သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-12
Eleven သတင်းဌာနက သတင်းသမား ၃ ဦးကို သတင်းမီဒီယာဥပဒေတွေနဲ့ မဟုတ်ဘဲ အခြားဥပဒေတွေနဲ့ ဖမ်းဆီးတရားစွဲဆိုနေတာကို ပြင်းထန်စွာရှုတ်ချကန့်ကွက်ပါကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကြေညာချက်ထုတ်လိုက်ပါတယ်။
2018-10-12
တရားလွှတ်တော် ရှေ့နေ ဦးကိုနီအမှုကို ဒီနေ့ ရုံးထုတ်စစ်ဆးရာမှာ တရားလိုပြသက်သေ အင်းစိန်အောင်စိုးဟာ ယုံကြည်ထိုက်သူ မဟုတ်ကြောင်း တရားခံဘက်က သက်သေဖြစ်တဲ့ လှိုင်ဝေထွန်း ခေါ် အငယ်လေးက သက်သေထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။
2018-10-12
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒီနေ့ တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်အရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2018-10-12
နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မတွေနဲ့ တရားရင်ဆိုင်နေရတဲ့ ရခိုင်အမျိုးသားပါတီ ANP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ဦးဆောင်ကြိုးပမ်းနေတဲ့ "ရခိုင့်ဦးဆောင်ပါတီ" တည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
2018-10-11
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres အန်တိုနီယို ဂွတ်တားရက်ဇ် က ရခိုင်ပြည်နယ် မှာ ဖြစ်ပွားခဲ့တဲ့ လ့ူအခွင့်အရေး ပဋိပက္ခနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို ကူညီဖြေရှင်းပေးခဲ့ကြတဲ့အတွက် ASEAN အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့ဝင်နိုင်ငံတွေကို ကျေးဇူးတင်ကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။
2018-10-11
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တွေထဲက လူငါးဦးပါဝင်တဲ့ မိသားစုတခု မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့က ပြန်ရောက်လာကြောင်း ဗုဒ္ဓဟူးနေ့ထုတ် အစိုးရပိုင် Global New Light of Myanmar သတင်းစာမှာ ဖေါ်ပြထားပါတယ်။
2018-10-11
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ဟာ အောက်တိုဘာလ ၁ဝ ရက်- မနေ့က နေပြည်တော်ကို ရောက်ရှိခဲ့ပြီး၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ နေပြည်တော်မှာ ဒီကနေ့တွေ့ဆုံခဲ့ပါတယ်။
2018-10-11
နိုင်ငံတော်အတိုင်ပင်ခံ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံမယ့် ထိပ်သီးဆွေးနွေးပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့မှာ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် အားလုံးတက်ရောက်ဖို့ ဒီကနေ့ကျင်းပတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးမှာ သဘောတူခဲ့ကြပြီး ပုပ္ပါးမှာ မဟုတ်ဘဲ နေပြည်တော် မှာ တွေ့ဆုံဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2018-10-11
Weekly Eleven ရဲ့ ရေးသားချက်ကြောင့် တိုင်းအစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကုမ္ပဏီတာဝန်ရှိသူတွေ၊ အစုရှယ်ယာဝင်တွေရဲ့ စိတ်တွေ စိုးရိမ်ထိတ်လန့်တာတွေနဲ့ ကုမ္ပဏီကို အများပြည်သူ အယုံကြည်ပျက်စေတာ အပါအဝင် တိုင်းအစိုးရအဖွဲ့ကို အကြည်ညိုပျက်စေ တာကြောင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။
2018-10-11
ကွန်တိန်နာတင်ကားတွေ ထွက်ခွာဖို့ မူလသတ်မှတ်ထားတဲ့ ည ၉ နာရီကို ပြန်လည်သတ်မှတ်ပြီး မလိုက်နာသူတွေကို ဖမ်းဆီးအရေးယူတာတွေ ပြန်လုပ်နေတဲ့အတွက် ထောင်နဲချီတဲ့ ကုန်တင်ကားတွေ မထွက်ဘဲ လမ်းပိတ်ဆန္ဒပြခဲ့ကြပါတယ်။
2018-10-11
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြိုင်ဆိုင်မှုပြင်းထန်နိုင်တဲ့ မဲဆန္ဒနယ် ခြောက်နေရာမှာ စောင့်ကြည့်လေ့လာသွားမယ်လို့ ကော်မရှင်တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။
2018-10-11
အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်မယ့် ပုပ္ပါး ဆွေးနွေးပွဲဟာ နိုင်ငံတကာဖိအားတွေကို လျော့ချရေးအတွက် အသုံးချနိုင်တယ်လို့ ယူဆကြောင်း နိုင်ငံတကာမှာရှိတဲ့ ကရင်အဖွဲ့အစည်း IKO က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-10-11
ရှမ်းပြည်နယ်မှာ တရားဥပဒေစိုးမိုးရေး ပျက်ယွင်းနေတဲ့အတွက် မလုံခြုံမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတာကို အပြင်းအထန်ရှုတ်ချကြောင်း ရှမ်းတိုင်းရင်းသူအမျိုးသမီးအဖွဲ့ ၄ ဖွဲ့ပူးပေါင်းပြီး သဘောထားထုတ်ပြန်လိုက်ပါတယ်။
2018-10-11
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ် ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က ပြောပါတယ်။
2018-10-11
တရုတ်နိုင်ငံရဲ့ အထူးအုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ မကာအို SAR နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထား သူတွေဟာ မြန်မာနိုင်ငံဝင်ရောက်ဖို့ ဗီဇာကင်းလွတ်ခွင့်ရရှိထားတယ်လို့ မကာအို SAR မှတ်ပုံတင် ဌာနက မနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြလိုက်ပါတယ်။