သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-09-21
ကယားပြည်နယ်က ကျေးရွာပေါင်း ၄၇ ရွာကို ၂၀၁၃/၂၀၁၄ ဘဏ္ဍာရေးနှစ် အတွင်း လျှပ်စစ်မီးရအောင်ဆောင်ရွက်ပေး ဖို့ ကယားပြည်နယ် လျှပ်စစ်ဝန်ကြီးဌာနက ခွင့်ပြုထား ပြီဖြစ်ကြောင်း ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး က ပြောပါတယ်။
2013-09-21
ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ် တောင်ဘွေကျေးရွာမှာ ပြီးခဲ့ တဲ့နှစ် အောက်တိုဘာလအတွင်းက ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်တွေ အကြားဖြစ်ပွားခဲ့တဲ့ ပဋိက္ခတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ တောင်ဘွေရွာခံ ဦးမောင်လှတင်နဲ့ ဦးကျော်လှထွန်းတို့နှစ်ဦးကို စစ်တွေခရိုင်တရားရုံးက မနေ့ကညနေပိုင်းမှာ အပြီးသတ်ပြန်လွှတ်ပေးလိုက်ပါတယ်။
2013-09-21
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ စစ်မက်ဖြစ်ပွားနေတဲ့နေရာက ပြည်သူတွေရဲ့ ဆန္ဒတွေလည်း ပါဝင်ဖို့လိုအပ်တယ်လို့ ၈၈ မျိုးဆက် ပွင့်လင်းလူမှုအဖွဲ့အစည်းက ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီနေ့ပြော ကြားလိုက်ပါတယ်။
2013-09-21
မျိုးဆက်သစ်လူငယ်တွေ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ပါဝင် လာတာကို တွေ့ရတဲ့အတွက် တိုင်းပြည်တည်ဆောက်ရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက် အားတက်မိကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားမှာ ပြောကြားပါတယ်။
2013-09-21
ဒီနေ့အချိန်ဟာ နှစ်ပေါင်များစွာ ဖြစ်ပွား ခဲ့တဲ့ ပြည်တွင်းစစ်ကိုရပ်စဲပြီး လက်နက် ကိုင်လမ်းစဉ်ကို ဒီမိုကရေစီလမ်းစဉ်နဲ့ ပြောင်းလဲဖို့ အချိန်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2013-09-21
မြန်မာ့လူ့အဖွဲ့အစည်းမှာ ပဋိပက္ခတွေဖြစ်တာကို မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတာ လို့မကြည့်ပဲ၊ အကြောက်တရား လွှမ်းမိုးခံခဲ့ရ တာတွေကြောင့် ဖြစ်ရတာလို့ရှုမြင်ပြီး၊ နိုင်ငံတကာ အသိုင်းအဝိုင်းက စာနာနားလည်မှုနဲ့ကူညီ ဖို့ ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ပြောလိုက်ပါတယ်။
2013-09-20
စင်ကာပူနိုင်ငံကို ငါးရက်ကြာခရီး ရောက် ရှိနေတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူ ထိပ်သီးဆွေးနွေးပွဲ ညစာစားပွဲကို စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့အတူ မနေ့ညက တက်ရောက်ပါတယ်။
2013-09-20
လွှတ်တော်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီးက အကြံပြုချက်ပေးပို့နိုင် ဖို့ ဆွေးနွေးပွဲတစ်ခုကို လာမယ့် စက်တင်ဘာလ ၂၅ ရက်နေ့မှာ တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော်မှာ ကျင်းပမယ်လို့ သိရပါတယ်။
2013-09-20
ကယားပြည်နယ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ သဘောတူညီချက် ရထားပြီးဖြစ်တဲ့ အတွက် ပြည်ထောင်စု အစိုးရရဲ့ ၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးအစီအစဉ်ကို ထိုင်းမြန်မာ နယ်စပ် စစ်ဘေးဒုက္ခသည်စခန်းတွေ အပါအဝင် ပြည်နယ် တစ်ခုလုံး အတိုင်းအတာနဲ့ ကောက်ယူသွားမယ် လို့ ပြည်သူ့အင်အားဦးစီးဌာန တာဝန်ရှိသူတွေက ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
2013-09-20
မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ နိုင်ငံရေးမှာ အမျိုးသမီးထုအနေနဲ့ ထဲထဲဝင်ဝင် ပါဝင်လာနိုင်ရေးအတွက် အမျိုးသမီးညီလာခံတစ်ခုကို ရန်ကုန်မြို့ ရွှေဂုံတိုင်က Excel တာဝါမှာ ဒီနေ့ကစပြီး စက်တင်ဘာ၂၂ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပနေပါတယ်။
2013-09-20
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဝဲကြီးရွာမှာ ဒေသခံရွာသားတွေနဲ့ ရဲတပ်ဖွဲ့တွေအခင်းဖြစ်ပြီး ရွာသားတချို့ တိမ်းရှောင်နေ ရသလို၊ ရဲတပ်ဖွဲ့ဝင်တချို့ဒဏ်ရာရပြီး ဆေးရုံတင်ထား ရတယ်လို့သိရပါတယ်။
2013-09-20
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ ပါဝင်ကြဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို တိုက်တွန်းကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီနေ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံအပြီး မှာ ပြောကြားပါတယ်။
2013-09-20
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ၄ ရက်ကြာခရီးစဉ်အဖြစ် စင်ကာပူနိုင်ငံ ကို ဒီနေ့ နေ့လည်ပိုင်းက ရောက်ရှိသွားပြီဖြစ်ပါ တယ်။
2013-09-20
ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူနိုင်ငံကို ဒီနေ့ရောက်ရှိမှာဖြစ်ပြီး သမ္မတ Tony Tan Keng၊ ဝန်ကြီးချုပ် Lee Hsien Loon နဲ့ ဝန်ကြီးချုပ်ဟောင်း ဂိုချုပ်တောင်တို့နဲ့ တွေ့ဆုံဖို့ရှိပါတယ်။
2013-09-20
အမေရိကန်ပြည်ထောင်စုအနေ နဲ့ မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးတွေပြန်ပေးဖို့ စဉ်းစားသုံးသပ်နေတဲ့ အပေါ် အထူးစိုးရိမ်ကြောင်း ရေးသားထားတဲ့စာတစ်စောင် ကို အဖွဲ့အစည်း ၂၆ ဖွဲ့က သမ္မတ အိုဘားမားဆီကို မနေ့က ပေးပို့ခဲ့ကြပါတယ်။