲပါ။
2020-04-14
စစ်ကိုင်းတိုင်းအတွင်း ကိုရိုနာပိုး ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ဖို့ ဧပြီ ၁၃ ရက် မနေ့ညကစပြီး တိုင်းအစိုးရက ညမထွက်ရအမိန့် ထုတ်လိုက်ပါတယ်။
2020-04-13
ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့ ပင်စင်စားတစ်ဦးနဲ့ တနေ့တည်း ပင်စင်သွားထုတ်ခဲ့တဲ့သူ အယောက် ၇၀ လောက်ကို သူတို့ရဲ့နေအိမ်တွေမှာ စောင့်ကြည့်ထားပါတယ်။
2020-04-13
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာထဲကို လက်နက်ကြီးနဲ့ ကျရောက်ထိမှန်ခဲ့လို့ အရပ်သား ရှစ်ဦးသေဆုံးသွားပြီး ၁၃ ဒဏ်ရာရရှိသွားတယ်လို့ ကျေးရွာသားတွေနဲ့ လူမှုရေးကူညီပေးနေသူတွေက ပြောပါတယ်။
2020-04-13
ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်ရှိ ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ တပ်မတော်စစ်ကြောင်းတွေက အလှူရှင်တွေကို တားဆီးနေတာကြောင့် စားနပ်ရိက္ခာ အခက်အခဲတွေ ဖြစ်နေတယ်လို့ ဒုက္ခသည်စခန်း ကယ်ဆယ်ရေးလုပ်နေသူတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
2020-04-13
ကချင်ပြည်နယ် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းကနေ တရုတ်နိုင်ငံထဲ ဝင်မယ့် မြန်မာနိုင်ငံသား ကုန်တင်ယာဉ်မောင်းတွေကို ဒီမနက်ကစပြီး တရုတ်ဘက်က ဝင်ခွင့်မပေးတော့ပါဘူး။
2020-04-13
မန္တလေး၊ ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးမှာ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ တည်ဆောက်တာကို ရွာသားတွေ ကန့်ကွက်ခဲ့လို့ ရွာထဲဝင်ရောက် ဖမ်းဆီးရာမှာ ရတနာပုံ တက္ကသိုလ်၊ ရုက္ခဗေဒ ဂုဏ်ထူးတန်း ဒုတိယနှစ်ကျောင်းသူ မသင်းသင်းဆွေလည်း ဖမ်းဆီးခံခဲ့ရပါတယ်။
2020-04-12
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ဧပြီလကုန်မှသာ ပြန်လည်ဝင်ရောက်ကြဖို့ အစိုးရက တိုက်တွန်းထားပေမယ့် အများအပြားက အလုပ်ပြုတ်တာကြောင့် နေထိုင်စားသောက်စရိတ် အခက်အခဲနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
2020-04-12
မြန်မာနိုင်ငံမှာ ဧပြီလ ၁၁ ရက် မနေ့က တစ်ရက်တည်းမှာတင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိလူနာ ၁၀ ဦးအထိ ရှိပြီး အဲဒီအထဲက ငါးဦးဟာ အင်းစိန်မြို့နယ်အတွင်းက ဖြစ်ပါတယ်။
2020-04-11
မွန်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိသူ တစ်ဦးရှိသလို စောင့်ကြည့်ကာလမှာ သေဆုံးသူ ဆယ်ဦးထိ ရှိခဲ့ပါတယ်။
2020-04-11
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၈ ဦးကို တွေ့ရှိထားပြီး ရန်ကုန်မြို့အတွင်းမှာတင် ရောဂါပိုး ကူးစက်ခံထားရသူ ၁၈ ဦး ရှိလာလို့ ဗိုင်းရပ်စ် ပျံ့နှံ့မှုတွေ များလာမှာကို ရန်ကုန်မြို့နေ ပြည်သူတွေ စိုးရိမ်နေကြပါတယ်။
2020-04-10
အစားအသောက်နဲ့ ဆေးဝါးဝယ်ယူတာကလွဲပြီး အသွားအလာကန့်သတ်လိုက်တဲ့ ဧပြီ ၁၀ ရက်ကနေ ၁၉ ရက်နေ့အတွင်း ပုံမှန်ဝင်ငွေမရှိသူတွေအတွက် အခြေခံစားသောက်ကုန်တချို့ကို အစိုးရက ထောက်ပံ့ပေးနေပါတယ်။
2020-04-10
လူ့အခွင့်အရေးရှုထောင့်ကကြည့်ရင် လုံးဝခွင့်လွှတ်လို့မရတဲ့ အက်စစ်နဲ့ပက်တဲ့ အမှုတွေကို ထိထိရောက်ရောက် အရေးယူတာတွေ လုပ်ပေးဖို့၊ နောင်ပိုင်းမှာ ဒါကိုအတုယူပြီး အက်စစ်နဲ့ပက်တာတွေ ခေတ်စားလာမှာကို လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက စိုးရိမ်နေကြပါတယ်။
2020-04-10
တရုတ်အာဏာပိုင်တွေက ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်ဖို့အတွက် မြန်မာနိုင်ငံဘက်ကနေ တရုတ်နိုင်ငံထဲ ဝင်ရောက်လာမယ့် ကုန်တင်ယာဉ်မောင်းတွေ ကို လက်မခံတော့ဘဲ ယာဉ်မောင်းအစားထိုးစနစ်ကို ပြောင်းလဲ ကျင့်သုံးလိုက်ပါတယ်။