သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-04-22
ဦးစိုင်းကျော်သူဟာ ပစ်ခတ်ခံရပြီးနောက် နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ဘယ်နေရာမှာ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်ဆိုတာကိုတော့ For the Yangon အဖွဲ့က လုံခြုံရေးအရ ပြောဆိုခြင်းမရှိပါဘူး။
2023-04-22
စစ်ကောင်စီတပ်ဟာ ဒီနေ့မနက်အစော တစ်နာရီဝန်းကျင်မှာ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ သုံးကြိမ်ပစ်ခဲ့သလို မနက် ၉ နာရီခွဲခန့်မှာလည်း မြေပြင်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
2023-04-22
ကလေးမြို့နယ် ထိုမာရွာမှာ ဧပြီလ ၂၁ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံနှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-04-22
ပဇီကြီးရွာလေကြောင်း တိုက်ခိုက်ခံရမှ အပါအဝင် ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို ကန့်ကွက်ရှုတ်ချတယ်လို့ စစ်ကောင်စီနဲ့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။
2023-04-22
တရားမဝင် လက်နက်ကုန်သွယ်မှုအပါအဝင် လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှုပပျောက်ဖို့ စစ်ကောင်စီ ဥက္ကဋ္ဌနဲ့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai တို့ ဧပြီလ ၂၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
2023-04-22
နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ ဧပြီလ ၂၁ ရက်နေ့က လေဆင်နှာမောင်းတိုက်ခတ်ခဲ့တာကြောင့် အောင်မြင်ကုန်းနဲ့ တံတားဦးရွာက နေအိမ် ၂၃၂ လုံး ပျက်စီးခဲ့ပြီး လူရှစ်ဦး သေဆုံးခဲ့ပါတယ်။
2023-04-22
ကနီမြို့နယ်မှာ မိုးရွာသွန်းပြီး လေပြင်းပါ တိုက်ခတ်ခဲ့တာကြောင့် ရွာပေါင်းရှစ်ရွာက နေအိမ် ၁၅၀ ဝန်းကျင် ပျက်စီးခဲ့ပါတယ်။
2023-04-21
ကရင်ပြည်နယ် မြဝတီမြို့နယ်၊ မဲကနယ်ရွာအနီးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ၃၀၀၀ ဝန်းကျင်ရှိလာနေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။
2023-04-21
သတင်းစာဆရာ ဦးကျော်မင်းဆွေနဲ့ သရုပ်ဆောင် မေပန်းချီ၊ အဆိုတော် ရွှေရည်သိန်းတန်၊ မေလသံစဉ်တို့ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ - က နဲ့ အမှုဖွင့်လိုက်ပါတယ်။
2023-04-21
တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာက စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော် အစားအစာနဲ့ ဆေးဝါး လိုအပ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
2023-04-21
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာရှိတဲ့ ကျောက်တစ်လုံး မွတ်စလင်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို ဧပြီလ ၂၃ ရက်နေ့ကနေ မေလ ၁၄ ရက်နေ့အတွင်း မဖြစ်မနေပြောင်းပေးဖို့ စစ်ကောင်စီက ဖိအားပေးနေတယ်လို့ ဒုက္ခသည်တွေက RFA ကို ပြောပါတယ်။
2023-04-21
ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၁၀၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။
2023-04-21
ဂျာမနီနိုင်ငံဟာ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေ (MHF) အတွက် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ယူရို ၁၂ သန်းအထိ အများဆုံးထည့်ဝင်ပေးခဲ့ပြီး အခုနှစ်မှာလည်း မြန်မာပြည်သူတွေအတွက် ထောက်ပံ့မှုတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက ဧပြီလ ၂၁ ရက်နေ့ ထုတ်ပြန်ပါတယ်။
2023-04-21
ထီးလင်းမြို့နယ်၊ လောင်းဘိုလေးရွာရှိ (NUG) ပြည်သူ့အုပ်ချုပ်ရေးရုံးနဲ့ အဆောက်အအုံကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
2023-04-21
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ဘုံ (မဒဲန်ယန်) ရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက ဝင်ရောက်စီးနင်းပြီး ဒေသခံ ၇၀ နီးပါးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။